“သွားလာရန် ပိတ်ပင်ထားသော ဦးပိန်တံတား ပေါ်သို့ စည်းကမ်းမဲ့စွာ သွားလာနေကျ ပုံများ”

COVID – 19 ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်တားဆီးသောအနေဖြင့် လူစုလူဝေး မပြုလုပ်ရန်၊ လူများသော နေရာများကို မသွားရန် တားမြစ်ထားပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ တောင်သမန်အင်းကို ဖြတ်ကူးတည်ဆောက်ထားသော ရှေးဟောင်းသမိုင်းဝင် ဦးပိန်တံတားကို ယာယီ ပိတ်ပင်ထားပါတယ်။

ဦးပိန်တံတား ဟာဆိုရင် ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားတွေပါ အလည်အပတ်များဖြင့် အမြဲစည်ကားနေကျသော နေရာတစ်ခုဖြစ်ပါတယ်။ လူထူထပ်သောနေရာဖြစ်သောကြောင့် ရောဂါအခြေအနေအရ ယာယီပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း စည်းကမ်းလိုက်နာသူရှိသကဲ့သို့ မလိုက်နာသူများလည်း အလွန်များပြားလှပါတယ်။ မြန်မာပြည်နေသူအချို့က စည်းကမ်းဥပဒေကို လုံးဝအလေးမထားတတ်ဘဲ ပိတ်ပင်ထားသော နေရာကို တားမြစ်ထားတာကိုကျော်၍ ဝင်ထွတ်သွားလာနေကြသည်။ မြန်မာပြည်သူများ အနေဖြင့် စည်းကမ်းလိုက်နာ၍ တားမြစ်ထားတာတွေကို လိုက်နာဆောင်ရွက်ကြစေရန် အသိပေးအပ်ပါတယ်။ စည်းကမ်းလိုက်နာကြစေရန် ရည်ရွယ်ချက်ဖြင့် တင်ပေးခြင်းဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *