Unicode…Live လွှင့်ပြီးဈေးရောင်းလို့ရတဲ့ အနုပညာကြေး (၁၅)သိန်းကို ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့တဲ့ မေလသံစဉ်
ကိုဗစ် နဲ့ပတ်သက်ပြီးတော့ အနုပညာရှင်အသီးအသီးဟာ မိမိတို့တတ်အားသမျှပါဝင်ကူညီပြီးတော့ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီးတော့ လတ်တလောမှာတော့ ပရိသတ်အချစ်တော်
အဆိုတော်မလေး မေလသံစဉ်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင် လှုပ်ရှားလာခဲ့ပါတယ်နော် ။ Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာ
သတင်းတွေတက်လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်လဲလို့ စဉ်းစားပြီးတော့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်နော် ။ယခု လတ်တလောမှာလည်း ရွှေသမီးရွှေဆိုင် Live လွှင့်ဈေးရောင်းလို့ ရတဲ့
အနုပညာကြေး ၁၅ သိန်းကို ကိုဗစ် ကာကွယ် ကုသ တိုက်ဖျက်ရေးအတွက် လှူဒါန်းဖြစ်ခဲ့ကြောင်းကိုသူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတာပါနော်။ တကယ်တမ်းမှာ Live လွှင့်ပြီးဈေးရောင်းရတာက
သူမ အသက်အရွယ်နဲ့ ပင်ပန်းတယ်လို့ ခံစားရပြီးတော့ Live တစ်လျှောက်လုံးလည်း အမှားမရှိအောင် ဂရုစိုက်ရတော့ စိတ်ရော လူပါ မောပါတယ်လို့ သူမ ရဲ့ခံစားချက်လေးကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်နော်။
Liveလွှင့် ဈေးရောင်းတာတော့ မလုပ်ချင်ပေမယ့် အလှူအတွက်ဆိုပြီး အားတင်းလုပ်ခဲ့ရတာ မေလရဲ့we love သံမဏိလေးတွေ နားလည်ပေးစေချင်ပါတယ် လို့လည်း
သူမရဲ့ဖန်တွေကို အသိပေးခဲ့တာပါ။ မေလသံစဉ်ရဲ့ အလှူလေးကို တစ်ဦး တစ်ယောက်မကျန် ကုသိုလ် ထပ်တူ ရကြစေဖိုကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။Source :May Meloday
Add a Comment
Your email address will not be published. Required fields are marked *