ေအာက္တုိဘာ(၃၀)ရက္ေန့တြင္ ေအာင္လအန္ဆန္းရဲ့ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲကို က်င္းပမည္

ေအာက္တုိဘာ(၃၀)ရက္ေန့တြင္ ေအာင္လအန္ဆန္းရဲ့ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲကို က်င္းပမည္

ONE ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္း၏ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲကိုေတာ့ ေအာက္တိုဘာ ၃၀ ရက္တြင္ က်င္းပမည္ ျဖစ္တယ္လို့ သိရပါတယ္။

ေအာင္လအန္ဆန္ဟာ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲအျဖစ္ နယ္သာလန္နိုင္ငံသား ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမွာ ျဖစ္ပါတယ္။ ONE Championship ဟာ ေအာက္တိုဘာ ၃၀ ရက္တြင္ Inside The Matrix အမည္နွင့္

က်င္းပမည့္ၿပိဳင္ပြဲမွာ ပါဝင္မည့္ ကမၻာ့ခ်န္ပီယံစိန္ေခၚပြဲ ေလးပြဲကို ထုတ္ျပန္ခဲ့ရာ ေအာင္လအန္ဆန္၏ တြဲဆိုင္းလည္း ပါဝင္ခဲ့ျခင္းျဖစ္တယ္ လို့ သိရပါတယ္။ကမၻာ့နိုင္ငံမ်ားတြင္ ျဖစ္ေပၚေနသည့္ ကိုဗစ္-၁၉ ေရာဂါအေျခအေနမ်ားေျကာင့္

ေအာင္လအန္ဆန္ဟာ  ယခုႏွစ္အတြင္းမွာ ပထမဆုံးပြဲကို ေအာက္တိုဘာမွ ယွဥ္ၿပိဳင္ထိုးသတ္ရျခင္းျဖစ္ပါတယ္။ ေအာင္လအန္ဆန္ဟာ  မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲကိုေတာ့ ၂၀၁၉ ခုႏွစ္ မတ္လက ေနာက္ဆုံးထိုးသတ္ခဲ့ၿပီးေတာ့ တစ္ႏွစ္ခြဲေက်ာ္ အၾကာမွ ျပန္လည္ထိုးသတ္ရျခင္း ျဖစ္ပါတယ္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲ ေလးပြဲေျမာက္အျဖစ္ ဒီရစ္ဒါႏွင့္ ထိုးသတ္ျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္သုံးပြဲစလုံး အနိုင္ရထားတာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္သည္ ဂ်ပန္နိုင္ငံသား ဟဆဲဂါဝါႏွင့္ ႏွစ္ပြဲ၊ လက္ဘႏြန္နိုင္ငံသား ကရာကီႏွင့္ တစ္ပြဲထိုးသတ္ထားရာ သုံးပြဲစလုံး အနိုင္ရၿပီးေတာ့ ခ်န္ပီယံဆုကာကြယ္ထားတာပါ။

ဒီရစ္ဒါသည္ ၁၂ ပြဲစလုံး အနိုင္ရကာ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားၿပီးေတာ့ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံဆုကို ကာကြယ္ခြင့္ရခဲ့ျခင္း ျဖစ္ပါတယ္။ ေအာင္လအန္ဆန္သည္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာက ေနာက္ဆုံးထိုးသတ္ခဲ့သည့္

လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲတြင္လည္း ဖိလစ္ပိုင္နိုင္ငံသား ဘရန္ဒန္ဗီရာကို အနိုင္ရထားခဲ့တာလဲ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္သည္ ONE Championship ၏ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံျဖစ္ၿပီးေတာ့

မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲသုံးပြဲ၊ လိုက္ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံကာကြယ္ပြဲ တစ္ပြဲ ထိုးသတ္ထားရာ ပြဲတိုင္းအနိုင္ရထားတာဘဲ ျဖစ္ပါတယ္ေနာ္။credit;စြယ္စံု သတင္းစံု

Unicode…အောက်တိုဘာ(၃၀)ရက်နေ့တွင် အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို ကျင်းပမည်

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကိုတော့ အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပမည် ဖြစ်တယ်လို့ သိရပါတယ်။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ ONE Championship ဟာ အောက်တိုဘာ ၃၀ ရက်တွင် Inside The Matrix အမည်နှင့်

ကျင်းပမည့်ပြိုင်ပွဲမှာ ပါဝင်မည့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ လေးပွဲကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်၏ တွဲဆိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်တယ် လို့ သိရပါတယ်။ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့်

အောင်လအန်ဆန်ဟာ  ယခုနှစ်အတွင်းမှာ ပထမဆုံးပွဲကို အောက်တိုဘာမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လက နောက်ဆုံးထိုးသတ်ခဲ့ပြီးတော့ တစ်နှစ်ခွဲကျော် အကြာမှ ပြန်လည်ထိုးသတ်ရခြင်း ဖြစ်ပါတယ်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ လေးပွဲမြောက်အဖြစ် ဒီရစ်ဒါနှင့် ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲစလုံး အနိုင်ရထားတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့် တစ်ပွဲထိုးသတ်ထားရာ သုံးပွဲစလုံး အနိုင်ရပြီးတော့ ချန်ပီယံဆုကာကွယ်ထားတာပါ။

ဒီရစ်ဒါသည် ၁၂ ပွဲစလုံး အနိုင်ရကာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီးတော့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာက နောက်ဆုံးထိုးသတ်ခဲ့သည့်

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင်လည်း ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အနိုင်ရထားခဲ့တာလဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်သည် ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီးတော့

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲသုံးပွဲ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ထားရာ ပွဲတိုင်းအနိုင်ရထားတာဘဲ ဖြစ်ပါတယ်နော်။credit;စွယ်စုံ သတင်းစုံ

Tags:

Add a Comment

Your email address will not be published. Required fields are marked *