မိသားစုဝင္ေတြ တားတဲ့ျကားထဲက အိမ္ကေန အထုပ္ဆြဲဆင္းလာၿပီးေတာ့ အနံ့ေပ်ာက္စင္တာမွာ ေဆးကုေပးေနတဲ့ ပင္စင္စားဆရာဝန္ႀကီး

မိသားစုဝင္ေတြ တားတဲ့ျကားထဲက အိမ္ကေန အထုပ္ဆြဲဆင္းလာၿပီးေတာ့ အနံ့ေပ်ာက္စင္တာမွာ ေဆးကုေပးေနတဲ့ ပင္စင္စားဆရာဝန္ႀကီး

ယခု ပံုထဲမွာ ပါတဲ့သူေတြကေတာ့ ဆရာဝန္ႀကီး ေဒါက္တာေအးသန္း ႏွင့္ ကၽြန္ေတာ္ ျဖစ္ပါတယ္ေနာ္။ ဆရာႀကီး လိုအပ္တဲ့ ေဆးေတြကို ဝယ္ယူၿပီး သြားေရာက္ ပို့ေပးေနတုန္းက ရိုက္ထားတဲ့ပုံျဖစ္ပါတယ္ေနာ္။

ဆရာဝန္ႀကီး ေဒါက္တာေအးသန္းဟာ လွိုင္ၿမိဳ့နယ္က အနံ့ေပ်ာက္ ဖ်ားနာ ေခ်ာင္းဆိုး စတဲ့ ကိုဗစ္လကၡဏာရွိသူ၊ သံသယလူနာေတြကို လွိုင္ၿမိဳ့နယ္ (၅) ရပ္ကြက္ အမက(၂၆) မွာ ဖြင့္လွစ္ထားေသာ အနံ့ေပ်ာက္စင္တာမွာ ေခၚယူ ကုသေပး၊

ေဆး႐ုံလႊဲရမည့္လူနာ ေဆး႐ုံလႊဲေပး တာေတြ ႀကီးၾကပ္ေဆာင္ရြက္ ေပးေနတာျဖစ္ပါတယ္။အၿငိမ္းစား ဆရာဝန္ႀကီး ေဒါက္တာ ေအးသန္းဟာ အသက္(၆၅) ႏွစ္ ရွိျပီ ျဖစ္ပါတယ္။ဆရာဝန္ျကီးရဲ့ မိသားစုေတြ သူ႔မိတ္ေဆြေတြက စိုးရိမ္ျကလို့

တားျမစ္ေနတဲ့ၾကားကေနျပီးေတာ့ အိမ္ကေန အထုပ္ဆြဲ ဆင္းလာၿပီး အနံ့ေပ်ာက္စင္တာ အမက (၂၆) မွာ လာေရာက္ေနထိုင္ၿပီးေတာ့ လူနာေတြကို အခမဲ့ ကူညီ ကုသေပးေနတာျဖစ္ပါတယ္။ သူ႔အတြက္ကေတာ့ ကုတင္တစ္လုံးဘဲ

ကၽြန္ေတာ္တို့ စီစဥ္ေပးရတာပါ။ စင္တာမွာဘဲေန ၊ စင္တာမွဘဲ အိပ္ၿပီးေတာ့ လူနာေတြကို ကုသေပးေနသူ ျဖစ္ပါတယ္။  ကၽြန္ေတာ္က အသက္ေတာ့ ႀကီးၿပီ။ ဒါေပမယ့္ အေရးေပၚအခ်ိန္မို့လို့ မေနနိုင္လို့ ထြက္လာတာကြ လို့ ဆိုျပီး ေျပာတာပါ။

အနံ့ေပ်ာက္လူနာေတြဟာ Positive ျဖစ္ဖို့ ရာခိုင္ႏူန္းမ်ား ပါတယ္ေနာ္။ ဒီလူနာေတြကို PPE ဝတ္ၿပီး ကိုယ္တိုင္ ေသြးေပါင္ခ်ိန္တိုင္း၊ ေသြးတြင္း ေအာက္ဆီဂ်င္တိုင္း ၊ ကိုယ္တိုင္ ၾကည့္႐ူေမးျမန္းဖို့ဆိုတာ မျဖစ္နိုင္ပါဘူးေနာ္။

