ပညာရှိတစ်ယောက် ဆိုတာကိုလုပ်ရပ်တစ်ခုနဲ့ သက်သေပြလိုက်တဲ့ ဘောလီးဝုဒ် မင်းသားကြီးအမီးရ်ခန်း
Unicode…ပညာရှိတစ်ယောက် ဆိုတာကိုလုပ်ရပ်နဲ့ သက်သေပြလိုက်တဲ့ ဘောလီးဝုဒ် မင်းသားကြီးအမီးရ်ခန်း
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကြီးမှာ တစ်ကမ္ဘာလုံးက သိကြပြီးသားဖြစ်တဲ့ Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်တာဖြစ်ပါတယ်နော်။အမီးရ်ခန်းဟာ လူချမ်းသာ တစ်ယောက်ဆိုလည်း မမှားနိုင်ပါဘူးနော်။
ယခုလိုမျိုး Covid ကာလမှာ သူဟာ လူတွေကို ဝေငှ အလှူပေးခဲ့တာ ဖြစ်ပါတယ်။သူရဲ့ အလှူကတော့ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါလို့ ပြောခဲ့ပါတယ်။
မြို့နေလူထုကလည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာပါတယ်။ ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား။ စေတနာမကောင်းဘူး။ ပေးချင်တယ်ဆို ဂျုံအနုမှုန့် ကောင်းတာပေးပါလား။ပိုက်ဆံပေးပါလား။
ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့…မကောင်းဘူးထင်ပြီးသွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြ တာဖြစ်ပါတယ်။သို့သော် တစ်ကယ်စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေကတော့ သွားယူကြတာပါ။
စားစရာမရှိလို့ ဂျုံမှုန့်ထုပ်လေးတွေ သယ်ပြီး အိမ် ပြန်ရောက် ပူရီတို့ ချာပါတီတို့ မုန့်လုပ်ဖို့အိပ်ကို ဖွင့်လိုက်ချိန်မှာ (အိပ်ထဲမှဂျုံမုန့်အကြား) ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်)သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိသွားခဲ့တာဖြစ်ပါတ ိယ်။လူတွေကလည်း
တအံတဩနဲ့ ဂျုံအိတ်မယူလိုက်ကြရဲ့သူတွေကလည်း မချိတင်ကဲဖြစ် တောက်တစ်ခေါက်ခေါက်ဖြစ်ပြီး မင်းသားကြီးကို ဘာကြောင့်အဲ့ဒီလိုလုပ်တာလဲမေးတော့ မင်းသားကြီးက တစ်ခွန်းပဲပြန်အဖြေမှာ လောဘကြီးသူတွေ
မျက်နှာပျက်သွားကြရတာပါနော်။မင်းသားကြီး ဖြေလိုက်ပုံက…. တကယ်ကို လိုအပ်သူတွေရစေချင်တာပါတဲ့။ ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်သလဲ အမျိုးတို့ရေ ပညာရှိပုံကကတော့။
ပရိတ်သတ်ကြီးလည်း မင်းသားကြီး အမီးရ်ခန်းရဲ့ တွေးခေါ်မူကို သဘောကျ နှစ်သက်နေပြီ ထင်ပါတယ်နော်။ဖတ်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံး ကျန်းမာ ချမ်းသာကြပါစေနော်။ခရစ်ဒစ် _ မူရင်းရေးသားသူ
Add a Comment
Your email address will not be published. Required fields are marked *