နှာခေါင်း အမြဲတမ်းပိတ်ပြီးတော့ အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်
Unicode…နှာခေါင်း အမြဲတမ်းပိတ်ပြီး အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်
နှာခေါင်း အမြဲတမ်းပိတ်ပြီး အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်ကို အသုံးပြုလိုက်ပါနော်။ယနေ့ မနက်ခင်းမှာ နှာခေါင်း အမြဲတမ်း ပိတ်နေပြီးတော့ အမြဲလိုလို
အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကားစပ်မိရင်း နဲ့သူမ လက်တွေ့ စမ်းသပ်ပြီး
သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပေးချင်ပါတယ်နော်။အဲဒီ ညီမလေးကတော့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ
ထိစပ် နေရတဲ့ အလုပ်ကလေး ဖြစ်ပါတယ်။ဆေးနည်းလေးကတော့ ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး တော့ အရည်ရအောင်ယူပါ ။ရလာတဲ့ အရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ။
စရှူပြီး သိပ်မကြာခင်မှာဘဲ လည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီးတော့တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် ပိတ်ဆို့ သွားတယ်လို့ ခံစားရပါမယ်။
သိပ်မကြာခင် နှာချေလာပါမယ်နော်။ထို့နောက် နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ် အခဲ ၊ အပုပ် တွေ ထွက်ကျ လာပါပြီးတော့ နေရ ထိုင်ရတာ အရင်ကထက်အသက်ရှူရ ကောင်းမွန်ပြီး ပေါ့ပါး သွားပါတယ်လို့ ဝမ်းမြောက်စွာ ပြောပြခဲ့တာဖြစ်ပါတယ်။
နှာခေါင်းအမြဲ ပိတ်တတ်တဲ့ ဝေဒနာခံစားရတဲ့မိတ်ဆွေများ လိုအပ်ရင် အသုံးပြုကြည့်နိုင်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီး  အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေနော်။ခရစ်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *