Unicode…သူ့ကို ကြိုက်သော်လည်း အနုပညာကြေးမြင့်လို့ စဉ်းစားနေတဲ့ သားအဖရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ် ဆိုတဲ့ ရွှေထူး
သူ့ကို ဖိတ်ခေါ်ချင်ပေမယ့် အနုပညာကြေးမြင့်လို့စဉ်းစားနေရတဲ့ သားအဖရဲ့ ဆန္ဒကို ဖြည့်စည်းပေးတော့မယ့်ရွှေထူး က ပြောပါတယ်။ နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးဟာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့
တေးသီချ င်းတွေများစွာကို ဖန်တီးလာခဲ့တာ အခုဆိုရင် အနုပညာသက်တမ်း ဆယ်နှစ်ကျော်တောင်ရှိပြီပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ရဲ့ ဝေဖန်မှုတွေကိုလည်း တစ်ခုမချန် လေးလေးစားစား လက်ခံတဲ့ ရွှေထူးဟာ
ယနေ့မှာ သူ့ရဲ့ပို့စ်အောက်မှာ မန့်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်စည်းပေးမယ့်အကြောင်း အခုလိုပဲ ပြောလာပါတယ်နော်။ထိုပရိသတ်ကတော့ အဆိုတော်ရွှေထူး အနုပညာကြေး (15) သိန်းတုန်းက ကိုယ့်မှာငါးသိန်းလောက်ပဲ
သုံးနိုင်တယ်။ (15) သိန်းတတ်နိုင်တော့ သိန်း (25) ဖြစ်သွားတယ်။ (25) ချမယ်ဆိုတော့ (40) တဲ့ မိန်းမရပြီး။ ကဲ ကိုယ်ရွှေထူးကို ဘယ်လိုပဲကြိုက်ကြိုက် တွေ့ဖို့ကံမပါလာဘူး။ ဘာဖြစ်ဖြစ်အားပေးနေပါတယ်လေ။
မန်နေဂျာတွေ အနုပညာကြေးတွေသာ ပြောင်းသွားတာ။ ကိုယ်ကတော့ အားပေးတာမပြောင်း။ ငါ့သားကြိုက်တဲ့အဆိုတော် ဖိတ်ချင်တာကွာ။သို့သော် သို့သော် ဆိုပြီးတော့ ကောမန့်ပေးခဲ့ပါတယ်နော်။
ထို မန့်ကို မြင်မြင်ချင်းမှာ ရွှေထူးဟာ အဖေတစ်ယောက် ကိုယ့်သားကြိုက်တဲ့ အဆိုတော်ကို ခေါ်ပေးချင်တဲ့စိတ်ကိုလေးစားပါတယ်ခင်ဗျ။ နောက်ခါမန်နေဂျာဆီဖုန်းများဆက်ဖြစ်ရင် ဈေးလျှော့ပေးဖို့ကြိုးစားပေးပါမယ်ဗျာ။
ဒီမှာ မန့်ဖူးတယ်လို့ပြောပြီး ကျွန်တော့်ကို Remind လေးလုပ်ပေးပါခင်ဗျာ ဆိုပြီးတော့ ပြန်လည် ပြောဆိုခဲ့ပါတယ်နော်။ရွှေထူးကတော့ သူ့ကို အရမ်းကြိုက်တဲ့ ပရိသတ်လူငယ်လေး ဖခင်ပြောတဲ့စကားကိုကြည့်ပြီးတော့
ဖခင်မေတ္တာကို မြင်ယောင်မိကာ လေးစားသွားခဲ့တာပဲ ဖြစ်ပါတယ်နော်။ သဘောထားပြည့်ဝတဲ့ ရွှေထူးတစ်ယောက် ဒီထက်မက အနုပညာလမ်းမမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေနော်။credit;Cele Connections
Add a Comment
Your email address will not be published. Required fields are marked *