ဝဋ်ကြွေးကြောင့် မီးလောင်ခံခဲ့ရတဲ့ အကြောင်းကို ပြောလာတဲ့ သရုပ်ဆောင် မင်းထက်ကျော်ဇင်

ဝဋ်ကြွေးကြောင့် မီးလောင်ခံခဲ့ရတဲ့ အကြောင်းကို ပြောလာတဲ့ မင်းထက်ကျော်ဇင်

မင်းသား မင်းထက်ကျော်ဇင်ဟာ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတလက်ဖြစ်ပါတယ်နော်။ယခု လက်ရှိမှာလည်း အနုပညာလောကထဲကို တတိယအကြိမ်မြောက် ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်နော်။

မင်းသားအဖြစ်နဲ့ အရှိန်အဟုန်ကောင်းစွာ အောင်မြင်နေစဉ်အချိန်မှာပဲ မတော်တဆ မီးလောင်ခံခဲ့ရတာကြောင့်ဘဲ အနုပညာအလုပ်များ ရပ်နားလိုက်ရပြီးတော့ ပရိတ်သတ်နဲ့ အဆက်အသွယ် ပြတ်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ခဲ့စဉ်က အချိန်နဲ့ ပက်သက်ပြီးတော့ အခုလိုပဲ ပြောပြခဲ့တာပါ။မင်းထက်ကျော်ဇင် ပြောခဲ့တာကတော့ တာမွေတိုက်ခန်းမှာ နေတုန်းက ဖြစ်ခဲ့တာပါ။ တိုက်ခန်းဆိုတော့ အောက်မှာက အုတ်ရေကန်ပေါ့ အဲ့ပေါ်မှာ ထပ်ပြီး

သံတိုင်ကီ အဲ့လို တင်ထားတာ။သံတိုင်ကီက ဆွေးပြီးပေါက်နေတော့ တက်ဖာတာပေါ့။ ရေတိုင်ကီထဲ ဝင်ပြီးတော့ ဖာနေတုန်းမှာဘဲ မီးပေါ့ဆပြီး ဖယောင်းတိုင်မီးကနေ မီးထတတောက်တာ။လူက ရေတိုင်ကီထဲ ဝင်နေတာဆိုတော့ မျက်နှာက မီးဟပ်သွားတယ်။ လက်ကတော့ ဒါရိုက်မီးဆွဲသွားတယ်။

မျက်နှာ ဘယ်ဘက်တခြမ်းဆိုရင် ရေကြည်အိတ်တွေထပြီးတော့ အသားက လန်သွားတာပေါ့။ မျက်ခုံးမွှေးတွေ မျက်တောင်မွှေးတွေ တဝက်လောက်တိုသွားတာပေါ့။ မီးက အင်္ကျီကိုလည်း စွဲတယ်။ ဘယ်ဘက်တခြမ်း ဂုတ်တွေ လည်ပင်းတွေ မီးဟပ်သွားတယ်။၂ နှစ်လောက် ပေးဆပ်လိုက်ရတယ်။

တော်သေးတာက မျက်နှာက နဂိုအတိုင်း ပြန်ဖြစ်သွားလို့။ဆရာကြီး ဒေါက်တာ သက်ထားဝေက ရေကြည်အိတ်တွေ လန်သွားတဲ့ အသွားတွေကို ပြန်ကပ်ပေးလိုက်တာပေါ့။ မဟုတ်ရင်တော့ မျက်နှာမှာ မီးလောင်ဒဏ်ရာအဖြစ်

အဖြူကွက်ကြီး ဖြစ်နေမှာ။ ကျွန်တော်က ၁၉၉၉ခုနှစ်က အနုပညာလောကထဲ ဝင်တာဆိုတော့ ၂၀၀၂ ၂၀၀၃ လောက်က အရမ်း အရှိန်ကောင်းနေတဲ့ အချိန်တွေပေါ့။ အရမ်း အရှိန်ကောင်းနေတဲ့ အချိန်ဆိုတော့ လက်ခံထားတဲ့ ရုပ်ရှင်တွေ သီချင်းဗွီဒီယိုတွေ ရပ်လိုက်ရတာ