ဒီအလုပ္ေတြကို ေဗာ္လန္တီယာေတြက လုပ္ေပးတာပါ။ ဆရာဝန္ႀကီးက ႐ုံးခန္းမွာ ေနထိုင္ၿပီး ညြန္ၾကားႀကီးၾကပ္ေပးပါတယ္ေနာ္။ေဗာ္လန္တီယာ ဆိုတာကလည္း ပရဟိတစိတ္ရွိသူ၊ သတၱိရွိသူ၊ ကိုယ္က်ိဳးစြန႔္ၿပီး အမ်ားအတြက္ လာေရာက္ ကူညီေပးေနသူမ်ား ျဖစ္ပါတယ္ေနာ္။

ထုိ အလုပ္ကုိလည္း လူတိုင္းမလုပ္နိုင္ပါ လူအနည္းငယ္သာ လုပ္နိုင္ပါတယ္။အနံ့ေပ်ာက္လူနာေတြကို စင္တာမွာ ေခၚထားတဲ့ ရည္ရြယ္ခ်က္က သူတို့ကို ေဆးစစ္ေပးဖို့၊ သူတို့မိသားစုေတြ အိမ္နီးနားခ်င္းေတြကို ထပ္မံမကူးစက္ေအာင္၊ ေရာဂါလကၡဏာ မျပင္းထန္သူေတြကို ကုသေပးဖို့

၊ ေရာဂါျပင္းထန္ရင္ ေဆး႐ုံကို လႊဲေပးနိုင္ဖို့ ျဖစ္ပါတယ္ေနာ္။ အိပ္ရာထိုင္ခင္း ၊ ေရမီး၊ အစားအေသာက္ေတြကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ားက အလွူရွင္မ်ား၏ လွူဒါန္းေငြနဲ႔ စီမံေဆာင္ရြက္ ေပးေနတာ ျဖစ္ပါတယ္ေနာ္။

ကိုဗစ္ ကူးစက္ေရာဂါသည္ တစ္ဦးတစ္ေယာက္တည္းနဲ႔ သက္ဆိုင္တဲ့ ကိစၥမဟုတ္ပါဘူး။ အားလုံး ညီညြတ္မွ ေအာင္ျမင္မွာပါေနာ္။ ဒါေၾကာင့္ ပူးေပါင္းေပးပါ။ တခ်ိဳ့ အဆင္မေျပတာရွိရင္လည္း သည္းခံေပးၾကပါေနာ္။source:Aung Kyaw Kyaw Oo

Unicode…မိသာစုတေ တားတဲ့ကြားထဲက အိမ်ကနေ အထုပ်ဆွဲဆင်းလာပြီးတော့ အနံ့ပျောက်စင်တာမှာ ဆေးကုပေးနေတဲ့ ပင်စင်စားဆရာဝန်ကြီး

ယခု ပုံထဲမှာ ပါတဲ့သူတွေကတော့ ဆရာဝန်ကြီး ဒေါက်တာအေးသန်း နှင့် ကျွန်တော် ဖြစ်ပါတယ်နော်။ ဆရာကြီး လိုအပ်တဲ့ ဆေးတွေကို ဝယ်ယူပြီး သွားရောက် ပို့ပေးနေတုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်နော်။

ဆရာဝန်ကြီး ဒေါက်တာအေးသန်းဟာ လှိုင်မြို့နယ်က အနံ့ပျောက် ဖျားနာ ချောင်းဆိုး စတဲ့ ကိုဗစ်လက္ခဏာရှိသူ၊ သံသယလူနာတွေကို လှိုင်မြို့နယ် (၅) ရပ်ကွက် အမက(၂၆) မှာ ဖွင့်လှစ်ထားသော အနံ့ပျောက်စင်တာမှာ ခေါ်ယူ ကုသပေး၊

