Unicode…ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ နေဆန်း
ဟာသဗွီဒီယိုလေးများနဲ့ အောင်မြင်လာပြီးတော့ မိန်းကလေးတယောက်နဲ့ မှားရလောက်အောင် ချောမောလှပတဲ့သူကတော့ ဖေ့ဘုတ်ဆယ်လီ နေဆန်းကို အားလုံးသိပြီးသား ဖြစ်မှာပါနော်။
နေဆန်းကတော့ သာမန်မိန်းကလေးများတောင် ပြန်ပြီးအားကျရလောက်အောင် လှနိုင်သူလေးပါနော်။ယခုချိန်မှာတော့ နေဆန်းဟာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာပြီး အောင်မြင်နေခဲ့ပြီ ဖြစ်ပါတယ်။အဆိုပါ အောင်မြင်မှုနဲ့ ပက်သက်ပြီးတော့ ပြောင်းလဲလာတဲ့
သူ့ရဲ့ အခြေအနေအကြောင်းကို အခုလိုပဲ ပြောလာတာပါနော်။နေဆန်းက အလုပ်ကိစ္စက ပိုများလာတော့ ခါတိုင်းထက်တော့ ပိုပင်ပန်းလာတယ်။ အိပ်ချိန်မမှန် အစားအသောက် မမှန်တာမျိုးတွေရှိလာတယ်။ တခါမှ မကမ်းလှမ်းဘူးတဲ့ ကုမ္ပဏီအကြီးတွေက ကမ်းလှမ်းလာတယ်။
ကိုယ့်စိတ်ထဲမှာတော့ အခုလို ကမ်းလှမ်းခံရတော့ ကိုယ်က ပိုပြီးအောင်မြင်လာတယ်လို့ မြင်တယ်။ ဖေ့ဘုတ်ဆယ်လီတွေ ပေါများလာတဲ့ ခေတ်ကြီးမှာ ကိုယ်တွေက အလုပ်ကတော့ အေးဆေးဖြစ်နေတယ်။
နည်းသွားတာလည်း မရှိပဲ လက်ခံရတဲ့အလုပ် ပိုများလာတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်။ စစချင်းကတော့ ဘယ်လိုတွေ လုပ်ရမလဲဆိုတာ အိုင်ဒီယာ ထုတ်ရတယ်။ ပရိတ်သတ်တွေက ဟာသဗွီဒီယိုလေးတွေ
ကြိုက်ကြတာဆိုတော့ အဲ့ဒါမျိုး သွားနေတယ်။အနုပညာက ဘာအနုပညာလဲ နေဆန်းက ဘာတွေလုပ်ပြီး ပိုက်ဆံတွေရနေတာလဲဆိုပြီး ပရိတ်သတ်တွေက ပြောကြတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အလုပ်လုပ်တယ်ဆိုတာက
ကိုယ်လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူများတွေ ငှားလာမှ ကိုယ်လုပ်လို့ ရမယ် သူများတွေ ငှားလာမှ ကိုယ်လုပ်လို့ရမယ်။ ဒါက နည်းတဲ့ အခွင့်အရေး မဟုတ်ဘူးလေ။ ရလာတဲ့အခွင့်အရေးကို ကိုယ်လုပ်ရမှာ။
ရုပ်ရှင်ဇာတ်ကားတွေ ကြော်ညာရိုက်ဖို့တွေ အတွက်တော့ လာကမ်းလှမ်းတာတွေ ရှိတယ်။ နေဆန်းဘက်က မလုပ်တာပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားရိုက်တဲ့အခါကျ စကားပြောတာ နည်းနည်းအခက်အခဲရှိတယ်ဆိုပြီး
မရိုက်ဖြစ်ဘူး။ ကိုယ့်အတွက် အဆင်ပြေမယ့် ဒါရိုက်တာ မတွေ့သေးလို့ မရိုက်သေးတာ ဆိုပြီးတော့ ပြောပြလာတာပါ ဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။source:Nay San ‘FB
Add a Comment
Your email address will not be published. Required fields are marked *