အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ တောင်းပန်လာတဲ့ Project K အဖွဲ့ဝင် ဝီလျှံ 

အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ တောင်းပန်လာတဲ့ Project K အဖွဲ့ဝင် ဝီလျှံ

မြန်မာနိုင်ငံမှ Boy Band တခုဖြစ်သော Project K အဖွဲ့ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Asia Song Festival 2020 ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ဖျော်ဖြေလျက်ရှိတာပါ။

ယခုလို ဖျော်ဖြေတဲ့အခါမှာ အောက်တိုဘာ ၁၀ ရက်နေ့က သူတို့ရဲ့ Page က တင်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ရွှေတိဂုံဘုရား ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။ထို ဝေဖန်မှုများကိုတော့ သူတို့အဖွဲ့က လူမှုကွန်ရက် စာမျက်နှာကနေပြီးတော့

ပြန်လည် ဖြေရှင်းခဲ့ပေမယ့်လည်း ပိုမိုဆိုးဝါးတဲ့ မှတ်ချက်များသာ ရရှိခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပျက်ပြားပြီးတော့ အမုန်းပွားစရာများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့ဝင်တဦးက ထပ်မံ တောင်းပန်ထားပါတယ်။

ဝီလျှံက အခုဖြစ်သွားတဲ့ကိစ္စမှာ အားလုံးက မတော်တဆဖြစ်သွားတာပါ။ LED တွေ Lighting တွေအကုန်လုံးက ပွဲကပဲစီစဉ်တာဖြစ်ပါတယ်။Rehearsal လုပ်တဲ့အချိန်ကနေ့လည်ပိုင်းအလင်းမှာဖြစ်နေတာကတစ်‌ကြောင်း၊ stage စင်က ကြီးတော့ အပေါ်စီးက ရိုက်မှသာ အောက် LED မှာဘာတွေပြနေလဲဆိုတာသေချာသိနိုင်တာကတစ်ကြောင်း

အစရှိတာတွေကြောင့် ကျွန်တော်တို့အားလုံးလည်း ဖျော်ဖြေမှုအစစ်ပြီးဆုံးသွားမှသာ ပြန်သိရတာပါ။(က နေတဲ့အချိန်မှာတောင် မြန်မာနိုင်ငံကိုယ်စားပြုဆိုတဲ့ တာဝန်တွေ ဇောတွေနဲ့ ကိုယ့်သီချင်းအပေါ်မှာသာ အာရုံနစ်ထားရတဲ့အတွက် အောက်LED မှာဘာထိုးနေလဲတောင် မမြင်လိုက်မိပါဘူး)

ကျွန်တော်တို့လည်း ကြိုတင်မမြင်ထားမိတဲ့အတွက် အရမ်းမှားသွားပါတယ်။ ကိုရီးယားတွေဘက်ကလည်း တမင်ရည်ရွယ်ပြီးလုပ်တာလုံးဝမဟုတ်ပါဘူး။အခု Stage က မြန်မာ – ကိုရီးယား သံတမန်ချစ်ကြည်ရေး (၄၅နှစ်ပြည့်) အနေနဲ့ ကိုရီးယားဘက်က မြန်မာနိုင်ငံကို အများကြီး Promote လုပ်ပေးချင်တဲ့

စေတနာတွေကြောင့် မတော်တဆမှားသွားတာပါ။မတူညီတဲ့ ယဉ်ကျေးမှု အယူအဆတွေကြောင့် သူတို့လည်းမသိပဲပြမိလိုက်တဲ့အမှားကို Show organizer team အကြီးအကဲကိုယ်တိုင်က တောင်းပန်လာပါတယ်။ကိုရီးယားတွေဘက်ကလည်း

မြန်မာလူမျိုးတွေကို ချိုးနှိမ်ချင်တဲ့စိတ်လုံးဝမရှိသလို မြန်မာ့ယဉ်ကျေးမှုကို စော်ကားလိုတဲ့ဆန္ဒလည်းအလျင်းမရှိပါဘူး။ အခုလိုမျိုး ဖြစ်သွားတဲ့ကိစ္စမှာလည်း အားလုံးကို အနူးညွှတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဒေါသလေးတွေလျှော့ပြီး

ကျနော်ပြောတာလေး ခဏလောက် စဉ်းစားပေးပါလို့ ညှိုးငယ်စွာနဲ့ ကျနော် တောင်းဆိုပါရစေ။ အိမ်တအိမ်မှာ ကိုယ့်ညီအကို မောင်နှမသွေးချင်း တယောက်‌ယောက် မှားသွားတဲ့ အမှားတခုကို တရပ်ကွက်လုံး၊ တမြို့နယ်လုံး၊ တနိုင်ငံလုံးကြားအောင်

ကဲ့ရဲ့အပြစ်ပေး ရှုတ်ချမှုတွေ မလုပ်ကြဘဲ နောက်ထပ် မဖြစ်စေဖို့အတွက် သင်ခန်းစာယူခိုင်းပြီး အမှားကနေ သင်ယူဖို့ ခိုင်းတတ်ကြတယ် မဟုတ်ဘူးလားခင်ဗျာ။ အဲ့လိုပဲ တခြား တိုင်းတပါးသားတွေအမြင်မှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးက

သွေးချင်းတွေ တသားတည်း၊ အတူတူပဲလို့ပဲ မြင်တာလေ လို့ ပြောခဲ့တာပါ။ဆက်လက်ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးတွေကို ဖြစ်ပေါ်မြှင့်တင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တဲ့ ပွဲတခုမှာ ဖြစ်တဲ့ မတော်တဆ အမှားတခုအတွက် တဖက်နိုင်ငံရဲ့သက်ဆိုင်တဲ့ ပို့စ်အောက်တွေမှာ Blaming Comment တွေ

Hate Speech တွေ ရေးကြတာက ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုပိုပြီး ဖြစ်မနေဘူးလားခင်ဗျာ။ ခုနက ပြောခဲ့သလို ကိုယ့်ဆွေမျိုးသွေးချင်းဘက်က လိုတာပဲဖြစ်ဖြစ်၊ တဖက်မိတ်ဆွေနိုင်ငံကလိုတာပဲဖြစ်ဖြစ် မတော်တဆဖြစ်သွားရတဲ့‌ စေတနာအမှားတွေအတွက် ကျနော်တို့နိုင်ငံဟာ သဘောထားမသေးသိမ်တဲ့

လူမျိုး၊ မေတ္တာတရားကြီးမားတဲ့ လူမျိုးတွေဖြစ်ကြောင်း ပြသကြရအောင်လေ လို့ ဆိုပြီး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဝီလျှံထွန်းက ပြောပါတယ်။စေတနာကြောင့် မှားခဲ့တဲ့ အမှားတခုအတွက် ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးလိုက်ခြင်းဟာ မိတ်ဆွေနိုင်ငံရဲ့ အမှားကိုလည်း သဘောထားကြီးရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်ဘဲ နှစ်ဖက်လုံး စေတနာကြောင့် မှားသွားတဲ့အမှားအတွက် ကျနော်တို့တွေ အမှားကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ အနူးညွှတ် တောင်းပန်ပါရစေခင်ဗျာ။ ကိုယ့်ဆွေမျိုးသားချင်းရဲ့အမှားကို လူတကာသိအောင် အရှက်မခွဲရာလည်း ရောက်သလို ကိုယ့်မိတ်ဆွေနိုင်ငံရဲ့စေတနာ အမှားကိုလည်း

သဘောထားကြီး‌ရာလည်း ရောက်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ Hate Speech တွေ၊ Blaming တွေပဲပလူပျံနေကြရင်၊ အချင်းချင်း စိတ်ဝမ်း‌တွေကွဲနေကြရင် ဆိုးကျိုးက ဘာတွေ ဖြစ်လာနိုင်မလဲ။ ဆိုးကျိုးအများကြီး ရှိနိုင်ပါတယ်

လို့ဆက်လက် ပြောခဲ့တာပါ။တခြားသောနိုင်ငံများနဲ့ ယှဉ်ရင်နှိမ့်ကျနေသေးတာကြောင့် အဖက်ဖက်က ကြိုးစားနေရတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အခုလို ကိုယ့်နိုင်ငံရဲ့အစွမ်းကို ပြသနေချိန်မှာ ဂုဏ်ယူသင့်ပြီး ပြဿနာကြီးမားသွားပါက နောက်ဆိုရင် အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်တယ်လို့ ဆိုပါတယ်။

မတော်တဆ အမှားတခုကို လုံးဝခွင့်မလွှတ်နိုင်တဲ့ ဒေါသတွေကြောင့် ကိုယ့်နိုင်ငံအတွက် ရလာမယ့် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖျက်ဆီးလိုက်မယ့် အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူး။ နိုင်ငံတကာအမြင်မှာ မြန်မာလူမျိုးတွေကို သဘောထားသေးတဲ့လူမျိုး၊ ပြဿနာကို ပုံကြီးချဲ့တတ်တဲ့လူမျိုးတွေလို့ မမြင်စေချင်ဘူး။

အရမ်း Sensitive ဖြစ်ပြီး ပြဿနာရှာတတ်တဲ့ လူမျိုးတွေလို့ မမြင်စေချင်ဘူး”လို့ ဝီလျှံထွန်းက ပြောခဲ့ပါတယ်။ Project K တဖွဲ့လုံးဟာ နိုင်ငံရဲ့သားသမီးတွေဖြစ်တာကြောင့် အခုလို မတော်တဆဖြစ်ရပ်မှာ သိုသိုသိပ်သိပ်နဲ့ အမှားပြင်စေပြီး

တဖက်နိုင်ငံကအမှားကိုလည်း အခင်မင်မပျက် ပြီးဆုံးသွားသင့်တယ်လို့ မြင်ကြောင်း ပြောခဲ့တာပါ။ကျနော်တို့တဖွဲ့လုံးကလည်း နိုင်ငံ့သားသမီးတွေပါပဲဗျာ။ ဒီမတော်တဆဖြစ်ရပ်မှာ ကိုယ့်အိမ်ကသွေးချင်းက မှားတယ်ဆိုရင်လည်း သိုသိုသိပ်သိပ်နဲ့ အမှားပြင်စေပြီး၊ နောက်မဖြစ်အောင် ဆင်ခြင်စေပြီး၊

တဖက် မိတ်ဆွေနိုင်ငံက မှားတယ်ဆိုရင်လည်း ချစ်ကြည်ရင်းနှီးမှု မပျက်စေဘဲ သဘောထားကြီး နားလည်မှုနဲ့ အခင်မင်မပျက် ပြီးဆုံးသွားသင့်တယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျာ။ ဖြစ်သွားခဲ့တဲ့ မတော်တဆ အမှားအတွက်လည်း ကျနော်အနူးအညွှတ် တောင်းပန်အပ်ပါတယ် ခင်ဗျာ။

တကယ်စိတ်မကောင်းလည်းဖြစ်ရပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံသား တယောက်ချင်းစီရဲ့ အပြောအဆို၊ အပြုအမူနဲ့ တုန့်ပြန်မှုတခုစီတိုင်းက နိုင်ငံ့ပုံရိပ်အပေါ် သက်ရောက်မှုတွေ အများကြီးရှိတယ်ဆိုတာကို ညှိုးငယ်စွာနဲ့ အသိပေးရင်း ထပ်မံအနူးညွှတ် တောင်းပန်ပါရစေခင်ဗျာ လို့ ပြောကြားခဲ့တာပါ။

အဆိုပါ အကြောင်းအရာများကိုတော့ ဝီလျှံထွန်းက အောက်တိုဘာလ ၁၂ရက်နေ့မနက်ပိုင်းက ပြောထားတာဖြစ်ပြီးတော့ သူတို့အဖွဲ့ကတော့ စက်တင်ဘာ ၁၄ ရက်နေ့ကပြီးတော့ ကိုရီးယားနိုင်ငံကို သွားရောက်ကာ လေ့ကျင့်မှုများနဲ့အတူ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဖျော်ဖြေရေး သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်နော်။credit;စွယ်စုံသတင်းစုံ

Add a Comment

Your email address will not be published. Required fields are marked *