“လမ်းမှာ တွေ့ရင်တောင် လာမနှုတ်ဆက် ပါနဲ့ လို့ ယုန်လေး ကို ဒဲ့ပြောလာတဲ့ စမိုင်းလ်”

သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ လက်ရှိ မှာ သူ့ရဲ့ ” ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရတာပဲ ဖြစ်ပါတယ်။ ယုန်လေးရဲ့ Music Video တင်ဆက်ပုံက တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ နားလည်မှုလွဲမှားသလို အနုပညာရှင်အချင်းချင်းကပါ စိတ်ပျက်စေခဲ့ရတာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ သူ့ရဲ့ အမှားတွေ အားလုံး ကို ဝန်ချတောင်းပန်ထားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ တစ်နိုင်ငံလုံးကို တောင်းပန်ကြောင်း ပြောထားပြီးပြီပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူ့ကိုဝေဖန်ထောက်ပြတဲ့ အနုပညာရှင်တိုင်းကိုလည်း မျက်နှာ မပြဝံ့အောင် အားနာရကြောင်း ဒီကနေ့ Live ဗီဒီယိုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးကလည်း သူ့ရဲ့ အမှားတွေကို သိရှိပြီးဖြစ်လို့ မကြာခင်မှာ အားလုံးအဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *