ေဖာင္ႀကီးေဆး႐ုံမွာရွိတဲ့ က်န္းမာေရး ဝန္ထမ္းေတြ မလုပ္ ခ်င္ ဆုံး အလုပ္တစ္ခု 

ေဖာင္ႀကီးေဆး႐ုံ က က်န္းမာေရး ဝန္ထမ္းေတြ မလုပ္ ခ်င္ ဆုံး အလုပ္ တခု

ေဖာင္ႀကီးမွာ ဂ်ဴ တီ ဆင္းရတဲ့ခ်ိန္မွာ စိတ္မေကာင္းအျဖစ္ရဆုံးဟာ ဆုံးသြားတဲ့ လူနာရဲ႕ ေဆြမ်ိဳးေတြကို ဖုန္းဆက္အေၾကာင္းၾကားရတာပါဘဲ။

ေဝဘာဂီမွာက်ေတာ့ အဲဒီကိစၥကို ward ထဲကပဲ တာဝန္ယူေတာ့ ကိုယ္ေတြနဲ႔ သိပ္မဆိုင္လွဘူးေနာ္။ဒီမွာက်ေတာ့ ဆုံးသြားၿပီဆို တဲ့ အေၾကာင္း လူနာရွင္ကို ဖုန္းဆက္ေျပာရတဲ့အခါ အခုဘယ္မွာလဲလို႔ အၿမဲလိုေမးမိပါတယ္။

ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔က Q ေနတာပါ၊ P ထြက္လို႔လာေခၚတာကို ေစာင့္ေနတာပါ။ဘယ္မွာေနရမယ္မွန္းေတာင္ မသိေသးပါဘူး။ ဆိုတာေတြ ၾကားရတဲ့အခါ စိတ္မေကာင္း ေတာ္ေတာ္ျဖစ္ရပါတယ္ဗ်ာ။

သူတို႔က ကိုယ့္မိဘေသလို႔မွ သၿဂိဳလ္ခြင့္မရွိတဲ့ ဘဝ ျဖစ္ေနျပီ။ သၿဂိဳလ္တဲ့ အခါ ေဆြမ်ိဳးသားခ်င္း ၃ ေယာက္ လာခြင့္ျပဳတယ္ဆိုလို႔ လာမလားလို႔ ေမးတဲ့အခါမွာလည္း Q ဝင္ေနရလို႔ လာလို႔မရပါဘူး

ဆရာမရယ္ဆိုတာမ်ိဳး။အေဖ့ဖုန္းေလးနဲ႔ မ်က္မွန္ေလး သိမ္းထားခ်င္လို႔ပါ Q မဝင္ရတဲ့ အမ်ိဳးေတြ လႊတ္လိုက္မယ္ ေပးလို႔ရမလားတဲ့။အေလာင္းလာသယ္တဲ့သူေတြကိုေတာ့ တတ္ႏိုင္သမွ် ေျပာေပးလိုက္တယ္၊

ရမရေတာ့မသိဘူး။ကိုယ့္မိဘရဲ႕ အမွတ္တရ ပစၥည္းေလးေတာင္ သိမ္းခြင့္ ရမရ မေသခ်ာတဲ့ဘဝေတ ျဖစ္ေနျပီ။ေနာက္တစ္ခုကေတာ့ အသက္ရႉ ပိုက္ထည့္ဖို႔ လူနာရွင္ရဲ႕ သေဘာတူညီခ်က္ ေတာင္းရတဲ့အခါမွာလည္း ဖုန္းထဲကေန အသက္ရႉပိုက္ထည့္ရင္

အေျခအေနေကာင္းလာမွာလားလို႔ ေမးခံရတဲ့အခါ အမွန္တိုင္းေျဖရတာ ေတာ္ေတာ္ခက္တာပါပဲ။တကယ္ကို မေျဖခ်င္မိပါဘူး။လူနာေတြ အနားေရာက္တဲ့အခါ ေနေကာင္းေအာင္ေနဖို႔ ၊စိတ္ဓာတ္မက်ဖို႔၊ ေနေကာင္းရင္

ကပ္ႀကီးၿပီးရင္ ေတြ႕ၾကမယ္ေနာ္လို႔ ေျပာျဖစ္တယ္။တစ္ေန႔တစ္ေန႔ ICU ကို ဖုန္းဆက္ၿပီး အေမ့ကို၊ အေဖ့ကို၊ အစ္ကို႔ကို ဖုန္းဆက္မရလို႔၊ ဖုန္းမကိုင္လို႔ စိတ္ပူလို႔၊ အေျခအေနေကာင္းရဲ႕လား၊ အခုဘယ္ Q center မွာပါ၊

အခု ဘယ္ကို ေ႐ႊ႕ရပါၿပီ ေျပာေပးပါဦး ဆရာမရယ္ ဆိုတာေတြကို ျပန္ေျဖရတဲ့အခါလူနာ အေျခအေနရွင္းျပရင္း၊ သူတို႔ေျပာေပးတာေတြ ျပန္ေျပာေပးပါ့မယ္ဆိုတာ ေျပာရင္း ေနေကာင္းေအာင္ေနၾကေနာ္၊

