အဘိုးအဘွားတွေနဲ့ ချို့တဲ့သူတွေကို အလှူငွေနှင့် အစားအသောက်တွေကို လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်
Unicode…ကိုဗစ်ကာလမှာ အဘိုးအဘွားတွေနဲ့ ချို့တဲ့သူတွေကို အစားအသောက်တွေနဲ့ အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်
ပရဟိတအလုပ်တွေမှာ အင်တိုက်အားတိုက်ကူညီပေးတတ်သော ဒိန်းဒေါင်တစ်ယောက် သူနဲ့အတူ ကူညီပေးတဲ့ညီငယ်လေးတွေနဲ့ စုပေါင်းပြီးတော့  ချွန်တွန်းပရဟိတ  အဖွဲ့ကို ထူထောင်ခဲ့တာဘဲဖြစ်ပါတယ်နော်။
ဒိန်းဒေါင်က လှူဒါန်းဖြစ်တာလေးကို အဖွဲ့ကိုလှူဒါန်းပေးတဲ့အလှူရှင်တွေကြောင့်လည်း လိုအပ်တဲ့နေရာတွေဆီကို အရောက်သွားပြီးတော့ ကူညီနိုင်တာမို့ ချို့တဲ့သူတွေရဲ့ဘဝတွေလည်း အတိုင်းအတာတစ်ခုထိကို အဆင်ပြေသွားခဲ့ရပါတယ်။
ဘဝတူလူရွှင်တော်တွေရဲ့လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့သလို အဆင်မပြေတဲ့လူတွေေ တွ့ရင်လည်း ကာလဒါနလေးတွေလုပ်တတ်ပါသေးတယ်။ ဒီတစ်ခေါက် မှာတော့
အဆင်မပြေတဲ့အဘိုးအဘွားသက်ကြီးရွယ်အိုတွေ နဲ့ ချို့တဲ့သူတွေကို အစားအသောက် တွေ ကိုယ်တိုင်ကိုယ်ကျသွားပြီးလှူဒါန်းပေးခဲ့ပါတယ်။
ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်နိုင်မှုတွေ၊ သည်းခံနိုင်မှုတွေအများကြီးရှိမှ လုပ်နိုင်တဲ့ အရာမျိုးပါ ဆိုပြီးပြောခဲ့တာပါ။ ဒိန်းဒေါင်ကတော့ ကိုယ်တိုင်လည်းလူရွှင်တော်တစ်ယောက်ဖြစ်ပြီးတော့ အများကြီး ကြိုးစားရုန်းကန်ခဲ့ရသူမို့
အဆင်မပြေတဲ့ဘဝတွေကို စာနာ နားလည် ပြီးတော့ အခုလိုလှူဒါန်းမှုလေးတွေ လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်နော်။credit-cele zone
Add a Comment
Your email address will not be published. Required fields are marked *