












Unicode…ဘုရားပန်းအိုး လဲတဲ့ခါ ပန်းအရိုးတံ ပုပ်တာ မဖြစ်ပဲ ပန်းကြာကြာ ခံအောင် ပြုလုပ်နည်း လျှို့ဝှက်ချက်

ပန်းအိုး ထိုးတဲ့ အခါမှာ ပန်းတွေကိုအကြာကြီး ခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်နော်။ အလုပ်ခုံမှာလည်း အလှ ပန်းအိုး ထိုးတာမျိုး ဖြစ်ဖြစ်ဘသင့် အိမ် ဧည့်ခန်းမှာ အလှဆင် တာမျိုးနဲ့ ဘုရားမှာ ပန်းအိုး ထိုးပြီးတော့

ပန်းကပ် ပူဇော်တဲ့အခါလည်း ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့ သွားတတ်လို့ စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်နော်။ယခု နည်းလမ်းတွေ ကတော့ ပန်းအိုးထိုးတဲ့အခါမှာ ပန်းတွေကို ကြာကြာ ခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်နော်။

(၁) ပန်းတွေ ဝယ်လာတဲ့ အခါ ရေဆေးပြီးတော့ ပန်းအိုး ထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲနဲ့ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး

ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်နော်။ အဲ့လို ပြုလုပ်ပေးခြင်းက ပန်းတွေကို ရေစုပ်အား ပိုမို ကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်နော်။

( ၂ ) ပန်းအိုးထိုးတဲ့ အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာပါနော်။အဲ့လို ပြုလုပ်ပေးခြင်းက ရက်အနည်းငယ် ကြာတဲ့အခါမှာ

ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့ မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်ပြီးတော့ ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်း မြန်တာမျိုးကိုလည်း မဖြစ်စေ နိုင်ပါဘူးနော်။

( ၃ ) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ်မှာ မူတည်ပြီးတော့ ရေကို ရက်ခြား ဆိုသလိုဘဲ ပုံမှန် လဲလှယ် ပေးသင့်ပါတယ်နော်။ ရေလဲတဲ့ အခါတိုင်းမှာ ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်နော်။

( ၄ ) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ် ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း စာခန့် ထည့်ပေးခြင်းကလည်း ပန်းတွေကို ကြာကြာ ခံစေနိုင်တဲ့ အပြင် ပန်းအိုးထဲကရေတွေ ကြာတဲ့အခါ အနံ့ အသက် မကောင်းတော့ တာမျိုးလည်း မဖြစ်စေနိုင်ပါဘူးနော်။

( ၅ ) ပန်းတွေ ကြာကြာ ခံစေမယ့် နောက်ထပ် နည်းလမ်းကောင်း က ပန်းအိုးထိုးတဲ့အခါတိုင်းမှာ ပန်းအိုးထဲက ရေထဲကို ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့

သကြား လက်ဖက်ရည်ဇွန်း တဝက် စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်က ပန်းအရိုးတံ တွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို

သေစေနိုင်ပြီးတော့ သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်နော်။ credit;ဟယ်လ်သင်(ဧရာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *