Unicode…(၄) ကြိမ်မြောက်ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ အစီအစဉ်အတွက် ခိုကိုးရာမဲ့  အဘိုးအဘွားတွေရှာဖွေနေတဲ့ နေဒွေး
မင်းသားချောလေး နေဒွေးဟာ သူ့ရဲ့ ချစ်ရတဲ့ Fans(Naymily)လေးတွေနဲ့အတူ လစဉ်လတိုင်းမှာ ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့အစီအစဉ်အတွက် သက်ကြီးဘိုးဘွားတွေကို လိုက်လံလှူဒါန်းမှုတွေပြုလုပ်ချက်ရှိနေတာဘဲ ဖြစ်ပါတယ်နော်။
ယခုလ ၁၈ရက်နေ့ဆို နေဒွေးနဲ့ အတူတူ (၁၈)ရက်နေ့တိုင်း လှူနေတဲ့ ဘိုးဘွားများကို စောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ ဆိုတဲ့ အလှူလေးကတော့ စတုတ္တအကြိမ်မြောက် ဖြစ်လာခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်  ထပ်မံလှူဒါန်းမှုတွေပြုလုပ်သွားမှာပဲဖြစ်ပါတယ်နော် ။
မရှိ ဆင်းရဲ ကျောထောက်နောက်ခံမရှိတဲ့ အဘိုးအဘွားတွေကို ကူညီဖေးမ လှူဒါန်းရတဲ့ အကျိုးကိုလည်း ကိုယ်လည်းနောင်တစ်ချိန် ဒီလို အရွယ် ရောက်လာတဲ့ အချိန် မှာ ငယ်စဉ်အချိန်က လှူဒါန်းထားတဲ့ အတွက်တူသော အကျိုးကျေးဇူး ကို
ထပ်တူခံစားရမှာဖြစ်ပြီးတော့ နည်းတာများတာ ပဓာန မထားပဲ ကိုယ်တတ်နိုင်သလောက်လေးး လှူရင်လည်းး တန်ဖိုးရှိပါတယ်ဆိုပြီး နေဒွေးဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်နော်။
ယခုလိုမျိုး COVIDကာလမှာ သားသမီးလည်းမရှိ ဆွေမျိုးလည်းမရှိ ရှိပြန်တော့လည်းအလုပ်တွေဟာ ပိတ်ပြီးဝင်ငွေမရှိကြတဲ့ အတွက် မှီခို စားသောက်ရတဲ့ အသက်ကြီးအဘိုးအဘွားတွေ ဆိုတာ အရမ်းသနားဖို့ကောင်းလို့ နည်းတယ်များတယ်
သဘောမထားပဲ တတ်နိုင်သလောက်လေးး လှူပေးကြဖို့အတွက်ကိုလည်း ရေးသားထားခဲ့တာပါနော် ။စတုတ္ထအကြိမ်မြောက် ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်အတွက်ကိုလည်း အခုလာမယ့် ၁၈ရက်နေ့ လှူရမယ့်
အဘိုးအဘွား မတွေ့သေးတဲ့အတွက်ကြောင့် တကယ်ခက်ခဲပြီး သားသမီးကျောထောက်နောက်ခံမရှိသော အဘိုးအဘွားများတွေ့ရှိပါကဆက်သွယ်ပေးကြပါလို့လည်း ပရိသတ်တွေကို အကူညီတောင်းထားတာဖြစ်ပါတယ်နော်။Source : Nay Dway
Add a Comment
Your email address will not be published. Required fields are marked *