အပိုင်း (၂၃) ရပ်ကွက်ရှိ အိမ်ခြေ (၃၀၀) အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ မြေပဲကြော်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာကြမ်း၊ အမွှေးခဲ၊ Mask၊ ဘီစကစ်မုန့်တို့အပြင် နို့မှုန့်မတတ်နိုင်သော မိခင်နှင့် ကလေးများအတွက် Nature One နို့မှုန့် နှင့်
Unicode…ဒဂုံဆိပ်ကမ်းမြို့နယ်က စားဝတ်နေရေးချို့တဲ့နေတဲ့ အိမ်ခြေ (၃၀၀) ကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ရင်ခွင်မဲ့ကလေးငယ်တွေကိုစောင့်ရှောက်ရုံတင်မကဘဲ အဆင်မပြေတဲ့ဘဝတွေကိုရော တတ်နိုင်သလောက်နဲ့ လှူဒါန်းပေးနေတဲ့ ကလေးတို့မေမေခိုင်နှင်းဝေကတော့  ယနေ့မှာလည်း ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်မှ  အိမ်ခြေ (၃၀၀) အတွက်
အခြေခံစားကုန်တွေ အပြင် ကလေးတွေအတွက် နို့မှုန်းဘူးလေးတွေကိုပါ လှူဒါန်းပေးခဲ့တာဘဲ ဖြစ်ပါတယ်။သူမဟာ လုပ်တဲ့အလုပ်တိုင်းကိုလည်းစေတနာထားပြီး ဝေဖန်မှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သူမရဲ့ရပ်တည်ချက်ကို  ရဲရဲဝံ့ဝံ့ ဆက်လက်လျှောက်လှမ်းနေသူတစ်ယောက်ပါနော်။
အဲ့လို စိတ်ရင်းစေတနာတွေကြောင့် သူမကိုလှူဒါန်းပေးသူတွေပိုများလာခဲ့ပြီးတော့ လူအများရဲ့အကျိုးကိုကျယ်ကျယ်ပြန့်ပြန့်သယ်ပိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်နော်။ယနေ့ပြုလုပ်တဲ့ အလှူလေးကို ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက် ၊ပတ္တမြား (၁) လမ်း
အပိုင်း (၂၃) ရပ်ကွက်ရှိ အိမ်ခြေ (၃၀၀) အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ မြေပဲကြော်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာကြမ်း၊ အမွှေးခဲ၊ Mask၊ ဘီစကစ်မုန့်တို့အပြင် နို့မှုန့်မတတ်နိူင်သော မိခင်နှင့် ကလေးများအတွက် Nature One နို့မှုန့် နှင့်
ကလေးအသုံးဆောင်ပစ္စည်းများ လှူဒါန်းပေးခဲ့ပါတယ်ရှင်။ ချစ်ဖို့ကောင်းတဲ့ ရပ်ကွက်လေးပါရှင်။ ယခုလို ကာလမှာ လူစုလူဝေး မဖြစ်အောင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်သူများ
စီစဉ်ပေးမှုကြောင့် လှူရတာ အဆင်ပြေပြီး ထိရောက်မှုရှိခဲ့ပါတယ်။ ကျမလှူခဲ့တဲ့ အသီးနှံများကိုလဲ မီးသွေးဖိုးမရှိလို့ ရပ်ကွက်မှာစုပြီး သီးစုံကုလားပဲချက်ပြီး တအိမ်တစ်ခွက်
ဝေငှစားကြပါတယ်တဲ့ရှင် ဆိုပြီးတော့ ဝေမျှလာခဲ့တာဘဲ ဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို ကြည်နူးနေမယ် ထင်ပါတယ်နော်။source:Khaing Hnin Wai
Add a Comment
Your email address will not be published. Required fields are marked *