အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၀)အတွက် စားနပ်ရိက္ခာများ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်တို့မိသားစု









Unicode… အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)စာအတွက် စားနပ်ရိက္ခာများကိုလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်တို့မိသားစု

ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်သော သရုပ်ဆောင်စမိုင်းလ်ဟာ မကြာခင်မှာကျရောက်တော့မှာ ုဖစ်တဲ့  ခင်ပွန်းဖြစ်သူရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့အလှူအတန်းတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ အာက်တိုဘာလ(၄)ရက်နေ့တုန်းကလည်း သန်လျင်ကသဘာဝတရားရိပ်သာမှာရှိတဲ့ မသန်စွမ်းအဖိုးအဖွားများအတွက် အလှူငွေ(၁၀)သိန်းကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ယခု လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးနေ့အကြိုအလှူအဖြစ် ဒလမြို့နယ်၊အံ့ကြီးအနောက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)စာအတွက် တစ်အိမ်ထောင်လျှင်

(၁၅,၀၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာများကိုClean Yangon မှတစ်ဆင့် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်နော်။ ထို အလှူအကြောင်းလေးကိုတော့ စမိုင်းလ်က ဝမ်းသာပီတိဖြစ်စွာနဲ့အလှူပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ

ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်နော်။ထိုသို့ လှူဒါန်းတဲ့ ပူံရိပ်လေးတေကိုတော့ ကိုပြည့်မောင် မွေးနေ့အကြိုအလှူ အိမ်ထောင်စု ၁၀၀စာအလှူဒလမြို့နယ်၊ အံ့ကြီးအနောက်ရှိအခြေခံလူတန်းစားများအတွက်

တစ်အိမ်ထောင်လျှင်(၁၅,၀၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာများအားအိမ်ထောင်စု(၁၀၀)စာကို Clean Yangon မှတစ်ဆင့်လှူဒါန်းခဲ့ပါတယ် ဆိုတဲ့စာသားနဲ့အတူ

စမိုင်းလ်ကဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်နော်။ ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီး သာယာပျော်ရွှင်ဖွယ် နေ့ရက်တေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။Source:စမိုင်းလ် Smile

Add a Comment

Your email address will not be published. Required fields are marked *