Unicode…အိမ်တောင်လူမိုက်_ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်
သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့တာဘဲဖြစ်ပါတယ်နော်။ဒါပေမယ့်လည်း တကယ့် ဆိုလိုရင်းကိုတော့ ဝေဝါးစွာဖြစ်နေတာ ဖြစ်ပါတယ်နော်။အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်ဖြစ်တာလား။
လူလိမ္မာ မှ စိုက်ရမည်လားဆိုတော့ စသဖြင့် တွေးမိကြတာ အမှန်ဘဲဖြစ်ပါတယ်။အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိရတော့ ဆိုလိုရင်း အမှန်ကို သိရတော့တာဖြစ်ပါတယ်နော်။စကားပုံရဲ့ ဆိုလိုရင်းကတော့
ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်ကြပါတယ်နော်။ဆောင်းအခါတော့ ကိုင်းဘူးစိုက်ကြပါတယ်။မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာတော့ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါတယ်နော်။
ဘူးပင်ဆိုတဲ့ အမျိုးဟာ နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီးတော့ အောက်စီဂျင်ကို ထုတ်တာပါနော်။ည အခါတွေမှာတော့ အောက်စီဂျင်ကို ရှူသွင်းပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ကြတာပါ။
ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်ဘဲ ဖြစ်ပါတယ်။ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင် ညအခါ ဘူးပင်မှလာသောလေဟာ (လေဆိုး ) အဆိတ်ဓါတ်ဖြစ်ပါတယ်။အချိန်တေကြာသောအခါ
ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါတယ်တဲ့။ထိုအကြောင်းတွေကြောင့် မိမိအိမ်တွင် ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင် မစိုက်ပျိုးသင့်ကြောင်းကို
အိမ်တောင်လူမိုက် ဘူးမစိုက်နှင့် ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ကြတာဘဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း စကားပုံလေးရဲ့ အဓိပ္ပာယ်ကို သဘောပေါက် နားလည်ပြီထင်ပါပြီနော်။credit
Add a Comment
Your email address will not be published. Required fields are marked *