ေျမာက္ဥကၠလာပေဆး႐ုံအုပ္ျကီး ေဒါက္တာဝင္းသႏၲာျဖဴ ေရးတဲ့စာ

ေျမာက္ဥကၠလာပေဆး႐ုံအုပ္ ေဒါက္တာ ဝင္းသႏၲာျဖဴ ေရးတဲ့စာ

ျမန္မာနိုင္ငံဟာ ကိုဗစ္ရဲ့ ဒုတိယလွိုင္းမွာ အလူးအလဲ ခံေနရတာပဲျဖစ္ပါတယ္ေနာ္။ ဒုတိယလွိုင္းကို ရခိုင္က အစျပဳခဲ့ေပမယ့္လည္း ရန္ကုန္ၿမိဳ့ႀကီးက ပိုရင္ဆိုင္ခံစားေနရတာပါေနာ္။

က်န္းမာေရးဝန္ထမ္းေတြဟာ လိုအပ္လာသလို ေဆး႐ုံေတြမွာ လူျပည့္တဲ့ အထိ ကိုဗစ္လူနာေတြေတြ႕ရွိေနတာပဲျဖစ္ပါတယ္ေနာ္။ က်န္းမာေရး ဝန္ထမ္းေတြ ပင္ပန္းေနၾကသလို ပရဟိတအဖြဲေတြ အလွူရွင္ေတြလဲ ပင္ပန္းေနၾကပါၿပီ။

ေျမာက္ဥကၠလာပေဆး႐ုံအုပ္ေဒါက္တာဝင္းသႏၲာျဖဴက ခုလို ရင္ဖြင့္လာတာ ျဖစ္ပါတယ္။အားလုံးေမာေနၾကပါၿပီ ကၽြန္မတို့ေကာ.ပရဟိတေမာင္ႏွမမ်ားေကာ.အလွူရွင္ေတြေကာျပည္သူေတြအားလုံး ပင္ပန္းေနၾကၿပီ။

စိတ္ေမာ လူေမာ တေန႔ၿပီးတေန႔ အေမာနဲ႔စ အေမာနဲ႔ဆုံး အလွူေလးလည္းမျပတ္ရေအာင္လုပ္ လူမွုေရးလည္းမျပတ္ေအာင္ကူ အလုပ္ေလးလည္းမျပတ္ရေအာင္ ကိုယ့္ကေလးေတြအတြက္ေခ်ာ့တခါ ဆူတလွည့္ ကိုယ္လည္းဒရြတ္ဆြဲ

သူတို့လည္းဒရြတ္တိုက္ တကယ္ဆိုစိတ္ပဲရွိေတာ့တယ္။ အလုပ္ေဇာကအရမ္းကပ္ေနလို့။ ႐ုတ္တရက္သာတခုခုျဖစ္ခဲ့ရင္စိတ္ကအဲ့ပဲေရာက္ေနေတာ့မယ္ျမန္ျမန္ၿပီးပါေတာ့အသက္ဝဝရွူ ထမင္းလက္စုံစား ေအးေဆးေနခ်င္ၿပီ

ဆိုၿပီးေတာ့ ကိုဗစ္ေၾကာင့္ ပင္ပန္းၾကရၿပီး အျမန္ၿပီးဆုံးကာ ေအးေအးေဆးေဆး ေနခ်င္ေၾကာင္းေျပာလာတာပါ။ဆရာမကို အားမေလ်ာ့ဖို့ စိတ္ဓာတ္မက်ဖို့လည္း ျပည္သူေတြက အားေပးစကားေျပာေပးခဲ့ၾကတာဘဲျဖစ္ပါတယ္။

က်န္းမာေရးဝန္ထမ္းေတြက ေရွ႕ဆုံးကေန ကိုဗစ္တိုက္ပြဲဝင္ေနၾကရတာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြကိုသနားရင္အိမ္ထဲေနေပးၾကပါေနာ္။

