Unicode…ကိုဗစ် ပေါစတစ် လူနာတောင် မဟားတရား အားနာခဲ့ရတဲ့ ကိုဗစ်ကုသရေး အင်းယားစင်တာ
ကိုဗစ်ကုသရေး အင်းယားစင်တာကို ရောက်ရှိခဲ့တဲ့ လူနာတစ်ယောက်ဟာ စင်တာရဲ့ ပြည့်စုံအေင် ထားပေးမူကို ခုလိုဘဲပြောလာတာပါ။သူက ကျွန်တော့်ကို positive ဆိုပီးတော့ မနက် ၁၀နါရီခွဲလောက် က လှမ်းပြောတယ်။
ကုသဆောင်ရွှေ့ရမယ်လို့ ပြောတော့ နေ့လည်စာ ဘာညာ လုပ်စရာရှိတာ လုပ်ပီးအဆင်သင့်စောင့်နေလိုက်တယ်။ မလာ မလာ နဲ့ဘဲ ညနေစာပါ စားပီးတော့ ည ရှစ်နာရီလောက်မှာ ကားနဲ့ ကျွန်တော်တို့ Q ကပေါ့စတစ် သမားဒေ အကုန်လုံး
ရွှေ့ပြောင်း ခဲ့လိုက်ကြတယ်။(အ.လ.ကခွဲ ၃၆ မဂ်လာဒုံ က ဗော်လန်တီယာညီအကို များ အားလုံးအထူးကျေးဇူးပါဗျ အစစ အရာရာ အကုန်အဆင်ပြေခဲ့ရပါတယ် ခင်ဗျ)။ဘယ်ခေါ် သွားမှန်းလည်း မသိဘဲနဲ့  လိုက်တော့လိုက်ခဲ့ရတာပဲ။
ဘာမှ ကြိုတင် အကြောင်းကြားထားတာ မရှိပါဘူး။ အဲ့လိုနဲ့ပဲ ရောက်လာ ခဲ့ပါတော့တယ်။Yangon convention centre။အားလားလား ဗျာ။ Positive ဖြစ်ရတာ အားတောင် မဟားတရား နာသွားတယ်ဗျာ။
အဲ့လိုနဲ့ပဲ ခေတ်မှီဖို့အတွက်ကို ရောက်ရောက်ချင်းမှာ QR code ယူကြရပါတယ်။အဲ့ဒါရတော့မှ အခန်း ထဲကို ရောက်ပါတယ်။လေးယောက်တခန်း ဖွဲ့စည်းပေးထားတယ်။ KBZ Bank နဲ့ ရွှေသံလွင် ကုမ္ပဏီ Sky Net က လှူထားပေးတယ် လို့ သိရပါတယ် ခဗျ။
အခန်းထဲ ရောက်ပီးပီးချင်း အိမ်သာ အရင် သွားကြည့်မိတယ်။အားဒေ နာရပြန်ပါပီဗျာ။ကိုယ့်အိမ် မှာတောင် မရနိုင်တဲ့ ဆားဗစ်မျိုး နဲ့ဗျ။ ရေပူရေအေး ဘိုထိုင် အဝတ်လျော်စက်အရာအားလုံး အဆင်သင့်ပဲ ခဗျ။ ထပ်ဆင့် အားဒေနာရပါတယ်။
အဲ့လိုနဲ့ပဲ အခန်းထဲ ပြန်ရောက် မှ ပေးထားတာလေးတွေကို လှန်လှောကြည့်မိတော့(ကိုယ်တိုင်လည်း ဆင်ခြင်ခဲ့ပေမယ့် ဖစ်လာတဲ့ အခါကျတော့ လူပေါင်း များစွာ ကို အနှောင့်အယှက် ဖစ်မိစေတဲ့အတွက် စိတ်မကောင်းများစွာ ဖစ်ရပါတယ်)။
ပြင်ဆင်ပေး ထားတာလေးဒေများဗျာ။ ဓာတ်ပုံဒေ သာ ကြည့်ကြပါတော့။ပြောချင်တာကတော့ဗျာ။ ဒီရောဂါ ကြီး ကို ဘယ်သူမှ မဖစ်ချင်ကြပါဘူး။ stay at home ကြပါ။
လက်ကိုဆေး ကြပါ။ဒါပေမယ့်လည်း မဆင်ခြင်နိုင်ကြဘူး အဲ့တော့ ဖစ်လာကြတယ် ဖြစ်လာတဲ့ အခါ ကြိတ်မကု ကြပါနဲ့။ မြို့နယ် Q ဒေ ဝင်ကြပါ။ ဆေးစစ်မှု ခံယူကြပါ ။မကြောက်ကြပါနဲ့ ။Q ဒေလည်း အဆင်ပြေအောင် ဝိုင်းဝန်းနေကြပါတယ်။
ကုသဆောင် ဒေမှာလည်း အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးနေပါတယ်နော်။ အရာအားလုံးတွက် အဆင်ပြေတယ်ဆိုပေမယ့်လည်း လာခဲ့ဖို့တော့မဖိတ်ခေါ်ချင်ပါဘူး ခင်ဗျာ။ အတတ်နိုင်ဆုံး အိမ်မှာနေကြပါ ။လက်ဆေးကြပါ ။
ကာကွယ်ကြပါ။ဒီရောဂါဆိုးကြီး ကို အတူတူ တိုက်ထုတ်ကြရအောင်ဗျာ။မှားတာရှိရင်ဝန္တာမိပါ ခင်ဗျာ ဆိုပြီးတော့ စင်တာရဲံပြင်ဆင်ပေးထားမူတေကို ပြောပြပေးခဲ့တာဘဲ ဖြစ်ပါတယ်နော်။ဖတ်ရူပေးကြတဲ့ ပရိတ်သတ်ကြီးလည်း သာယာတဲ့ နေ့ရင်တေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။credit
Tags:
Add a Comment
Your email address will not be published. Required fields are marked *