Unicode…ဖီလစ်ပိုင်မှာထက် မြန်မာပြည်မှာ အလှူအတန်းတွေ လုပ်ရတဲ့ အကြောင်းကို ပြောရင်းနဲ့ မြန်မာက ကျွန်တော့် နှလုံးသားပါဆိုတဲ့ စီနွန်
ဖီလစ်ပိုင် မော်ဒယ် စီနွန်ပြောပြတဲ့ မြန်မာ က ကျတော့် နှလုံးသားဖီလစ်ပိုင် မော်ဒယ် စီနွန်လို့ ဆိုလိုက်ရင် မသိတဲ့သူ မရှိလောက်ပါဘူးနော်။စီနွန်ဟာ လိုအပ်တဲ့နေရာတွေမှာ အလှူတန်းတွေ ပြုလုပ်နေတာဘဲ ဖြစ်ပါတယ်နော်။
ဖီလစ်ပိုင် မော်ဒယ် စီနွန်ကတော့ မြန်မာ လူမျိုးတွေရဲ့ စိတ်နေ စိတ်ထားတွေကို ခုလိုဘဲ ပြောပြလာတာပါ။သူက မြန်မာကလူတွေအများစုကမေးတယ်။
ကျတော်ကဘာလို့ ကျတော်နိုင်ငံ ထက်ဖိလစ်ပိုင်ထက်ပိုပီးဘာလို့မြန်မာမှာ ဒီလိုတွေလာလုပ်ပေးနေတာလည်းမေးကြတယ်။ဘာလို့မြန်မာမဖြစ်ရမှာတုန်း။
ကျတော်နိုင်ငံမှာကျတော်ဒီလိုတွေဒီနည်း၎င်း ကျတော်လုပ်ပေးခဲ့တယ်။အများစုက ကျတော့်ကို  အပြစ်တင်တယ်။ အပြစ်ပြောတယ်။ကျတော်လုပ်သမျှအရာအားလုံးကိုပေါ့။ကျဝောာ့်ရဲ့မဟုတ်တဲ့မကောင်းတဲ့သတင်းတွေကိုOnlineတွေပေါ်မဇာ ဖြန့်တယ်။
ကျတော့်ဂုဏ်သက္ခာကျအောင်လုပ်ကြတယ် ။ကျတော့်ကိုမလေးစားကြဘူး။ ပီးတော့ပြောကြသေးပါတယ် ကျတော်က ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာမှမဟုတ်ဘူးတဲ့ ။
ကျတော့်အပေါ်ကိုအမြဲမကောင်းမြင်တယ်။မြန်မာမှာကျတော့ ကျတော့်ရဲ့နှလုံးသားကျတော့်ရဲ့အိမ်အစစ်က်ုကျတော်ရှာတွေ့တယ်။ မြန်မာလူမျိုးတွေက မေတ္တာစိတ်အပြည့်နဲ့ အချင်းချင်းလေးစားမှုအပြည့်အဝရှိတယ်။
မိမိလုပ်ထားတဲ့ကောင်းမှုကုသိုလ်တစ်ခု ကိုမျှဝေလိုက်တယ်ဆိုရင် သူတို့ ပါလိုက်ပီးဝမ်းမြှောက်ဝမ်းသာသာဓုခေါ်ကြတယ်။ မြန်မာ လူမျိုးတွေက အမုန်းစကားတွေအစား ငြိမ်းချမ်းတဲ့စကား အချစ်ပွားစေတဲ့စကားတွေဘဲပြောကြတယ်။
အချင်းချင်းရိုင်းပင်းကူညီကြတယ်။လူသားအချင်းချင်းစာနာကြတယ်။အဲ့တာကြောင့်ဘဲ မြန်မာကိုပိုပီး ချစ်တာဖြစ်တယ် ။ကျတော့်ရဲ့အိမ်လို့ဘဲသဘောထားတယ်။
ပီးတော့ကျတော့်ဘဝတစ်လျောက်လုံးမြန်မာကိုချစ်သွားမယ်။ကျတော့်နှလုံးသားအတွက်တော့ မြန်မာက ထာဝရအိမ်ဘဲ ဆိုပြီးတော့ ပြောခဲ့တာဘဲ ဖြစ်ပါတယ်နော်။source;Sinon Loresca
Add a Comment
Your email address will not be published. Required fields are marked *