ကုိဗစ္ကာလ ျကာရွည္လာတဲ့အတြက္ ဆြမ္းနပ္မွန္ေရးကုိ  ရတတ္မေအးနိုင္ေတာ့တဲ့ ဆရာေလးမ်ား

ကုိဗစ္ကာလ ျကာရွည္လာတဲ့အတြက္ ဆြမ္းနပ္မွန္ေရးကုိ  ရတတ္မေအးနိုင္ေတာ့တဲ့ ဆရာေလးမ်ား

ျသဂုတ္လ ၁၆ ရက္ေန႔ကေနျပီးေတာ့ စတင္ခဲ့တဲ့ တစ္ေက်ာ့ျပန္ COVID-19 ဂယက္ေၾကာင့္ဘဲ အမ်ားနည္းတူ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရသူေတြထဲမွာ သာသနာ့ေဘာင္အတြင္းက သီလရွင္ေတြလည္း ပါဝင္ေနခဲ့တာဘဲ ျဖစ္ပါတယ္။

ေန႔စဥ္ ဆက္တုိက္ ေထာင္ဂဏန္းနဲ႔အထက္ ေတြ႕ရွိေနဆဲအတည္ျပဳလူနာေတြနဲ့  Stay At Home အစီအစဥ္ေတြေၾကာင့္ဘဲ ယခင္ကလို လူေတြဆီ ဆြမ္းဆန္အလွူခံမထြက္နိုင္ေတာ့တဲ့ ဆရာေလးေတြဟာ ေန႔စဥ္ ဆြမ္းကိစၥအတြက္ လုံေလာက္မွုမရွိျဖစ္ျပီးေတာ့ အလွူရွင္ေတြ မရွိတာေၾကာင့္ဘဲ

စားေရးအတြက္ ပူပန္ေနရၿပီလို့ ပုလဲၿမိဳ့သစ္မွာရွိတဲ့ ခ်မ္းေျမ့ရတနာသီလရွင္စာသင္တိုက္က ေက်ာင္းထိုင္ဆရာေလးေဒၚဒေမၼသီက ေျပာခဲ့ပါတယ္။ ၁၀ႏွစ္ေအာက္ကေနျပီးေတာ့ ၉၀ ေက်ာ္အထိ သီလရွင္အပါး ၄၀ ရွိတဲ့ ဒီေက်ာင္းဟာ

ကိုဗစ္ပထမလွိုင္းမွာ ဆရာေလးေတြကို ဇာတိၿမိဳ့ေတြဆီ ျပန္လႊတ္ခဲ့ေပမယ့္လည္း ထင္မွတ္မထားတဲ့ ဒုတိယလွိုင္းက ကာလရွည္လာသလိုျဖစ္ျပီး လူေနရပ္ကြက္ေတြဆီ အလွူခံထြက္လို့လည္း မရေတာ့တာေၾကာင့္ဘဲ အခုအခ်ိန္မွာ သူတို့ေတြဟာ

ေန႔စဥ္ ဆြမ္းကိစၥအတြက္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနတာ ျဖစ္ပါတယ္ေနာ္။အဲဒီ ေက်ာင္းဟာ ရွမ္းျပည္နယ္ကလာတဲ့ အသက္ ၁၀ ႏွစ္ကေန  ၂၀ ၾကားအရြယ္ရွိတဲ့ စစ္ေဘးေရွာင္သီလရွင္ငယ္ေလးေတြကိုလည္း လက္ခံ စာသင္ေပးေနတဲ့ေက်ာင္း ျဖစ္ပါတယ္ေနာ္။

လူဦးေရမ်ားျပားတဲ့ သီလရွင္ေက်ာင္းေတြဟာ တစ္ေယာက္ကူးစက္မွုစရင္ အားလုံးကို ပ်ံ႕ႏွံ့သြားမွာ စိုးရိမ္ရတဲ့အတြက္ ေက်ာင္းအျပင္ အလွူခံမထြက္နိုင္ေပမယ့္ တစ္ဖက္က စားေသာက္စရိတ္၊ ေဆးဖိုး၊ မီတာခစတဲ့ ကုန္က်မွုေတြက ယခင္ကလိုပဲ ရွိေနတယ္လို့ ဒဂုံဆိပ္ကမ္းၿမိဳ့နယ္၊ သဟပုညကာရီကမၼ႒ာန္းေက်ာင္းက

ဆရာေလး ဆႏၵာေထဝီက ေျပာခဲ့တာပါ။ ဒီေက်ာင္းမွာ သီလရွင္ ၆၂ ပါး ရွိေနတာပါ။ အသက္အငယ္ဆုံးက ၅၀ ဝန္းက်င္ကစၿပီး အသက္ ၇၀ ေက်ာ္ ဆရာေလး အပါး ၂၀ ၊ ၈၀ ေက်ာ္ ဆရာေလး ၅ ပါး သီတင္းသုံးေနတယ္လို့ ဆိုပါတယ္။

သူတို့ဟာ ကိုယ္ထူကိုယ္ထ ေဆာက္ထားတဲ့ ေက်ာင္းေဆာင္ ၄၈ ခုမွာ သီးျခားစီေနထိုင္ၾကေပမယ့္လည္း သက္ႀကီးသီလရွင္ေတြက်န္းမာေရးအတြက္ အျပင္လူေတြနဲ႔ ထိေတြ႕မွုမရွိေအာင္ ဝင္ေပါက္ေတြကို ဦးေဆာင္ဆရာေလးေတြကဘဲ ေသာ့ခတ္ထားတာပါ။

ကိုဗစ္တိုက္ပြဲ ရွည္ၾကာလာတာနဲ႔အမၽွ ယခင္ကလို သာသနာ့အလုပ္ေတြကို အပူအပင္ကင္းကင္းနဲ႔ မလုပ္နိုင္ေတာ့တဲ့ သာသနာ့ဝန္ထမ္းေတြအတြက္ အလွူရွင္ေတြရွိေနေပမယ့္လည္း

လွူဒါန္းမွုအမ်ားစုက ဘုန္းေတာ္ႀကီးေက်ာင္းေတြ ျဖစ္ေနၿပီးေတာ့ သီလရွင္ေက်ာင္းအမ်ားစုကေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို့ ဆရာေလးေတြက ေျပာခဲ့ပါတယ္။ယခု လက္ရွိအခ်ိန္မွာ ဆရာေလးေတြဟာ  ရွိႏွင့္ၿပီးသားအလွူခံပစၥည္းေတြကို

ခ်င့္ခ်ိန္သုံးစြဲရင္းနဲ့ အလွူရွင္ေမၽွာ္ေနရဆဲလို့ သဟပုညကာရီကမၼ႒ာန္းေက်ာင္းက ဆရာေလးေတြက ထပ္ျပီးေတာ့ ေျပာျကားခဲ့တာဘဲ ျဖစ္ပါတယ္။source:ဧရာဝတီ

Unicode…ကိုဗစ်ကာလ ကြာရှည်လာတဲ့အတွက် ဆွမ်းနပ်မှန်ရေးကို  ရတတ်မအေးနိုင်တော့တဲ့ ဆရာလေးများ

သြဂုတ်လ ၁၆ ရက်နေ့ကနေပြီးတော့ စတင်ခဲ့တဲ့ တစ်ကျော့ပြန် COVID-19 ဂယက်ကြောင့်ဘဲ အများနည်းတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေထဲမှာ သာသနာ့ဘောင်အတွင်းက သီလရှင်တွေလည်း ပါဝင်နေခဲ့တာဘဲ ဖြစ်ပါတယ်။

နေ့စဉ် ဆက်တိုက် ထောင်ဂဏန်းနဲ့အထက် တွေ့ရှိနေဆဲအတည်ပြုလူနာတွေနဲ့  Stay At Home အစီအစဉ်တွေကြောင့်ဘဲ ယခင်ကလို လူတွေဆီ ဆွမ်းဆန်အလှူခံမထွက်နိုင်တော့တဲ့ ဆရာလေးတွေဟာ နေ့စဉ် ဆွမ်းကိစ္စအတွက် လုံလောက်မှုမရှိဖြစ်ပြီးတော့ အလှူရှင်တွေ မရှိတာကြောင့်ဘဲ

