အေျခာက္က အေျခာက္လို မေနဘူးဆိုတဲ့ ေဝဖန္မႈနဲ႔ ပက္သက္ၿပီးေတာ့ ဒဲ့ေျဖရွင္းလိုက္တဲ့ မ်ိဳးကိုကိုစန္း 

အေျခာက္က အေျခာက္လို မေနဘူးဆိုတဲ့ ေဝဖန္မႈနဲ႔ ပက္သက္ၿပီးေတာ့ ဒဲ့ေျဖရွင္းလိုက္တဲ့ မ်ိဳးကိုကိုစန္း

မိန္းကေလး အစစ္ေတြက အရႈံးေပးရေလာက္ေအာင္ လွပတဲ့ မင္းသမီးေလး မ်ိဳးကိုကိုစန္းကေတာ့ အႏုပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ စိတ္ထားေျပာင္းလဲထားၿပီးေတာ့ မိန္းကေလးတေယာက္လိုမ်ဳိး

ျပဳမူေနထိုင္ျပီးေတာ့ ယဥ္ေက်းတဲ့ အမူအရာေလးမ်ားေၾကာင့္ မနာလိုသူတခ်ိဳ႕ရဲ႕ ေဝဖန္မႈကို ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။အခုလို ေဝဖန္မႈေတြနဲ႔ ပက္သက္ၿပီးေတာ့ မ်ိဳးကိုကိုစန္းဟာ အခုလိုပဲ တုန္႔ျပန္ခဲ့ပါတယ္ေနာ္။

မ်ိဳးကိုကိုစန္းက ဆိုရွယ္မီဒီယာမွာ ေရးသားထားတာကေတာ့ ေမြးလာကတည္းက ေယာက္်ားေလးအေနနဲ႔ ေမြးဖြားလာခဲ့သလို ကိုယ္ေမြးဖြားလာတဲ့ဘဝနဲ႔ရွင္သန္ေနထိုင္ဖို႔ ဆႏၵမရွိလို႔ အမ်ိဳးသမီးဘဝကိုေျပာင္းလဲခဲ့ၿပီးပါၿပီ။

ဘာလို႔ ေျပာင္းလဲ ေမးရင္ မိန္းမဘဝလိုခ်င္လို႔ ေျပာင္းလဲလိုက္တာဒါပါပဲ။ အမ်ိဳးသမီးဘဝျဖစ္လာတာနဲ႔အညီ လူမႈဆက္ဆံေရးမွာ သတိအရမ္းထားရပါတယ္။ အထူးသျဖင့္ public လူျမင္ကြင္းလိုေနရာမ်ိဳးမွာေပါ့။

ဘယ္ေသာအခါမွ လူျမင္ကြင္းလိုေနရာမ်ိဳးမွာ ေယာက္်ားေလးေတြနဲ႔ ပတ္သတ္လာရင္ စကားေျပာရမွာ ပတ္သတ္ရမွာေတြကို ေရွာင္ပါတယ္။ဒါဟာ ေခ်တာမဟုတ္သလို ဘဝင္ျမင့္တာလည္း မဟုတ္ရပါဘူး။

lgbtေတြနဲ႔ပတ္သတ္လာရင္ တစ္ခ်ိဳ႕ေသာသူေတြရဲ႕ အေတြးက -ိင္ကိစၥ ကုတင္ေပၚက ကိစၥေတြနဲ႔ အၿမဲတမ္းတြဲျမင္ေနၾကလို႔ပါပဲ ။ ကိုယ္သိတဲ့ခင္တဲ့ သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္း ေယာက္်ားေလးကလြဲရင္ အျပင္ဘယ္သူစိမ္းကိုေယာက္်ားေလးကိုမွ လိုအပ္တာထက္ စကားပိုမေျပာပါဘူး။

ဒါဟာ မိန္းကေလးဘဝေၾကာင့္ရယ္ ကိုယ္လက္ရွိေရာက္ေနတဲ့ အေနအထားတစ္ခုအေပၚမွာ ကိုယ့္ကိုကိုယ္ သတိေပး ထိန္းသိမ္းျခင္းပါပဲ။ေနာက္ၿပီး တစ္ခ်ိဳ႕LGBTေတြ ထင္ေကာင္းထင္ပါလိမ့္မယ္ LGBTလို႔ ကိုယ့္ကိုကိုယ္မသတ္မွတ္ဘူး။

မိန္းမအစစ္ျဖစ္သြားၿပီထင္ေနလားဆိုတဲ့ စကားေတြ ျမင္ရၾကားရပါတယ္။ လူရယ္လို႔ ျဖစ္လာခဲ့ရင္ ကိုယ္လုပ္စရာရွိတဲ့ အလုပ္ေတြကိုလုပ္ရပါတယ္ အၿမဲတမ္း ကြၽန္မ Lgbtပါဆိုၿပီး ေျပာေနရမွာလား။

ေနာက္ၿပီး အေျခာက္က အေျခာက္လို မေနဘူးဆိုေတာ့ အေျခာက္လိုေနတာ ဘယ္လိုမ်ားလဲ တကယ္သိခ်င္မိပါတယ္။မိန္းကေလးျဖစ္ခ်င္လို႔ မိန္းမဘဝကိုခြဲစိတ္ထားတာျဖစ္တဲ့အတြက္ အၿမဲမိန္းမစိတ္ပဲသြင္းပါတယ္။

LGBTျဖစ္တာ ဂုဏ္ငယ္စရာရွက္စရာလို႔ မေတြးခဲ့သလို ဘယ္LGBTမွ အျပင္မွာ မတူမတန္ဆက္ဆံခဲ့ဘူးတာ မရွိပါဘူး။ ႀကီးတဲ့သူဆို ႀကီးတဲ့သူအေလ်ာက္ ဂါရဝျပဳသလို ငယ္သူဆို ငယ္သူအေလ်ာက္ ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးခဲ့တာပါပဲ။

အေဝးကေန ၾကည့္ေနၿပီး ေခ်တယ္ထင္ေနရင္ေတာ့ ကိုကိုလည္းအဲ့အေပၚ ဘာမွ မတတိႏိုင္ေတာ့ပါဘူးရွင္။ဒါေပမဲ့ ဘယ္ LGBTမေကာင္းေၾကာင္းမွ ႏႈတ္က မေျပာခဲ့ဖူးသလို ေျပာဖို႔လည္း ဝါသနာမပါပါဘူး။ ရန္မမ်ားခ်င္လို႔ ေအးေဆးေနေနတာပါ။

အခုေလွ်ာက္ေနတဲ့လမ္းက တကယ္ကို ပင္ပန္းခက္ခဲပါတယ္။ သာမန္မိန္းကေလးတစ္ေယာက္ေတာင္ရပ္တည္ဖို႔ ခက္ခဲေနတဲ့ အခ်ိန္မွာ ကိုကို႔အတြက္ဆို ပိုေတာင္ခက္ခဲပါေသးတယ္။ အိမ္က ဒီအလုပ္ေတြ မလုပ္ေတာ့ဖို႔ တားေပမဲ့ မျဖစ္ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ရပ္တည္ေနတာပါ။

လာသမွ် အလုပ္တိုင္းကိုလည္း မလုပ္သလို အလုပ္လည္းေ႐ြးပါတယ္ ကိုကို႔ကို အားေပးေနတဲ့သူေတြအတြက္ပါ။ LGBT ျဖစ္လို႔ သူ႔ကို မသုံးပါနဲ႔လားတို႔ သူနဲ႔႐ိုက္မဲ့အစား တစ္ျခားတစ္ေယာက္နဲ႔႐ိုက္ပါလားဆိုတာေတြလည္းႀကဳံခဲ့ဖူးပါၿပီ။

ကိုကို ကိုယ္တိုင္ကလည္း မ်ိဳးကိုကိုစန္းနဲ႔႐ိုက္ရမွ အဆင္ေျပမယ္ သူမွမဟုတ္ရင္ လက္တြဲမလုပ္ခ်င္ဘူးဆိုတဲ့သူေတြလည္း ႀကဳံခဲ့ဖူးပါတယ္။ အၿမဲတမ္းစိတ္ထဲမွာ ေက်းဇူးတင္ေလးစားမိပါတယ္။

ဒီစာေလးဖတ္ၿပီး အျမင္ကေလးေတြမတူတာရွိရင္ cmtမွာ ေရးေပးခဲ့ၾကပါ။ ကိုကိုလည္း ျပင္စရာရွိရင္ျပင္လို႔ရတာေပါ့ ကိုကို မွားေနတာေလးေတြရွိရင္

သတိထားလို႔ရတာေပါ့။ ဆိုျပီးေတာ့ သူမျဖစ္ေနတာကုိ ေျပာျပလာခဲ့တာ ျဖစ္ပါတယ္ေနာ္။ခ်စ္ပရိတ္သတ္ျကီးလည္း သာယာေပ်ာ္ရြွင္တဲ့ ေန့ေလးကုိ ပုိင္ဆုိင္နု္င္ျကပါေစေနာ္။credit:san kyi par

Unicode…အခြောက်က အခြောက်လို မနေဘူးဆိုတဲ့ ဝေဖန်မှုနဲ့ ပက်သက်ပြီးတော့ ဒဲ့ဖြေရှင်းလိုက်တဲ့ မျိုးကိုကိုစန်း

မိန်းကလေး အစစ်တွေက အရှုံးပေးရလောက်အောင် လှပတဲ့ မင်းသမီးလေး မျိုးကိုကိုစန်းကတော့ အနုပညာလုပ်ငန်းများကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စိတ်ထားပြောင်းလဲထားပြီးတော့ မိန်းကလေးတယောက်လိုမျိုး

ပြုမူနေထိုင်ပြီးတော့ ယဉ်ကျေးတဲ့ အမူအရာလေးများကြောင့် မနာလိုသူတချို့ရဲ့ ဝေဖန်မှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။အခုလို ဝေဖန်မှုတွေနဲ့ ပက်သက်ပြီးတော့ မျိုးကိုကိုစန်းဟာ အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်နော်။

မျိုးကိုကိုစန်းက ဆိုရှယ်မီဒီယာမှာ ရေးသားထားတာကတော့ မွေးလာကတည်းက ယောက်ျားလေးအနေနဲ့ မွေးဖွားလာခဲ့သလို ကိုယ်မွေးဖွားလာတဲ့ဘဝနဲ့ရှင်သန်နေထိုင်ဖို့ ဆန္ဒမရှိလို့ အမျိုးသမီးဘဝကိုပြောင်းလဲခဲ့ပြီးပါပြီ။

ဘာလို့ ပြောင်းလဲ မေးရင် မိန်းမဘဝလိုချင်လို့ ပြောင်းလဲလိုက်တာဒါပါပဲ။ အမျိုးသမီးဘဝဖြစ်လာတာနဲ့အညီ လူမှုဆက်ဆံရေးမှာ သတိအရမ်းထားရပါတယ်။ အထူးသဖြင့် public လူမြင်ကွင်းလိုနေရာမျိုးမှာပေါ့။

ဘယ်သောအခါမှ လူမြင်ကွင်းလိုနေရာမျိုးမှာ ယောက်ျားလေးတွေနဲ့ ပတ်သတ်လာရင် စကားပြောရမှာ ပတ်သတ်ရမှာတွေကို ရှောင်ပါတယ်။ဒါဟာ ချေတာမဟုတ်သလို ဘဝင်မြင့်တာလည်း မဟုတ်ရပါဘူး။

lgbtတွေနဲ့ပတ်သတ်လာရင် တစ်ချို့သောသူတွေရဲ့ အတွေးက -ိင်ကိစ္စ ကုတင်ပေါ်က ကိစ္စတွေနဲ့ အမြဲတမ်းတွဲမြင်နေကြလို့ပါပဲ ။ ကိုယ်သိတဲ့ခင်တဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ယောက်ျားလေးကလွဲရင် အပြင်ဘယ်သူစိမ်းကိုယောက်ျားလေးကိုမှ လိုအပ်တာထက် စကားပိုမပြောပါဘူး။

ဒါဟာ မိန်းကလေးဘဝကြောင့်ရယ် ကိုယ်လက်ရှိရောက်နေတဲ့ အနေအထားတစ်ခုအပေါ်မှာ ကိုယ့်ကိုကိုယ် သတိပေး ထိန်းသိမ်းခြင်းပါပဲ။နောက်ပြီး တစ်ချို့LGBTတွေ ထင်ကောင်းထင်ပါလိမ့်မယ် LGBTလို့ ကိုယ့်ကိုကိုယ်မသတ်မှတ်ဘူး။

မိန်းမအစစ်ဖြစ်သွားပြီထင်နေလားဆိုတဲ့ စကားတွေ မြင်ရကြားရပါတယ်။ လူရယ်လို့ ဖြစ်လာခဲ့ရင် ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကိုလုပ်ရပါတယ် အမြဲတမ်း ကျွန်မ Lgbtပါဆိုပြီး ပြောနေရမှာလား။

နောက်ပြီး အခြောက်က အခြောက်လို မနေဘူးဆိုတော့ အခြောက်လိုနေတာ ဘယ်လိုများလဲ တကယ်သိချင်မိပါတယ်။မိန်းကလေးဖြစ်ချင်လို့ မိန်းမဘဝကိုခွဲစိတ်ထားတာဖြစ်တဲ့အတွက် အမြဲမိန်းမစိတ်ပဲသွင်းပါတယ်။

LGBTဖြစ်တာ ဂုဏ်ငယ်စရာရှက်စရာလို့ မတွေးခဲ့သလို ဘယ်LGBTမှ အပြင်မှာ မတူမတန်ဆက်ဆံခဲ့ဘူးတာ မရှိပါဘူး။ ကြီးတဲ့သူဆို ကြီးတဲ့သူအလျောက် ဂါရဝပြုသလို ငယ်သူဆို ငယ်သူအလျောက် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တာပါပဲ။

အဝေးကနေ ကြည့်နေပြီး ချေတယ်ထင်နေရင်တော့ ကိုကိုလည်းအဲ့အပေါ် ဘာမှ မတတိနိုင်တော့ပါဘူးရှင်။ဒါပေမဲ့ ဘယ် LGBTမကောင်းကြောင်းမှ နှုတ်က မပြောခဲ့ဖူးသလို ပြောဖို့လည်း ဝါသနာမပါပါဘူး။ ရန်မများချင်လို့ အေးဆေးနေနေတာပါ။

အခုလျှောက်နေတဲ့လမ်းက တကယ်ကို ပင်ပန်းခက်ခဲပါတယ်။ သာမန်မိန်းကလေးတစ်ယောက်တောင်ရပ်တည်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ကိုကို့အတွက်ဆို ပိုတောင်ခက်ခဲပါသေးတယ်။ အိမ်က ဒီအလုပ်တွေ မလုပ်တော့ဖို့ တားပေမဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ရပ်တည်နေတာပါ။

လာသမျှ အလုပ်တိုင်းကိုလည်း မလုပ်သလို အလုပ်လည်းရွေးပါတယ် ကိုကို့ကို အားပေးနေတဲ့သူတွေအတွက်ပါ။ LGBT ဖြစ်လို့ သူ့ကို မသုံးပါနဲ့လားတို့ သူနဲ့ရိုက်မဲ့အစား တစ်ခြားတစ်ယောက်နဲ့ရိုက်ပါလားဆိုတာတွေလည်းကြုံခဲ့ဖူးပါပြီ။

ကိုကို ကိုယ်တိုင်ကလည်း မျိုးကိုကိုစန်းနဲ့ရိုက်ရမှ အဆင်ပြေမယ် သူမှမဟုတ်ရင် လက်တွဲမလုပ်ချင်ဘူးဆိုတဲ့သူတွေလည်း ကြုံခဲ့ဖူးပါတယ်။ အမြဲတမ်းစိတ်ထဲမှာ ကျေးဇူးတင်လေးစားမိပါတယ်။

ဒီစာလေးဖတ်ပြီး အမြင်ကလေးတွေမတူတာရှိရင် cmtမှာ ရေးပေးခဲ့ကြပါ။ ကိုကိုလည်း ပြင်စရာရှိရင်ပြင်လို့ရတာပေါ့ ကိုကို မှားနေတာလေးတွေရှိရင်

သတိထားလို့ရတာပေါ့။ ဆိုပြီးတော့ သူမဖြစ်နေတာကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးကို ပိုင်ဆိုင်နု်င်ကြပါစေနော်။credit:san kyi par

Add a Comment

Your email address will not be published. Required fields are marked *