လူကလည်း ၂ ပတ်လောက် စိတ်ဓာတ်ကျသွားတာပေါ့။အနုပညာအလုပ်ကို ၂ နှစ် နားလိုက်ရတယ်။ ပထမ တနှစ်က အပြင်လုံးဝထွက်လို့မရဘူး။ နေရောင်ခြည်ကို မဟုတ်ပဲ day light ကို အထိမခံပါနဲ့ ပြောတော့ ပထမ ၆ လက အဲ့လို အထိခံလို့ မရဘူး​။

မျက်နှာ မည်းသွားနိုင်တာပေါ့။ နောက် ၆ လကတော့ နေရောင်ခြည်ကို တိုက်ရိုက် မထိခိုင်းဘူး။ အပြင်ထွက်မယ်ဆိုရင် နေရောင်ခြည်ကာတဲ့ ဟာလည်း လိမ်း ထီးလည်းဆောင်း အဲ့လိုလုပ်ပြီးမှ ထွက်ရတယ်။

အဲ့ဒါကြောင့် ၁ နှစ်လောက်က နေရောင်ခြည်လုံးဝထိလို့ မရဘူး။ ဇာတ်ကားရိုက်တဲ့အခါကျ နေရောင်ခြည်အပြင် မီးထိုး မှန်ထိုးတွေပါ ရှိတဲ့အခါကျ ဇာတ်ကားရိုက်ဖို့တော့ လုံးဝမဖြစ်နိုင်ဘူးပေါ့။ နောက် ၆ လကျတော့လည်း ထိလို့တော့ ရပေမဲ့ အကြာကြီး မရတော့ ၁ နှစ်ခွဲလောက် နားလိုက်ရတယ်။

ဖေဖေ့ အကူအညီနဲ့ဘဲ အရေပြား အထူးကု ဆရာဝန်ကြီးကို ဆက်သွယ်ပြီး ကုသခဲ့တယ်။ အရည်ကြည်အိတ်တွေကို အပ်နဲ့ဖောက်ပြီးတော့ skin dressing လုပ်ပြီး ပြန်ကပ်ပေးလိုက်တယ်။ လက်ကိုကျတော့ ပေါင်က အသားကို လှီးပြီးတော့ ပြန်ကပ်ပေးလိုက်တာ။

လက်ကတော့ အကြောသေသွားနိုင်တယ်ပေါ့။အတွင်းထဲထိ လောင်သွားတာဆိုတော့ ချိုင့်လည်း ချိုင့်သွားတယ်။ မျက်နှာကတော့ ရှိပြီးသား အသားအရည်ကိုပဲ အရည်ကြည်အိတ်တွေ ဖောက်တယ် ဂွမ်းတွေခံပြီးတော့ မျက်နှာကို ပတ်တီးတွေ တင်းနေအောင်စည်းပြီး နေရတော့

တပတ်လောက်ကတော့ လှိမ့်နေအောင် ခံရတယ်။ ထမင်းလည်း စားလို့မရဘူး။ထမင်းကို တစိချင်းထိုးထည့် လူကလည်း မျက်ရည်တွေကျပေါ့။ မျက်နှာပျက်ပြီပဲ ထင်တာ ကံကောင်းသွားတာပေါ့။ မဟုတ်ရင် ဒီလောကထဲ ပြန်ရောက်လာစရာကို အကြောင်းမရှိဘူး။

ဖေဖေရှိနေပေးခဲ့ပြီး ကူညီခဲ့လို့ အခုလောက်ထိ အဆင်ပြေခဲ့တာပါ။ မျက်နှာက မီးဟပ်သွားတာဆိုတော့ ဒီလောက်မခံရပေမဲ့ လက်ကတော့ တိုက်ရိုက် ၁ မိနစ်ကြာလောက် လောင်သွားတာဆိုတော့ တော်တော်ကို ခံရတယ်။

တကယ် သံဝေဂလည်း ရတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မီးလောင်ခံရတယ်ဆိုတော့ ဝဋ်ကြွေး ဆပ်ရတာပေါ့ ဆိုပြီးတော့ ပြောပြခဲ့တာပါ။ဖတ်ရူအားပေးကြတဲ့ ချစ်ပရိတ်ကြီးလဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။credit:san kyi pyar

Add a Comment

Your email address will not be published. Required fields are marked *