ကိုဗစ်ကာလမှာ ဖိုဝင်းတောင်မှ မျောက်ကလေးများ အစာရေစာပြတ်ပြီး တောင်ခြေရွာများကို အစာလာတောင်းမူများရှိနေ
Unicode…ကိုဗစ်ကာလကြောင့် ဖိုဝင်းတောင်မှ မျောက်ကလေးများ အစာရေစာပြတ်ပြီး တောင်ခြေရွာများကို အစာလာတောင်းမူများရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်အတွင်း ဖိုးဝင်းတောင်ပေါ်တွင် ရှိနေကြသည့် မျောက်များ ကိုဗစ် ကာလအတွင်း အစာရေစာရှားပါးလာသောကြောင့်တောင်ခြေကျေးရွာများထိဆင်းကာ အစာတောင်းနေမှု
များရှိကြောင်းဒေသခံများက ပြောကြားခဲ့ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းဖြစ်စဉ်ကာလအတွင်း ဘုရားဖူးဝင်ရောက်မှု တားမြစ် ထားခြင်းကြောင့် ဧည့်သည်ဘုရားဖူး များကိုမီခိုအားထားစားသောက်နေရတဲ့ မျောက်များအနေဖြင့်
အစားရှားပါးလာခြင်းဖြစ်ကြောင်းကို ဖိုးဝင်း တောင်ထိပ်ပေါ်ရှိ အောင်သုခကျောင်း ဆရာတော် ဦးဓမ္မဓရက မိန့်ကြားခဲ့ပါတယ်။ ပထမလှိုင်းတုန်းကဘုရားဖူးခွင့်ရတော့ဧည့်သည်ထံကအစားရသေးတယ်၊
ခုဒုတိယလှိုင်းကြတော့ဘုရားဖူးပိတ်တော့ဘယ်ကမှမလာကြတော့မစားကြရဘူး၊စားရတာရှိသလို မစားရတဲ့အခါလဲရှိကြလို့၊ တောင်အောက်မှာရှိ တဲ့ရွာတွေထဲဆင်းပြီးအစာတောင်းကြတဲ့အခြေနေတွေကြုံနေကြတယ်
၊ရွာထဲဆင်းလုနေကြတာပေါ့ခုဆိုရင်မျောက်တွေက၊ဒီတိုင်းရက်ရှည်ဆက်သွားမယ်ဆိုရင်မျောက်တွေအစာမစားရတာပိုပြီးကြုံရနိုင်တယ် ဟု ဆရာတော် ကမိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ ဖိုးဝင်းတောင်မှာ မျောက်ကောင်ရေ၂ဝဝဝကျော်ရှိပြီးတော့
အုပ်စုဖွဲ့အနေနှင့်လေးဖွဲ့ရှိကြောင်း၊တောင်ခြေရှိ ဂေါပက အဖွဲ့ရုံးမှတတ်နိုင်သလောက်ကျွေးမွေးကြသော်လည်းမျောက်ကောင်ရေများတဲ့ အတွက် လုံလောက်မှုမရှိကြောင်း၊တောင်ခြေရှိရွာများကလည်း
တောင်ယာလုပ်ကိုင်ကြသူအများစုဖြစ်ကာ ယခုနှစ်တွင် မိုးခေါင်ရေရှားမှု ကြောင့်ဘဲ အခက်အခဲများရှိကြသည့်အပြင် ဖားကန့်မြေပြိုမှုဖြစ်စဉ်၌ လူငယ်များသေဆုံး မှုရှိခဲ့ခြင်း ကြောင့်စား ရေးသောက်ရေးအခက်များရှိကြကြောင်း သိရှိရပါတယ်နော်။
မျောက်တွေ ရဲ့ အစာဖြစ်တဲ့ ကုလားပဲ၊ပြောင်းဆန်များကို ကူညီကျွေးနိုင်မှုအားနည်းခြင်းများရှိကာ အနယ်နယ်အရပ် ရပ်မှအလှူရှင်များက မျောက်စာအတွက်လှူဒါန်းပေးလိုပါက အောင်သုခကျောင်းဆရာတော် 09762498259 ထံသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရပါတယ်နော်။source; pyi myanmar
Add a Comment
Your email address will not be published. Required fields are marked *