စားရေးအတွက် ပူပန်နေရပြီလို့ ပုလဲမြို့သစ်မှာရှိတဲ့ ချမ်းမြေ့ရတနာသီလရှင်စာသင်တိုက်က ကျောင်းထိုင်ဆရာလေးဒေါ်ဒမ္မေသီက ပြောခဲ့ပါတယ်။ ၁၀နှစ်အောက်ကနေပြီးတော့ ၉၀ ကျော်အထိ သီလရှင်အပါး ၄၀ ရှိတဲ့ ဒီကျောင်းဟာ

ကိုဗစ်ပထမလှိုင်းမှာ ဆရာလေးတွေကို ဇာတိမြို့တွေဆီ ပြန်လွှတ်ခဲ့ပေမယ့်လည်း ထင်မှတ်မထားတဲ့ ဒုတိယလှိုင်းက ကာလရှည်လာသလိုဖြစ်ပြီး လူနေရပ်ကွက်တွေဆီ အလှူခံထွက်လို့လည်း မရတော့တာကြောင့်ဘဲ အခုအချိန်မှာ သူတို့တွေဟာ

နေ့စဉ် ဆွမ်းကိစ္စအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်နော်။အဲဒီ ကျောင်းဟာ ရှမ်းပြည်နယ်ကလာတဲ့ အသက် ၁၀ နှစ်ကနေ  ၂၀ ကြားအရွယ်ရှိတဲ့ စစ်ဘေးရှောင်သီလရှင်ငယ်လေးတွေကိုလည်း လက်ခံ စာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်နော်။

လူဦးရေများပြားတဲ့ သီလရှင်ကျောင်းတွေဟာ တစ်ယောက်ကူးစက်မှုစရင် အားလုံးကို ပျံ့နှံ့သွားမှာ စိုးရိမ်ရတဲ့အတွက် ကျောင်းအပြင် အလှူခံမထွက်နိုင်ပေမယ့် တစ်ဖက်က စားသောက်စရိတ်၊ ဆေးဖိုး၊ မီတာခစတဲ့ ကုန်ကျမှုတွေက ယခင်ကလိုပဲ ရှိနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သဟပုညကာရီကမ္မဋ္ဌာန်းကျောင်းက

ဆရာလေး ဆန္ဒာထေဝီက ပြောခဲ့တာပါ။ ဒီကျောင်းမှာ သီလရှင် ၆၂ ပါး ရှိနေတာပါ။ အသက်အငယ်ဆုံးက ၅၀ ဝန်းကျင်ကစပြီး အသက် ၇၀ ကျော် ဆရာလေး အပါး ၂၀ ၊ ၈၀ ကျော် ဆရာလေး ၅ ပါး သီတင်းသုံးနေတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ ကျောင်းဆောင် ၄၈ ခုမှာ သီးခြားစီနေထိုင်ကြပေမယ့်လည်း သက်ကြီးသီလရှင်တွေကျန်းမာရေးအတွက် အပြင်လူတွေနဲ့ ထိတွေ့မှုမရှိအောင် ဝင်ပေါက်တွေကို ဦးဆောင်ဆရာလေးတွေကဘဲ သော့ခတ်ထားတာပါ။

ကိုဗစ်တိုက်ပွဲ ရှည်ကြာလာတာနဲ့အမျှ ယခင်ကလို သာသနာ့အလုပ်တွေကို အပူအပင်ကင်းကင်းနဲ့ မလုပ်နိုင်တော့တဲ့ သာသနာ့ဝန်ထမ်းတွေအတွက် အလှူရှင်တွေရှိနေပေမယ့်လည်း

လှူဒါန်းမှုအများစုက ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်နေပြီးတော့ သီလရှင်ကျောင်းအများစုကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာလေးတွေက ပြောခဲ့ပါတယ်။ယခု လက်ရှိအချိန်မှာ ဆရာလေးတွေဟာ  ရှိနှင့်ပြီးသားအလှူခံပစ္စည်းတွေကို

ချင့်ချိန်သုံးစွဲရင်းနဲ့ အလှူရှင်မျှော်နေရဆဲလို့ သဟပုညကာရီကမ္မဋ္ဌာန်းကျောင်းက ဆရာလေးတွေက ထပ်ပြီးတော့ ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။source:ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *