အိမ္တြင္းမွာ မထားသင့္တဲ့ ကံဆိုးေစတဲ့ အရာ (၆) မ်ိဳး(ဒါေတြ ရွိေနရင္ အျမန္ဆံုး ဖယ္ရွားလိုက္ပါေနာ္)

အိမ္တြင္းမွာ မထားသင့္တဲ့ ကံဆိုးေစတဲ့ အရာ (၆) မ်ိဳး(ဒါေတြ ရွိေနရင္ အျမန္ဆံုး ဖယ္ရွားလိုက္ပါေနာ္)

ႀကိဳးစား႐ုန္းကန္ေနတဲ့ၾကားက အိမ္ရဲ့စီးပြားေရးေတြ က်ဆင္းေနတယိလို့ ထင္ပါသလား။ ေရွးယခင္ကတည္းက ယေန႔တိုင္ အက်ဳံးဝင္ေနေသးတဲ့ ဓေလ့ထုံးစံေတြကို ေမ့ပစ္လို႔ေတာ့ မရပါဘူးေနာ္။

ဒီအရာေတြကေတာ့ အိမ္ထဲမွာ မထားသင့္တဲ့ ကံဆိုးေစတဲ့ အရာေတြပဲ ျဖစ္ပါတယ္။ ဒီအရာေတြေၾကာင့္ခ်ည္းပဲ ကံဆိုးေနတယ္လို႔ မဆိုလိုပါဘူးေနာ္။ ဒီအရာေတြေၾကာင့္ ပိုကံဆိုးသြားနိုင္ပါတယ္။

ကံေကာင္းျခင္းေတြကို ပိတ္ေစနိုင္တယ္လို႔ပဲ ဆိုလိုပါတယ္။ သင္ကံဆိုးေနတယ္လို႔ ခံစားေနရတဲ့အခါ ဒီအရာေတြကို အိမ္ထဲမွာ၊ အခန္းထဲမွာ ထားမိလားဆိုတာ ျပန္စစ္ေဆးၾကည့္သင့္ပါတယ္ေနာ္။

(၁) လႈပ္ကုလားထိုင္

ဘယ္သူမွမရွိတဲ့ အခန္းထဲမွာ လႈပ္ကုလားထိုင္က ဘယ္သူမွလည္းမထိုင္ဘဲ လႈပ္ေနမယ္ဆိုရင္ ဘယ္လိုခံစားရမလဲ စဥ္းစားၾကည့္ပါေနာ္။ ေလတိုက္ေနလို႔ပါဆိုၿပီးဘယ္လိုပဲ ျဖည့္ေတြးေသာ္လည္း စိတ္ထဲေတာ့ စနိုးစေႏွာင့္ ျဖစ္တတ္ၾကတာပါဘဲ။

ဒါေၾကာင့္ ခုေနာက္ပိုင္းမွာ လႈပ္ခုံေတြကို မသုံးၾကေတာ့တာ ပါေနာ္။ အိုင္းရစ္ရွ္ သမိုင္းေၾကာင္းအရ ဘယ္သူမွမထိုင္တဲ့ လႈပ္ကုလားထိုင္ဟာ မေကာင္းတဲ့ ဝိညာဥ္ေတြ လာထိုင္ဖို႔ ဖိတ္ေခၚေနသလိုပါဘဲ လို့ ဆိုပါတယ္ေနာ္။

(၂) ပ်က္စီးေနတဲ့နာရီ၊ ရပ္တန႔္ေနတဲ့နာရီ

ပ်က္စီးက်ိဳးပဲ့ေနတဲ့ ပစၥည္းေတြ အိမ္ထဲမွာ မထားေကာင္းဘူးဆိုတာေတာ့ အားလုံး လက္ခံၿပီးသား ျဖစ္မွာပါေနာ္။ ထို့ျပင္ ပ်က္စီးရပ္တန႔္ေနတဲ့ နာရီဟာ မေကာင္းတဲ့နိမိတ္ေတြ ျဖစ္ေစတယ္လို႔လည္း အယူအဆရွိပါတယ္ေနာ္။

အခ်ိန္ကို ညႊန္ျပတဲ့ အရာေတြဟာ အျမဲတမ္း အလုပ္လုပ္ေနရမွာပါ။ အဲလိုမဟုတ္ပဲ ရပ္တန႔္ေနမယ္ဆိုရင္ အသုံးျပဳတဲ့သူေတြရဲ့ ဘဝတိုးတက္မႈလည္း ပိတ္ဆို႔ရပ္တန႔္သြားတတ္ပါတယ္ေနာ္။

(၃) ကႏၲာရစူးပင္

Cactus ပင္ေလးေတြကို အလွထားတတ္တဲ့သူေတြ အတြက္ေတာ့ သတင္းဆိုးပါေနာ္။ ေရွးလူႀကီးေတြရဲ့ ယုံၾကည္မႈအရ  အစူးပါတဲ့ အပင္ေတြဟာ မေကာင္းတဲ့ နိမိတ္ေတြကို ဆြဲေဆာင္တယ္လို႔ ဆိုပါတယ္ေနာ္။ ကႏၲာရ စူးပင္မွမဟုတ္ပါဘူး။ ႏွင္းဆီအပါအဝင္ စူးပါတဲ့

ဘယ္အပင္မဆို အိမ္ထဲမွာ ထားရင္ အိမ္ကိုေရာ၊ သင့္ရဲ့အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရးကိုပါ အေႏွာင့္အယွက္ျဖစ္ေစတတ္ပါတယိေနာ္။

(၄) ဖြင့္ထားတဲ့ထီး

ေရွးလူႀကီးေတြ ေျပာတာေတာ့ ရာသီဥတုဒဏ္ကို ကာကြယ္ဖို႔လုပ္ထားတဲ့ ဘယ္ပစၥည္းကိုမဆို အိမ္ထဲ ယူေဆာင္လာျခင္းဟာ အိမ္ကိုေစာင့္ေရွာက္ေနတဲ့ အိမ္ေစာင့္နတ္ကို မရိုေသရာက်တယ္ လို့ ဆိုပါတယ္။ အိမ္ေစာင့္နတ္ေတြက အိမ္ကို ေစာင့္ေရွာက္တာ

မလုံေလာက္ဘူးဆိုတဲ့သေဘာမ်ိဳး သက္ေရာက္လို႔ပါေနာ္။ အဲဒီအခါ အိမ္ေစာင့္နတ္က စိတ္တိုၿပီးေတာ့ အိမ္ကိုမေစာင့္ေရွာက္ေတာ့ရင္ အိမ္ထဲကို ကံဆိုးျခင္းေတြ ဝင္လာနိုင္တာ ျဖစ္ပါတယ္။

(၅) ေျခာက္ေသြ႕ေသဆုံးေနေသာအပင္

အိမ္မွာ ကံေကာင္းျခင္းေတြနဲ႔ လႈပ္ရွားသက္ဝင္ေနေစခ်င္တယ္ဆိုရင္ေတာ့ အိမ္ထဲမွာ ေသဆုံးေနတဲ့အပင္ေတြ၊ ေျခာက္ေသြ႕ေနတဲ့အပင္ေတြကို ဒီတိုင္း ပစ္မထားပါနဲ႔ေနာ္။ ေသေနတဲ့ အရာေတြ အိမ္ထဲထားတာက မေကာင္းတဲ့

စြမ္းအင္ေတြကို စုတ္ယူေနသလိုပါပဲ။ ဒါ့အျပင္ သစ္ကိုင္းေျခာက္၊ သစ္ရြက္ေျခာက္ေတြ အိမ္ထဲမွာ ျပန႔္က်ဲထားတာက အိမ္ကိုေနခ်င္စရာ မေကာင္းေစပါဘူးေနာ္။

(၆) ဒိတ္ေအာက္ေနတဲ့ ျပကၡဒိန္

ရပ္တန႔္ေနတဲ့နာရီနဲ႔ အလားတူစြာပဲ ႏွစ္ကုန္ၿပီး ဒိတ္ေအာက္သြားၿပီျဖစ္တဲ့ ျပကၡဒိန္ေတြကို ဆက္လက္ခ်ိတ္ဆြဲ ထားတာကလည္း ကံေကာင္းျခင္းေတြဝင္လာဖို႔ ပိတ္ဆို႔ေစတတ္ပါတယ္။  အခ်ိန္နဲ႔ ပတ္သက္တဲ့ ဘယ္ပစၥည္းကိုမဆို

မွားယြင္းက်ိဳးပ်က္ေနတဲ့အတိုင္း အသုံးျပဳတာက အိမ္လာဘ္တိတ္ၿပီး အသက္ေတာင္ တိုနိုင္တယ္လို႔ေရွးလူႀကီးေတြက ဆိုၾကတာဘဲ ျဖစ္ပါတယ္။credit

Unicode…အိမ်တွင်းမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာ (၆) မျိုး(ဒါတွေ ရှိနေရင် အမြန်ဆုံး ဖယ်ရှားလိုက်ပါနော်)

ကြိုးစားရုန်းကန်နေတဲ့ကြားက အိမ်ရဲ့စီးပွားရေးတွေ ကျဆင်းနေတယိလို့ ထင်ပါသလား။ ရှေးယခင်ကတည်းက ယနေ့တိုင် အကျုံးