ကိုဗစ္ပိုးရွိသူႏွင့္ ထိေတြ႕သူက ပရဟိတ သမားေတြကို ကတ္ေၾကးနဲ႔ ထိုးမလို႔ လုပ္တဲ့ ျဖစ္ရပ္

ကိုဗစ္ပိုးရွိသူႏွင့္ ထိေတြ႕သူက ပရဟိတ သမားေတြကို ကတ္ေၾကးနဲ႔ ထိုးမလို႔ လုပ္တဲ့ ျဖစ္ရပ္

၂-၁၀-၂၀၂၀ မေန႔ညက ျဖစ္ပြားခဲ့တယ္လို့ သိရပါတယ္။ျဖစ္စဥ္ကုိ ျကုံေတြ့ ခဲ့တဲ့ သူက ခုလိုဘဲ ေျပာလာပါတယ္။ခုလိုဘဲ ေျပျပလာတာပါ။ ဒီေန႔ညကေတာ့ ပရဟိတ လုပ္ေဆာင္ခဲ့ သမွ်ထဲမွာ ထိန္႔လန္႔စရာ

အေကာင္းဆုံး အေနအထားတခု ျဖစ္ပါတယ္။ဘယ္ေတာ့မွမေမ့ႏိူင္ေတာ့ပါ၊ေသခါနီးေလး သုံးေလာင္းၿပိဳင္လား၊ေလးေလာင္းၿပိဳင္လားမသိေတာ့ဘူး။ ေၾကာက္ဒူးေတြပါတုန္ေနတုန္းပါ။စာေရးေနရင္းကို စိတၱဇဆန္ဆန္။

ထိေတြ႕ဆက္စပ္လူနာကုိ ေဆး႐ုံႀကီးသို႔ေဆးစစ္ပို႔ေဆာင္ဖို႔ရာမွာ အခက္အခဲအမ်ိဳးမ်ိဳးနဲ႔ေရာက္သြားခဲ့တယ္။ရန္ျပဳတာမ်ားလို႔ ရဲအေစာင့္အေရွာက္ လိုက္ပါကူညီေပးၾကပါတယ္။ႀကိဳးကိုလက္ေျခအကုန္တုပ္ထားပါလွ်က္နဲ႔

ကြၽန္ေတာ္တို႔သုံးေယာက္ရယ္ ဆရာမႏွစ္ေယာက္ရယ္ PPEခြၽတ္ေနတုန္း ေစာင့္ၾကည့္ေနတဲ့ ဆရာမက လွမ္းေအာ္ေျပာတာ။လူနာထေနၿပီတဲ့။ကြၽန္ေတာ္နဲ႔ဆရာမႏွစ္ေယာက္ပဲက်န္ေတာ့တာ။

PPEကမခြၽတ္ရေသးတာ၊သြားၾကည့္ၾကမယ္ဆိုၿပီးမွန္ကေနၾကည့္ေတာ့မျမင္ရဘူး။တံခါးလည္းဖြင့္မယ္လုပ္ေတာ့ အထဲကေနေစာင့္ကန္ၿပီးဖြင့္လိုက္တာ သုံးေယာက္သားေထြးကနဲလဲသြားတယ္။

အဲ့ခ်ိန္မွာလက္ထဲမွာဘဲ တဖက္ကဝါယာႀကိဳး တဖက္ကကပ္ေၾကးႀကီးနဲ႔ ထြက္လာတာ။ ဆရာမေတြကို ေျပးေျပးလို႔ေအာ္ၿပီး PPEခြၽတ္တဲ့အခန္းထဲဝင္ေျပးၾကတယ္ ။တံခါးဂ်က္ထိုးၿပီးေတာ့ ဆရာမေရ။

ေအာက္ကလူေတြအကူအညီေတာင္းဆိုၿပီး တင္းခံထားတာ ေစာင့္လည္းကန္ေရာေနာက္တံခါးတခ်ပ္ပ်က္စီးသြားျပန္တယ္။ အဲ့ခ်ိန္မွာဘဲ ဥကၠ႒နဲ႔ေက်ာ္ထိုက္ဦးေရာက္လာၿပီးေတာ့ ေျခာက္လိုက္တာ။