ဆေးရုံလွှဲရမည့်လူနာ ဆေးရုံလွှဲပေး တာတွေ ကြီးကြပ်ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ အေးသန်းဟာ အသက်(၆၅) နှစ် ရှိပြီ ဖြစ်ပါတယ်။ဆရာဝန်ကြီးရဲ့ မိသားစုတွေ သူ့မိတ်ဆွေတွေက စိုးရိမ်ကြလို့

တားမြစ်နေတဲ့ကြားကနေပြီးတော့ အိမ်ကနေ အထုပ်ဆွဲ ဆင်းလာပြီး အနံ့ပျောက်စင်တာ အမက (၂၆) မှာ လာရောက်နေထိုင်ပြီးတော့ လူနာတွေကို အခမဲ့ ကူညီ ကုသပေးနေတာဖြစ်ပါတယ်။ သူ့အတွက်ကတော့ ကုတင်တစ်လုံးဘဲ

ကျွန်တော်တို့ စီစဉ်ပေးရတာပါ။ စင်တာမှာဘဲနေ ၊ စင်တာမှဘဲ အိပ်ပြီးတော့ လူနာတွေကို ကုသပေးနေသူ ဖြစ်ပါတယ်။  ကျွန်တော်က အသက်တော့ ကြီးပြီ။ ဒါပေမယ့် အရေးပေါ်အချိန်မို့လို့ မနေနိုင်လို့ ထွက်လာတာကွ လို့ ဆိုပြီး ပြောတာပါ။

အနံ့ပျောက်လူနာတွေဟာ Positive ဖြစ်ဖို့ ရာခိုင်နူန်းများ ပါတယ်နော်။ ဒီလူနာတွေကို PPE ဝတ်ပြီး ကိုယ်တိုင် သွေးပေါင်ချိန်တိုင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်း ၊ ကိုယ်တိုင် ကြည့်ရူမေးမြန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူးနော်။

ဒီအလုပ်တွေကို ဗော်လန်တီယာတွေက လုပ်ပေးတာပါ။ ဆရာဝန်ကြီးက ရုံးခန်းမှာ နေထိုင်ပြီး ညွန်ကြားကြီးကြပ်ပေးပါတယ်နော်။ဗော်လန်တီယာ ဆိုတာကလည်း ပရဟိတစိတ်ရှိသူ၊ သတ္တိရှိသူ၊ ကိုယ်ကျိုးစွန့်ပြီး အများအတွက် လာရောက် ကူညီပေးနေသူများ ဖြစ်ပါတယ်နော်။

ထို အလုပ်ကိုလည်း လူတိုင်းမလုပ်နိုင်ပါ လူအနည်းငယ်သာ လုပ်နိုင်ပါတယ်။အနံ့ပျောက်လူနာတွေကို စင်တာမှာ ခေါ်ထားတဲ့ ရည်ရွယ်ချက်က သူတို့ကို ဆေးစစ်ပေးဖို့၊ သူတို့မိသားစုတွေ အိမ်နီးနားချင်းတွေကို ထပ်မံမကူးစက်အောင်၊ ရောဂါလက္ခဏာ မပြင်းထန်သူတွေကို ကုသပေးဖို့

၊ ရောဂါပြင်းထန်ရင် ဆေးရုံကို လွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်နော်။ အိပ်ရာထိုင်ခင်း ၊ ရေမီး၊ အစားအသောက်တွေကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက အလှူရှင်များ၏ လှူဒါန်းငွေနဲ့ စီမံဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်နော်။

ကိုဗစ် ကူးစက်ရောဂါသည် တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အားလုံး ညီညွတ်မှ အောင်မြင်မှာပါနော်။ ဒါကြောင့် ပူးပေါင်းပေးပါ။ တချို့ အဆင်မပြေတာရှိရင်လည်း သည်းခံပေးကြပါနော်။source:Aung Kyaw Kyaw Oo

Tags:

Add a Comment

Your email address will not be published. Required fields are marked *