Project Kအဖြဲ႕ႏွင့္ ေရႊက်င္သာသနာပိုင္ မဟာဝိသုဒၶါ႐ုံဆရာေတာ္ႀကီးရဲ့ စကားတစ္ခြန္း

Project K အဖြဲ႕ႏွင့္ ေရႊက်င္သာသနာပိုင္ မဟာဝိသုဒၶါ႐ုံဆရာေတာ္ႀကီးရဲ့ စကားတစ္ခြန္း

မနက္တုန္းက ကိုရီးယားနိုင္ငံမွ ပြဲစီစဥ္သူမ်ားက ဟိုကေလးေတြ က,တဲ့ ဗီဒီယိုင္ဖိုင္ကို ျပန္ျပင္ေပးထားတဲ့ ဗီဒီယိုဖိုင္တက္လာတာနဲ႔ ဖြင့္ၾကည့္မိလိုက္ပါတယ္။ကိုရီးယားေတြရဲ့ နည္းပညာမ်ား အံ့မခန္းပါပဲေနာ္။

ျပင္ထားတယ္လို့ သံသယျဖစ္ေလာက္တဲ့ေနရာ တစ္ေနရာမွ မေတြ႕ရဘူး။ ဟိုကေလးေတြ ကထားၾကတာလဲ အေတာ္ေတာ္ၾကပါတယ္။ အေတာ္ေလး ႀကိဳးစားထားၾကတာ ေတြ႕ရတယ္။ အဲဒီဗီဒီယိုဖိုင္ကို ၾကည့္ၿပီးေတာ့

ေရႊက်င္သာသနာပိုင္ မဟာဝိသုဒၶါ႐ုံဆရာေတာ္ႀကီးရဲ့ စကားတစ္ခြန္းသြားသတိရမိပါတယ္။တြံေတးဆရာေတာ္ဦးနာဂဆိုတာ ရဟန္းဝါအေတာ္ရၿပီးေတာ့ စာေတြထိပ္တန္းေရာက္ေအာင္ တတ္ၿပီးမွ ဝိသုဒၶါ႐ုံတိုက္ထဲ လာေနျကတာပါ။သူေန ေနတဲ့ေက်ာင္းကေန ဝိသုဒၶါ႐ုံတိုက္ကိုေျပာင္းေတာ့

မိတ္ေဆြေတြက ဦးနာဂ ဘယ္သြားမလို့လဲ လို့ ေမးၾကေတာ့ ဝိသုဒၶါ႐ုံဆရာေတာ္ကို စာသြားသင္ေပးမလို့ လို့ ေျဖပါတယ္။ ေနာက္ပိုင္းေတာ့ ဝိသုဒၶါ႐ုံဆရာေတာ္က သူ႔ထက္ အဆမတန္ သီလ သမာဓိ ပညာႀကီးျမင့္တာသိသြားလို့ တစ္သက္လုံး တပည့္ခံၿပီးေတာ့ ေနသြားတယ္။

ဦးနာဂက ဝိသုဒၶါ႐ုံေရာက္ခါစက စုေပါင္းဘုရားဝတ္တက္လဲ မလိုက္ဘူး။ သကၤန္းထဲ အုတ္ခဲေတြထည့္ၿပီး ေက်ာင္းထဲက ေခြးေတြကို လိုက္ပစ္တယ္။ အျခားဘုန္းႀကီးေတြက ဦးနာဂက စရိုက္ၾကမ္းၿပီး သဒၶါတရားနည္းလို့ တိုက္ထဲမွာ ဆက္ထားဖို့ မေတာ္ပါဘူးဘုရား လို့ ဝိသုဒၶါ႐ုံဆရာေတာ္ႀကီးကို ဝိုင္းေလၽွာက္ခဲ့ျကတာပါ။

ငါးေကာင္လုံးေၾကာ္ႀကီးထဲမွာ အရိုးေတြပါလို့ဆိုၿပီး ဘယ္သူက လႊင့္ပစ္သလဲ လို့ ဆရာေတာ္ႀကီးက ျပန္မိန႔္ခဲ့တာပါ။ ဆိုလိုတာက အရိုးဖယ္ၿပီးေတာ့ အသားပဲစားၾကတယ္။ တစ္ေကာင္လုံးေတာ့ လႊင့္မပစ္ၾကပါဘူး။

ေတာ္တဲ့လူငယ္ေလးေတြက မသိသည့္အားေလ်ာ္စြာ မိုက္သည့္အားေလ်ာ္စြာ အျပစ္ျပဳမိခဲ့ရင္ နလန္မထူ အညြန႔္တုံးသြားေအာင္ ႏွိပ္ကြပ္ၾကရမွာ မဟုတ္ပါဘူး။ မသိတာကို သိလာေအာင္၊ မိုက္ေနတာကို လင္းသြားေအာင္ ဝိုင္းဝန္းျပဳျပင္ေပးၾကရမွာပါေနာ္။ဒီေခတ္ကေလးေတြက သူတို့ သေဘာေပါက္နားလည္ေအာင္ ရွင္းျပေပးနိုင္ရင္ မိုက္လုံးမႀကီးၾကပါဘူး။credit;မိုးသု(မႏၲေလး)

Unicode…Project K အဖွဲ့နှင့် ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးရဲ့ စကားတစ်ခွန်း

မနက်တုန်းက ကိုရီးယားနိုင်ငံမှ ပွဲစီစဉ်သူများက ဟိုကလေးတွေ က,တဲ့ ဗီဒီယိုင်ဖိုင်ကို ပြန်ပြင်ပေးထားတဲ့ ဗီဒီယိုဖိုင်တက်လာတာနဲ့ ဖွင့်ကြည့်မိလိုက်ပါတယ်။ကိုရီးယားတွေရဲ့ နည်းပညာများ အံ့မခန်းပါပဲနော်။

ပြင်ထားတယ်လို့ သံသယဖြစ်လောက်တဲ့နေရာ တစ်နေရာမှ မတွေ့ရဘူး။ ဟိုကလေးတွေ ကထားကြတာလဲ အတော်တော်ကြပါတယ်။ အတော်လေး ကြိုးစားထားကြတာ တွေ့ရတယ်။ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးတော့

ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးရဲ့ စကားတစ်ခွန်းသွားသတိရမိပါတယ်။တွံတေးဆရာတော်ဦးနာဂဆိုတာ ရဟန်းဝါအတော်ရပြီးတော့ စာတွေထိပ်တန်းရောက်အောင် တတ်ပြီးမှ ဝိသုဒ္ဓါရုံတိုက်ထဲ လာနေကြတာပါ။သူနေ နေတဲ့ကျောင်းကနေ ဝိသုဒ္ဓါရုံတိုက်ကိုပြောင်းတော့

မိတ်ဆွေတွေက ဦးနာဂ ဘယ်သွားမလို့လဲ လို့ မေးကြတော့ ဝိသုဒ္ဓါရုံဆရာတော်ကို စာသွားသင်ပေးမလို့ လို့ ဖြေပါတယ်။ နောက်ပိုင်းတော့ ဝိသုဒ္ဓါရုံဆရာတော်က သူ့ထက် အဆမတန် သီလ သမာဓိ ပညာကြီးမြင့်တာသိသွားလို့ တစ်သက်လုံး တပည့်ခံပြီးတော့ နေသွားတယ်။

ဦးနာဂက ဝိသုဒ္ဓါရုံရောက်ခါစက စုပေါင်းဘုရားဝတ်တက်လဲ မလိုက်ဘူး။ သင်္ကန်းထဲ အုတ်ခဲတွေထည့်ပြီး ကျောင်းထဲက ခွေးတွေကို လိုက်ပစ်တယ်။ အခြားဘုန်းကြီးတွေက ဦးနာဂက စရိုက်ကြမ်းပြီး သဒ္ဓါတရားနည်းလို့ တိုက်ထဲမှာ ဆက်ထားဖို့ မတော်ပါဘူးဘုရား လို့ ဝိသုဒ္ဓါရုံဆရာတော်ကြီးကို ဝိုင်းလျှောက်ခဲ့ကြတာပါ။

ငါးကောင်လုံးကြော်ကြီးထဲမှာ အရိုးတွေပါလို့ဆိုပြီး ဘယ်သူက လွှင့်ပစ်သလဲ လို့ ဆရာတော်ကြီးက ပြန်မိန့်ခဲ့တာပါ။ ဆိုလိုတာက အရိုးဖယ်ပြီးတော့ အသားပဲစားကြတယ်။ တစ်ကောင်လုံးတော့ လွှင့်မပစ်ကြပါဘူး။

တော်တဲ့လူငယ်လေးတွေက မသိသည့်အားလျော်စွာ မိုက်သည့်အားလျော်စွာ အပြစ်ပြုမိခဲ့ရင် နလန်မထူ အညွန့်တုံးသွားအောင် နှိပ်ကွပ်ကြရမှာ မဟုတ်ပါဘူး။ မသိတာကို သိလာအောင်၊ မိုက်နေတာကို လင်းသွားအောင် ဝိုင်းဝန်းပြုပြင်ပေးကြရမှာပါနော်။ဒီခေတ်ကလေးတွေက သူတို့ သဘောပေါက်နားလည်အောင် ရှင်းပြပေးနိုင်ရင် မိုက်လုံးမကြီးကြပါဘူး။credit;မိုးသု(မန္တလေး)

Add a Comment

Your email address will not be published. Required fields are marked *