ယင်းမာပင်မှ ကိုဗစ်လူနာနှစ်ဦးအပြင်ထွက်ပြီး ဈေးဝယ်ခဲ့
Unicode…ယင်းမာပင်မှ  ကိုဗစ်လူနာနှစ်ဦးဟာ အပြင်ထွက်ပြီး ဈေးဝယ်ခဲ့
ယင်းမာမြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုဗစ်လူနာနှစ်ဦးဟာ ယနေ့ညပိုင်း ၆ နာရီခန့်မှာ ဆေးရုံနှင့်မျက်နှာချင်းဆိုင်ရှိ ဈေးဆိုင်သို့ ဈေးဝယ်ထွက်ရာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း
ကနဦး သတင်းရရှိပါတယ်။ထိုလူနာနှစ်ဦးဟာ အုံတုံပင် ရဲတပ်ရင်း (၂၈) မှ ဖြစ်ပြီး တော့ ယခုလ ၁၁ ရက်က ပိုးတွေ့ အဖြေရထားသူများဖြစ်တယ် လို့ သိရပါတယ် ။အဓိကတော့ လုံခြုံရေးအင်အားနည်းတယ်။ဝန်ထမ်းအိမ်ရာက
ဝန်ထမ်းတွေကတွေ့လို့လှမ်းအကြောင်းကြားတယ်။အခုသူတို့ကို ကုတင်နဲ့လက်ထိပ်နဲ့တွဲခတ်ထားတယ်။ရောဂါပျောက်ရင်လည်း သက်ဆိုင်ရာကော်မတီတွေက ဘေးစီမံနဲ့အရေးယူသွားမယ်လို့သိရပါတယ် ဟု ယင်းမာပင်မြို့နယ်ကြက်ခြေနီ
မြို့နယ်တပ်ဖွဲ့မှူးဦးမင်းနိုင်ဇော်ကပြောကြားခဲ့ပါတယ်။သူတို့နှစ်ဦး ဈေးဝယ်ရာတွင် ထိတွေ့ခဲ့သော ဈေးဆိုင်ရှင်မိသားစုနှင့် ဈေးဝယ်လာသူတစ်ဦးကိုလည်း ချက်ချင်းပင် Stay at Homeနေထိုင်စေပြီး တော့ Swabယူစစ်ဆေးသွားမည်ဟု ဆိုပါတယ်။
လူနာနှစ်ဦးသည် ဈေးဝယ်ထွက်စဉ်တလျောက်လုံး Mask များတပ်ဆင်ထားသည်ဟု ကြက်ခြေနီ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ယင်းမာပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် လူနာနှစ်ဦး ထွက်ခွာရာနှင့် ပြန်လာရာ လမ်းတလျှောက် ဆေးဖြန်း ထားကြောင်းသိရှိ ရပါတယ်။source;MonywaGazette
Add a Comment
Your email address will not be published. Required fields are marked *