Source: nextshark.
Unicode…နေအိမ်တစ်ခုလုံး မီးလောင်လုနီးပါးဖြစ်သွားခဲ့တာတောင် အပြုံးမပျက်ဘဲ selfie ဆွဲခဲ့ကြတဲ့ ချစ်သူစုံတွဲ
တရုတ်နိုင်ငံ Guangxi ပြည်နယ် Guilinမြို့ ရှိ လူငယ်စုံတွဲတစ်တွဲက သူတို့ရဲ့နေအိမ်မီးလောင် လုနီးပါးဖြစ်ပြီးနောက်မှာ သူတို့ရဲရွှင်လန်းပျော်ရွှင်ဖို့ကောင်းတဲ့ selfie ပုံတွေဟာ Weibo ပေါ်ပျံ့နှံ့နေခဲ့တာပါ။
သူတို့ရဲ့အဝတ်အစားတွေကိုမီးပူတိုက်နေစဉ် ဝါယာကြိုးရှော့ကာ လျှပ်စီးပတ်လမ်းပြတ်တောက်သွားပြီး မီးစလောင်ခဲ့တယ် လို့ Shanghaiistသတင်းရဲ့အဆိုအရ သိရပါတယ်နော်။ကံကောင်းတာက အိမ်နီးချင်းတချို့ရဲ့အကူအညီနဲ
့သူတို့ရဲ့အိမ်ကိုမီးမလောင်ခင် လျင်မြန်စွာမီးငြိမ်းသတ်နိုင်ခဲ့ပြီးတော့ စိတ်အေးလို့ရတဲ့ အခြေအနေရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးက ထိုအဖြစ်အပျက်ကို အမှတ်တရဖြစ်စေဖို့
မီးခိုးတွေကြောင့် မဲသွားတဲ့သူတို့ရဲ့အိမ်အတွင်းပိုင်းတွေကို အပြုသဘောဆောင်တဲ့ဓာတ်ပုံ အဖြစ်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ကြပုံရပါတယ်နော်။သူတို့စုံတွဲက ပျက်စီးသွားတဲ့နံရံနဲ့ဆိုဖာရှေ့မှာ
ကပ်ရပ်ပြီး Totoro hoodies couple look ဝတ်စုံဝတ်ပြီးတော့ မီးခိုးတွေကြောင့် ပေသွားတဲ့သူတို့ရဲ့မျက်နှာတွေကို ဟာသတစ်ခုတဖွယ်ရိုက်ကူးခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ဟာ ဆောင်းတွင်းမီးဘေးကာကွယ်ရေးက
အလွန်အရေးကြီးတယ်ဆိုတာကို ပြသနေကြောင်းနဲ့ ကြုံတွေ့လာသမျှအရာအားလုံးကိုလည်း အပြုံးနဲ့ရင်ဆိုင်တတ်စေရန် သင်ပေးကြောင်း အမည်မဖော်လိုသူကဆိုထားပါတယ်နော်။နှစ်သစ်မှာ နွေးထွေးခြင်းနှင့်စွမ်းအင်များပြည့်စေ
ဆိုပြီး captionနဲ့ သူတို့ရဲ့ပုံတွေဟာWeiboရှိအင်တာနက်သုံးစွဲသူတို့ရဲ့ဘဝကို ဟာသဉာဏ်ရွှင်စေခဲ့ကြတာ ဖြစ်ပါတယ်။သူတိုက အခြားလူတွေကိုလည်း သူတို့လိုအဖြစ်မျိုးထပ်တူမကျရောက်စေရန်နှင့်သတိကြီးစွာနေထိုင်ရန် သတိပေးခဲ့ကြပါသေးတာ ဘဲ ဖြစ်ပါတယ်။Jasmine (Mckzone Daily)
Source: nextshark.
Add a Comment
Your email address will not be published. Required fields are marked *