မဟုတ္ရင္ေသမွာ။ခုခံစရာဘာမွကိုမရွိတာ။လိုက္ရွာလည္းမေတြ႕ဘူး။ဖိနပ္ရယ္PPEဝတ္စုံရယ္ပဲရွိတာဗ်ာ။ လူကိုအားငယ္ခ်က္ဗ်ာ ။ေနာက္ေတာ့ရဲတပ္သားသုံးဦးလာေတာ့အားရွိလာတယ္။ေရွ႕ကိုမဲေနခ်ိန္ အေနာက္မွာဘယ္အခ်ိန္ေရာက္လာလဲကိုမသိေတာ့ဘူး။

ရဲေတြလဲေၾကာက္ေၾကာက္နဲ႔ကပ္ေၾကးခ်ဖို႔ေဖ်ာင္းဖ်တာ ျမန္ခ်က္ဗ်ာ။ ကပ္ေၾကးနဲ႔ႏွစ္ခ်က္ဆက္ထိုးပစ္လိုက္တာ ရဲတစ္ဦး နံ႐ိုးၾကားကုိ ထိုးမိသြားတယ္။အဲ့ခ်ိန္မွာ လူေတြလည္း ေျခာက္ေယာက္ေလာက္ရွိေတာ့

ဝိုင္းၿပီးေတြ႕ကရာေတြနဲ႔ေကာက္႐ိုက္ၾကတာ။ ျပန္ခုခံတာၾကမ္းတယ္ဗ်ာ။ကိုမင္းႏိုင္စိုးေကာ နား႐ြက္တဖက္စုတ္သြားတယ္ ၊ ေနာက္ေတာ့ဒဏ္ရာရ ရဲကို OPDေျပးၿပီးျပတယ္။ အေျခအေနမစိုးရိမ္ရလို႔ ေတာ္ေသးဗ်ာ။

နံ႐ိုးၾကားထဲထိသြားတာ။သူသာပိုးရွိခဲ့ရင္ေတာ့ ကြၽန္ေတာ္တို႔ကေတာ့သြားပါၿပီဗ်ာ။ အနည္းဆုံးႏွစ္ဆယ္ဦေလာက္ကေတာ့Qဝင္ရေတာ့မယ္။ ပိုးမေတြ႕ပါေစနဲ႔ဗ်ာ။ပရဟိတ သမားေတ အားလံုး က်န္းမာ ခ်မ္းသာျကပါေစဗ်ာ။credit: ေဇာ္ဂ်ီ

Unicode…ကိုဗစ်ပိုးရှိသူနှင့် ထိတွေ့သူက ပရဟိတ သမားတွေကို ကတ်ကြေးနဲ့ ထိုးမလို့ လုပ်တဲ့ ဖြစ်ရပ်

၂-၁၀-၂၀၂၀ မနေ့ညက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်ကို ကြုံတွေ့ ခဲ့တဲ့ သူက ခုလိုဘဲ ပြောလာပါတယ်။ခုလိုဘဲ ပြေပြလာတာပါ။ ဒီနေ့ညကတော့ ပရဟိတ လုပ်ဆောင်ခဲ့ သမျှထဲမှာ ထိန့်လန့်စရာ

အကောင်းဆုံး အနေအထားတခု ဖြစ်ပါတယ်။ဘယ်တော့မှမမေ့နိူင်တော့ပါ၊သေခါနီးလေး သုံးလောင်းပြိုင်လား၊လေးလောင်းပြိုင်လားမသိတော့ဘူး။ ကြောက်ဒူးတွေပါတုန်နေတုန်းပါ။စာရေးနေရင်းကို စိတ္တဇဆန်ဆန်။

ထိတွေ့ဆက်စပ်လူနာကို ဆေးရုံကြီးသို့ဆေးစစ်ပို့ဆောင်ဖို့ရာမှာ အခက်အခဲအမျိုးမျိုးနဲ့ရောက်သွားခဲ့တယ်။ရန်ပြုတာများလို့ ရဲအစောင့်အရှောက် လိုက်ပါကူညီပေးကြပါတယ်။ကြိုးကိုလက်ခြေအကုန်တုပ်ထားပါလျှက်နဲ့

ကျွန်တော်တို့သုံးယောက်ရယ် ဆရာမနှစ်ယောက်ရယ် PPEချွတ်နေတုန်း စောင့်ကြည့်နေတဲ့ ဆရာမက လှမ်းအော်ပြောတာ။လူနာထနေပြီတဲ့။ကျွန်တော်နဲ့ဆရာမနှစ်ယောက်ပဲကျန်တော့တာ။

PPEကမချွတ်ရသေးတာ၊သွားကြည့်ကြမယ်ဆိုပြီးမှန်ကနေကြည့်တော့မမြင်ရဘူး။တံခါးလည်းဖွင့်မယ်လုပ်တော့ အထဲကနေစောင့်ကန်ပြီးဖွင့်လိုက်တာ သုံးယောက်သားထွေးကနဲလဲသွားတယ်။

အဲ့ချိန်မှာလက်ထဲမှာဘဲ တဖက်ကဝါယာကြိုး တဖက်ကကပ်ကြေးကြီးနဲ့ ထွက်လာတာ။ ဆရာမတွေကို ပြေးပြေးလို့အော်ပြီး PPEချွတ်တဲ့အခန်းထဲဝင်ပြေးကြတယ် ။တံခါးဂျက်ထိုးပြီးတော့ ဆရာမရေ။

အောက်ကလူတွေအကူအညီတောင်းဆိုပြီး တင်းခံထားတာ စောင့်လည်းကန်ရောနောက်တံခါးတချပ်ပျက်စီးသွားပြန်တယ်။ အဲ့ချိန်မှာဘဲ ဥက္ကဋ္ဌနဲ့ကျော်ထိုက်ဦးရောက်လာပြီးတော့ ခြောက်လိုက်တာ။

မဟုတ်ရင်သေမှာ။ခုခံစရာဘာမှကိုမရှိတာ။လိုက်ရှာလည်းမတွေ့ဘူး။ဖိနပ်ရယ်PPEဝတ်စုံရယ်ပဲရှိတာဗျာ။ လူကိုအားငယ်ချက်ဗျာ ။နောက်တော့ရဲတပ်သားသုံးဦးလာတော့အားရှိလာတယ်။ရှေ့ကိုမဲနေချိန် အနောက်မှာဘယ်အချိန်ရောက်လာလဲကိုမသိတော့ဘူး။

ရဲတွေလဲကြောက်ကြောက်နဲ့ကပ်ကြေးချဖို့ဖျောင်းဖျတာ မြန်ချက်ဗျာ။ ကပ်ကြေးနဲ့နှစ်ချက်ဆက်ထိုးပစ်လိုက်တာ ရဲတစ်ဦး နံရိုးကြားကို ထိုးမိသွားတယ်။အဲ့ချိန်မှာ လူတွေလည်း ခြောက်ယောက်လောက်ရှိတော့

ဝိုင်းပြီးတွေ့ကရာတွေနဲ့ကောက်ရိုက်ကြတာ။ ပြန်ခုခံတာကြမ်းတယ်ဗျာ။ကိုမင်းနိုင်စိုးကော နားရွက်တဖက်စုတ်သွားတယ် ၊ နောက်တော့ဒဏ်ရာရ ရဲကို OPDပြေးပြီးပြတယ်။ အခြေအနေမစိုးရိမ်ရလို့ တော်သေးဗျာ။

နံရိုးကြားထဲထိသွားတာ။သူသာပိုးရှိခဲ့ရင်တော့ ကျွန်တော်တို့ကတော့သွားပါပြီဗျာ။ အနည်းဆုံးနှစ်ဆယ်ဦလောက်ကတော့Qဝင်ရတော့မယ်။ ပိုးမတွေ့ပါစေနဲ့ဗျာ။ပရဟိတ သမားတေ အားလုံး ကျန်းမာ ချမ်းသာကြပါစေဗျာ။credit: ဇော်ဂျီ

Add a Comment

Your email address will not be published. Required fields are marked *