သန်လျင်မြို့နယ် သဘာဝဘိုးဘွားရိပ်သာမှာ အလှူငွေ (၁၀) သိန်းလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်
Unicode…သန်လျင်မြို့နယ်က သဘာဝဘိုးဘွားရိပ်သာမှာ အလှူငွေ (၁၀) သိန်းလှူဒါန်းခဲ့တဲ့ စမိုင်းလ်
အလှူအတန်းဆို လက်မနှေးတတ်သူ စမိုင်းလ်ကတော့ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ တတ်အားသရွေ့ကူညီနေတာလည်း ဖြစ်ပါတယ်နော်။ အခုအောက်တိုဘာလမှာလည်း
ခင်ပွန်းဖြစ်သူကိုပြည့်မောင်ရဲ့မွေးလဖြစ်တာကြောင့်ဘဲ လအစကတည်းက ထောက်ပံ့ကူညီမှုတွေ ဆက်တိုက်ပြုလုပ်နေတာပါနော်။နေ့စဉ်အလှူအဖြစ် သူ့ကိုအကူအညီလာတောင်းကြသူတွေထဲကနေ
တစ်ယောက်ကိုရွေးချယ်ပြီးတော့ဘတစ်သိန်းလှူဒါန်းမှုကို ကိုပြည့်မောင်ရဲ့မွေးနေ့ (၂၂) နေ့အထိ နေ့စဉ်လှူဒါန်းပေးသွားဖို့ရည်ရွယ်ထားပြီးတော့ အခြားလိုအပ်တဲ့နေရာတွေကိုလည်း အဆင်ပြေသလို လှူဒါန်းပေးနေတာပါ။
နေ့တိုင်းလှူဒါန်းပေးမှုကိုတော့ တစ်သိန်းသတ်မှတ်ထားပေမယ့်လည်း မနေ့ကတော့ နှစ်ယောက်လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်း သတ်မှတ်ထားတာထက် ဆယ်ဆ ပိုလှူပေးဖြစ်ခဲ့ကြောင်း မျှဝေလာတာပါနော်။
ဒီနေ့အတွက်လှူဒါန်းမှုကိုတော့ သန်လျင်မြို့နယ် သဘာဝဘိုးဘွားရိပ်သာကိုရွေးချယ်ခဲ့တာဖြစ်ပြီးတော့ ရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေအတွက် တစ်သိန်းနဲ့မလောက်နိုင်မှန်းသိလို့ (၁၀) သိန်းလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်နော်။
ကိုယ်တိုင်လည်း အဖွားရှိသူမို့ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းပေးခဲ့တာဖြစ်ပြီးတော့ ဘိုးဘွားများ အဆင်ပြေစေဖို့လည်း ဆုတောင်းမေတ္တာပို့ခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်ဟာ သူ့ရဲ့နေ့စဉ်အလှူကို တစ်ယောက်သာသတ်မှတ်ထားပေးမယ့်လည်း
အတတ်နိုင်ဆုံး အလှူခံရဲ့အခြေအနေကိုကြည့်ပြီးတော့ လှူပေးသွားမှာဖြစ်ပြီး စိတ်ရှိတိုင်းလှူဒါန်းနိုင်တဲ့သူဖြစ်အောင်လည်း ကြိုးစားနေပါတယ်တဲ့နော်။ စမိုင်းလ် လဲ ဒီထက်မ လှူဒါန်းနိုင်ပါစေနော်။credit-cele gabar
Add a Comment
Your email address will not be published. Required fields are marked *