က်န္းမာပါေစဆိုတာေလး အၿမဲေျပာျဖစ္တယ္။ကိုယ္တတ္ႏိုင္တာကဒါပါပဲဗ်ာ။ဒီကပ္ႀကီးကို ျမန္ျမန္ၿပီးေစခ်င္ လွပါၿပီ။ျမန္မာျပည္ျကီးလည္း အျမန္ေနေကာင္းပါေတာ့ဗ်ာ။credit;Han Nyein Oo

Unicode…ဖောင်ကြီးဆေးရုံ က ကျန်းမာရေး ဝန်ထမ်းတွေ မလုပ် ချင် ဆုံး အလုပ် တခု

ဖောင်ကြီးမှာ ဂျူ တီ ဆင်းရတဲ့ချိန်မှာ စိတ်မကောင်းအဖြစ်ရဆုံးဟာ ဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတွေကို ဖုန်းဆက်အကြောင်းကြားရတာပါဘဲ။

ဝေဘာဂီမှာကျတော့ အဲဒီကိစ္စကို ward ထဲကပဲ တာဝန်ယူတော့ ကိုယ်တွေနဲ့ သိပ်မဆိုင်လှဘူးနော်။ဒီမှာကျတော့ ဆုံးသွားပြီဆို တဲ့ အကြောင်း လူနာရှင်ကို ဖုန်းဆက်ပြောရတဲ့အခါ အခုဘယ်မှာလဲလို့ အမြဲလိုမေးမိပါတယ်။

ကျွန်တော်တို့၊ ကျွန်မတို့က Q နေတာပါ၊ P ထွက်လို့လာခေါ်တာကို စောင့်နေတာပါ။ဘယ်မှာနေရမယ်မှန်းတောင် မသိသေးပါဘူး။ ဆိုတာတွေ ကြားရတဲ့အခါ စိတ်မကောင်း တော်တော်ဖြစ်ရပါတယ်ဗျာ။

သူတို့က ကိုယ့်မိဘသေလို့မှ သဂြိုလ်ခွင့်မရှိတဲ့ ဘဝ ဖြစ်နေပြီ။ သဂြိုလ်တဲ့ အခါ ဆွေမျိုးသားချင်း ၃ ယောက် လာခွင့်ပြုတယ်ဆိုလို့ လာမလားလို့ မေးတဲ့အခါမှာလည်း Q ဝင်နေရလို့ လာလို့မရပါဘူး

ဆရာမရယ်ဆိုတာမျိုး။အဖေ့ဖုန်းလေးနဲ့ မျက်မှန်လေး သိမ်းထားချင်လို့ပါ Q မဝင်ရတဲ့ အမျိုးတွေ လွှတ်လိုက်မယ် ပေးလို့ရမလားတဲ့။အလောင်းလာသယ်တဲ့သူတွေကိုတော့ တတ်နိုင်သမျှ ပြောပေးလိုက်တယ်၊

ရမရတော့မသိဘူး။ကိုယ့်မိဘရဲ့ အမှတ်တရ ပစ္စည်းလေးတောင် သိမ်းခွင့် ရမရ မသေချာတဲ့ဘဝတေ ဖြစ်နေပြီ။နောက်တစ်ခုကတော့ အသက်ရှူ ပိုက်ထည့်ဖို့ လူနာရှင်ရဲ့ သဘောတူညီချက် တောင်းရတဲ့အခါမှာလည်း ဖုန်းထဲကနေ အသက်ရှူပိုက်ထည့်ရင်

အခြေအနေကောင်းလာမှာလားလို့ မေးခံရတဲ့အခါ အမှန်တိုင်းဖြေရတာ တော်တော်ခက်တာပါပဲ။တကယ်ကို မဖြေချင်မိပါဘူး။လူနာတွေ အနားရောက်တဲ့အခါ နေကောင်းအောင်နေဖို့ ၊စိတ်ဓာတ်မကျဖို့၊ နေကောင်းရင်

ကပ်ကြီးပြီးရင် တွေ့ကြမယ်နော်လို့ ပြောဖြစ်တယ်။တစ်နေ့တစ်နေ့ ICU ကို ဖုန်းဆက်ပြီး အမေ့ကို၊ အဖေ့ကို၊ အစ်ကို့ကို ဖုန်းဆက်မရလို့၊ ဖုန်းမကိုင်လို့ စိတ်ပူလို့၊ အခြေအနေကောင်းရဲ့လား၊ အခုဘယ် Q center မှာပါ၊

အခု ဘယ်ကို ရွှေ့ရပါပြီ ပြောပေးပါဦး ဆရာမရယ် ဆိုတာတွေကို ပြန်ဖြေရတဲ့အခါလူနာ အခြေအနေရှင်းပြရင်း၊ သူတို့ပြောပေးတာတွေ ပြန်ပြောပေးပါ့မယ်ဆိုတာ ပြောရင်း နေကောင်းအောင်နေကြနော်၊

ကျန်းမာပါစေဆိုတာလေး အမြဲပြောဖြစ်တယ်။ကိုယ်တတ်နိုင်တာကဒါပါပဲဗျာ။ဒီကပ်ကြီးကို မြန်မြန်ပြီးစေချင် လှပါပြီ။မြန်မာပြည်ကြီးလည်း အမြန်နေကောင်းပါတော့ဗျာ။credit;Han Nyein Oo

Tags:

Add a Comment

Your email address will not be published. Required fields are marked *