ျမန္မာျပည္မွာ ကိုဗစ္ကူးပိုးေတြ႕ရွိသူ ႏွစ္ေသာင္းေက်ာ္ခဲ့ၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူ (၅၁၀) ဦး ရွိခဲ့ၿပီပဲျဖစ္ပါတယ္ေနာ္။ ခ်စ္ပရိသတ္ႀကီးလဲ က်န္းမာေရးဝန္ထမ္းေတြအတြက္ အားေပးစကားေျပာခဲ့ပါအူးေနာ္။source;Win Thandar Phyu

Unicode…မြောက်ဥက္ကလာပဆေးရုံအုပ် ဒေါက်တာ ဝင်းသန္တာဖြူ ရေးတဲ့စာ

မြန်မာနိုင်ငံဟာ ကိုဗစ်ရဲ့ ဒုတိယလှိုင်းမှာ အလူးအလဲ ခံနေရတာပဲဖြစ်ပါတယ်နော်။ ဒုတိယလှိုင်းကို ရခိုင်က အစပြုခဲ့ပေမယ့်လည်း ရန်ကုန်မြို့ကြီးက ပိုရင်ဆိုင်ခံစားနေရတာပါနော်။

ကျန်းမာရေးဝန်ထမ်းတွေဟာ လိုအပ်လာသလို ဆေးရုံတွေမှာ လူပြည့်တဲ့ အထိ ကိုဗစ်လူနာတွေတွေ့ရှိနေတာပဲဖြစ်ပါတယ်နော်။ ကျန်းမာရေး ဝန်ထမ်းတွေ ပင်ပန်းနေကြသလို ပရဟိတအဖွဲတွေ အလှူရှင်တွေလဲ ပင်ပန်းနေကြပါပြီ။

မြောက်ဥက္ကလာပဆေးရုံအုပ်ဒေါက်တာဝင်းသန္တာဖြူက ခုလို ရင်ဖွင့်လာတာ ဖြစ်ပါတယ်။အားလုံးမောနေကြပါပြီ ကျွန်မတို့ကော.ပရဟိတမောင်နှမများကော.အလှူရှင်တွေကောပြည်သူတွေအားလုံး ပင်ပန်းနေကြပြီ။

စိတ်မော လူမော တနေ့ပြီးတနေ့ အမောနဲ့စ အမောနဲ့ဆုံး အလှူလေးလည်းမပြတ်ရအောင်လုပ် လူမှုရေးလည်းမပြတ်အောင်ကူ အလုပ်လေးလည်းမပြတ်ရအောင် ကိုယ့်ကလေးတွေအတွက်ချော့တခါ ဆူတလှည့် ကိုယ်လည်းဒရွတ်ဆွဲ

သူတို့လည်းဒရွတ်တိုက် တကယ်ဆိုစိတ်ပဲရှိတော့တယ်။ အလုပ်ဇောကအရမ်းကပ်နေလို့။ ရုတ်တရက်သာတခုခုဖြစ်ခဲ့ရင်စိတ်ကအဲ့ပဲရောက်နေတော့မယ်မြန်မြန်ပြီးပါတော့အသက်ဝဝရှူ ထမင်းလက်စုံစား အေးဆေးနေချင်ပြီ

ဆိုပြီးတော့ ကိုဗစ်ကြောင့် ပင်ပန်းကြရပြီး အမြန်ပြီးဆုံးကာ အေးအေးဆေးဆေး နေချင်ကြောင်းပြောလာတာပါ။ဆရာမကို အားမလျော့ဖို့ စိတ်ဓာတ်မကျဖို့လည်း ပြည်သူတွေက အားပေးစကားပြောပေးခဲ့ကြတာဘဲဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ရှေ့ဆုံးကနေ ကိုဗစ်တိုက်ပွဲဝင်နေကြရတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေကိုသနားရင်အိမ်ထဲနေပေးကြပါနော်။

မြန်မာပြည်မှာ ကိုဗစ်ကူးပိုးတွေ့ရှိသူ နှစ်သောင်းကျော်ခဲ့ပြီဖြစ်ပြီးတော့ သေဆုံးသူ (၅၁၀) ဦး ရှိခဲ့ပြီပဲဖြစ်ပါတယ်နော်။ ချစ်ပရိသတ်ကြီးလဲ ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကားပြောခဲ့ပါအူးနော်။source;Win Thandar Phyu

Tags:

Add a Comment

Your email address will not be published. Required fields are marked *