ေဆး႐ုံတက္ေနတုန္းမွာ ဝိုင္းဝန္းကူေပးခဲ့တာေျကာင့္ ဧရာဝတီစင္တာကေပးတဲ့ အသိမွတ္ျပဳ လက္ေဆာင္ေလးရခဲ့တဲ့ ေမာင္

ေဆး႐ုံတက္ေနတုန္းမွာ ဝိုင္းဝန္းကူေပးခဲ့တာေျကာင့္ ဧရာဝတီစင္တာကေပးတဲ့ အသိမွတ္ျပဳ လက္ေဆာင္ေလးရခဲ့တဲ့ ေမာင္

သရုပ္ေဆာင္ ေမာင္ ဟာ တူ၊တူမေလးေတြနဲ႔အတူ Quaratine ဝင္ေပးရင္းနဲ့ Positive ထြက္ခဲ့တာေၾကာင့္ဘဲ ဧရာဝတီစင္တာမွာ ေျပာင္းေ႐ြ႕ကုသခံခဲ့ရသူပါေနာ္။ ဧရာဝတီစင္တာမွာ (၁၁) ရက္ၾကာ

Quarantine ဝင္ခဲ့ၿပီးေနာက္ မေန႔ကေတာ့ အိမ္ျပန္လို႔ ရခဲ့ၿပီျဖစ္ပါတယ္ေနာ္။ ဧရာဝတီစင္တာမွာတုန္းကလည္း Positive သာထြက္ခဲ့ေပမယ့္လည္း က်န္းမာေရးေကာင္းသူတစ္ေယာက္ျဖစ္တဲ့ အတြက္

အစစအရာရာကူညီေပးခဲ့႐ုံသာမကဘဲ ပရိသတ္ႀကီးကိုလည္း သူ႔ရဲ႕အေတြ႕အႀကဳံေလးေတြကို ဗြီဒီယိုေလးေတြနဲ႔ မွ်ေဝေပးခဲ့တာပါ။ယေန့မွာ ဧရာဝတီစင္တာကေပးတဲ့ အသိမွတ္ျပဳလက္ေဆာင္ေလးရခဲ့ေၾကာင္း မွ်ေဝလာ ျဖစ္ပါတယ္ေနာ္။

ကြၽန္ေတာ္ေဆး႐ုံတက္စဥ္ ဝိုင္းကူေပးခဲ့တာေၾကာင့္ ဧရာဝတီေဖာင္ေဒးရွင္းကေန ဒီ နာမည္ထိုးထားတဲ့အက်ႌလက္ေဆာင္ေလး ပို႔ေပးလာပါတယ္။တကယ္ေတာ့ ကြၽန္ေတာ္လုပ္ေပးခဲ့တာ မေျပာပေလာက္ပါဘူး။

ဒါေပမယ့္ ခုလို အသိမွတ္ျပဳခံရေတာ့ တကယ္ကို surprise ပါပဲ။အရမ္းဝမ္းသာမိပါတယ္။စီစဥ္ေပးတဲ့ အန္တီျမတ္ျမတ္ဦးကိုလည္းေက်းဇူးပါ ဆိုၿပီးေတာ့ သူရရွိခဲ့တဲ့လက္ေဆာင္ေလးကို မွ်ေဝခဲ့တာပါ။ဒါ့အျပင္မွာလည္း အက်ႌလက္ေဆာင္ေလးကို စိန္ၿဖိဳးလႈိင္ကိုသာမက

ရီရီပြင့္ျဖဴကိုပါ ေပးခဲ့တာေၾကာင့္ဘဲ ရီရီကေတာ့ ကပ္ေျမႇာင္ေလး ရသြားပါတယ္ဆိုၿပီးေတာ့လည္း စိန္ၿဖိဳးလႈိင္ကေတာ့ အ႐ႊန္းေဖာက္ထားတာပါေနာ္။ စိန္ၿဖိဳးလႈိင္ဟာ သူတို႔မိသားစုရဲ႕ ကိုဗစ္ခရီးၾကမ္းႀကီးကေတာ့

မေန႔ကၿပီးဆုံးသြားခဲ့တာ ျဖစ္ျပီးေတာ့ ထပ္မျဖစ္ေအာင္ ဂ႐ုစိုက္သြားပါမယ္ဆိုတဲ့အေၾကာင္းနဲ႔ ကိုဗစ္ျဖစ္ခ်ိန္မွာလည္း စင္တာမွာ

ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီတတ္အားသေ႐ြ႕ကူညီႏိုင္ခဲ့တာေၾကာင့္ဘဲ အသိမွတ္ျပဳလက္ေဆာင္ေလးရခဲ့ေၾကာင္း မွ်ေဝခဲ့တာပဲျဖစ္ပါတယ္ေနာ္။Source – Sein Phyo Hlaing

Unicode…ေဆေးရုံတက်နေတုန်းမှာ ဝိုင်းဝန်းကူပေးခဲ့တာကြောင့် ဧရာဝတီစင်တာကပေးတဲ့ အသိမှတ်ပြု လက်ဆောင်လေးရခဲ့တဲ့ မောင်

သရုပ်ဆောင် မောင် ဟာ တူ၊တူမလေးတွေနဲ့အတူ Quaratine ဝင်ပေးရင်းနဲ့ Positive ထွက်ခဲ့တာကြောင့်ဘဲ ဧရာဝတီစင်တာမှာ ပြောင်းရွေ့ကုသခံခဲ့ရသူပါနော်။ ဧရာဝတီစင်တာမှာ (၁၁) ရက်ကြာ

Quarantine ဝင်ခဲ့ပြီးနောက် မနေ့ကတော့ အိမ်ပြန်လို့ ရခဲ့ပြီဖြစ်ပါတယ်နော်။ ဧရာဝတီစင်တာမှာတုန်းကလည်း Positive သာထွက်ခဲ့ပေမယ့်လည်း ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်တဲ့ အတွက်

အစစအရာရာကူညီပေးခဲ့ရုံသာမကဘဲ ပရိသတ်ကြီးကိုလည်း သူ့ရဲ့အတွေ့အကြုံလေးတွေကို ဗွီဒီယိုလေးတွေနဲ့ မျှဝေပေးခဲ့တာပါ။ယနေ့မှာ ဧရာဝတီစင်တာကပေးတဲ့ အသိမှတ်ပြုလက်ဆောင်လေးရခဲ့ကြောင်း မျှဝေလာ ဖြစ်ပါတယ်နော်။

ကျွန်တော်ဆေးရုံတက်စဉ် ဝိုင်းကူပေးခဲ့တာကြောင့် ဧရာဝတီဖောင်ဒေးရှင်းကနေ ဒီ နာမည်ထိုးထားတဲ့အကျႌလက်ဆောင်လေး ပို့ပေးလာပါတယ်။တကယ်တော့ ကျွန်တော်လုပ်ပေးခဲ့တာ မပြောပလောက်ပါဘူး။

ဒါပေမယ့် ခုလို အသိမှတ်ပြုခံရတော့ တကယ်ကို surprise ပါပဲ။အရမ်းဝမ်းသာမိပါတယ်။စီစဉ်ပေးတဲ့ အန်တီမြတ်မြတ်ဦးကိုလည်းကျေးဇူးပါ ဆိုပြီးတော့ သူရရှိခဲ့တဲ့လက်ဆောင်လေးကို မျှဝေခဲ့တာပါ။ဒါ့အပြင်မှာလည်း အကျႌလက်ဆောင်လေးကို စိန်ဖြိုးလှိုင်ကိုသာမက

ရီရီပွင့်ဖြူကိုပါ ပေးခဲ့တာကြောင့်ဘဲ ရီရီကတော့ ကပ်မြှောင်လေး ရသွားပါတယ်ဆိုပြီးတော့လည်း စိန်ဖြိုးလှိုင်ကတော့ အရွှန်းဖောက်ထားတာပါနော်။ စိန်ဖြိုးလှိုင်ဟာ သူတို့မိသားစုရဲ့ ကိုဗစ်ခရီးကြမ်းကြီးကတော့

မနေ့ကပြီးဆုံးသွားခဲ့တာ ဖြစ်ပြီးတော့ ထပ်မဖြစ်အောင် ဂရုစိုက်သွားပါမယ်ဆိုတဲ့အကြောင်းနဲ့ ကိုဗစ်ဖြစ်ချိန်မှာလည်း စင်တာမှာ

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတတ်အားသရွေ့ကူညီနိုင်ခဲ့တာကြောင့်ဘဲ အသိမှတ်ပြုလက်ဆောင်လေးရခဲ့ကြောင်း မျှဝေခဲ့တာပဲဖြစ်ပါတယ်နော်။Source – Sein Phyo Hlaing

Add a Comment

Your email address will not be published. Required fields are marked *