Unicode…အောင်မြင်တဲ့အဆိုတော်ဘဝရောက်အောင် ဆွဲခေါ်သင်ကြားပေးခဲ့တဲ့ ဆရာတွေအကြောင်းကို ပြောပြလာတဲ့ ရွှေထူး
အဆိုတောာ် ရွှေထူးရဲ့ သီချင်းတွေဟာ လူငယ် လူလတ်ပိုင်းတွေသာမက ကလေးငယ်များ ပါးစပ်မှာ စွဲထင်နေစေတာဖြစ်ပါတယ်နော်။ အဆိုတော် ရွှေထူးကတော့ ချစ်ဇနီးလေး ရွှေမှုံရတီနဲ့အတူ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို
ပိုင်ဆိုင်ထားတာ ဖြစ်ပါတ ယ်နော်။သူ့ရဲ့ အနုပညာသက်တမ်း ၁၀နှစ်ကျော်ကာလရှိခဲ့ပြီ ဖြစ်ပြီးတော့ အောင်မြင်မှုမြောက်များစွာပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်နော်။ရွှေထူးကတော့ အနုပညာလောကကို စတင်ခြေချဖို့ သင်ကြားပေးခဲ့တဲ့
သင်ဆရာတွေကို လေးစားစွာ ပြောပြလာခဲ့တာ ဖြစ်ပါတယ်နော်။ရွှေထူးကတော့ ဆရာတွေကို ခုလို ပြောလာတာပါ။ဘဝရဲ့ပထမဆုံးသင်ဆရာတစ်ယောက်ကတော့ Kyaw SheinMaung ခေါ် ဒိုးပတ်ဖြစ်ပါတယ်။
သေချာ သီချင်းရေးတတ်အောင် သီချင်းတီးတတ်အောင် သီချင်းဆိုတတ်အောင် စတင်သင်ပြပေးခဲ့သောဆရာပါ။တစ်ခါမှလည်းဂုဏ်မမောက်တတ်တဲ့သူ့အကျင့်ကိုလည်းထပ်ပြီးလေးစားခဲ့ရတာပါ။
လူတိုင်းကိုခွင့်လွှတ်ပြီးအနေအေးတဲ့သူ့ Type ကိုလည်းထပ်လေးစားခဲ့ရပါတယ်။ ကျွန်တော်ဒီနေရာထိရောက်လာတာ သူကစတင်ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူးနော်။
ဒုတိယဆရာဟာ WinKyawGtx ပါ။Studio ကြေးပိုက်ဆံမရှိတဲ့ကာလတွေမှာ ငွေစကားဆိုတာကိုမပြောပဲ အလကားဆိုတာများပါတယ်။ အသံကိုအကောင်းဆုံးချိန်ပေးခဲ့တယ်။ဆိုဟန်လေးတွေသင်ပြခဲ့တယ်။
ဆုံးမစကားတွေပြောပေးခဲ့တယ်။ ဒီလောကထဲမှာလမ်းကောင်းကောင်းလျှောက်တတ်အောင်သွယ်ဝိုက်သောနည်းများစွာဖြင့်သင်ပြပေးခဲ့ပါတယ်။တတိယဆရာဟာ ကိုဝေလပါ။တစ်ရပ်ကွက်ထဲနေခဲ့တုန်းက
မင်းရဲ့ပရိသတ်သီချင်းကို ဂစ်တာနဲ့ရေးတော့ ဒုတိယအပိုဒ်ကို ရေးဖို့ ကိုဝေလက သူ့အိမ်ကိုခေါ်ပြီးစဉ်းစားကူပေးခဲ့တာပါ။ အားလုံးကတော့ကျွန်တော်ရေးတာပါ။(ကိုဝေလနာမည်ဘာလို့မထိုးလဲဆိုပြီးလာမပြောကြပါနဲ့ )
ပြီးတော့ကျွန်တော့်အတွက်ပထမဆုံးအခွေမှာလက်ဆောင်ဆိုတဲ့သီချင်းလေးကိုရေးပေးဝင်ဆိုပေးခဲ့ပါတယ်။ကျွန်တော့်အတွက်တော့အဖိုးမဖြတ်နိုင်တဲ့အမှတ်တရပါနော်။ ပြီးတော့သီချင်းရေးရာမှာလိုအပ်တဲ့ အတွေးအခေါ်အချို့အထားအသိုအချို့ကိုလည်းသင်ပြပေးခဲ့ပါတယ်။
နောက်ဆုံးမြောက်သောဆရာကတော့ ကိုဇေခေါ် AungZayya ပါ။ လမ်းကြောင်းပေါ်ရွှေထူးဆိုပြီးသေချာရောက်လာခဲ့တဲ့အချိန်မှာ စေတနာများစွာဖြင့် သူ့ရဲ့ ညီအကိုရင်းချာတစ်ယောက်လို Music ပိုင်းဆိုင်ရာ အရေးအသားပိုင်းဆိုင်ရာ ကျွန်တော့်လိုဒေါသကြီးတဲ့ကောင်ရဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ အသေးစိတ်ကအစ Professional ပီသအောင်သင်ပေးခဲ့သောဆရာပါ။နောက်ဆုံးအရေးအကြီးဆုံးလူအများကြီးရှိပါသေးတယ်ခင်ဗျာ အဲ့တာကတော့ ပရိသတ်ပါ။နားဆင်သူအားပေးသူမရှိပဲ ကျွန်တော်ဒီနေရာကိုမရောက်လာနိုင်ပါဘူးနော်။
အနုပညာနဲ့ Personal ကွဲကွဲပြားပြားသိပြီး Artist တွေကို ကိုယ့်ရဲ့ချွေးနည်းစာ မုန့်ဖိုး လုပ်အားခများနဲ့အားပေးကြတဲ့ပရိသတ်များကိုလည်းလေးစားလျက်ပါဗျာ။
ကျေးဇူးတင်ထိုက်တဲ့ပရိသတ်အားလုံးကိုလည်းဒီနေရာမှကျေးဇူးတင်ပါတယ်ခင်ဗျာ ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်နော်။Source ;Shwe Htoo`Fb
Add a Comment
Your email address will not be published. Required fields are marked *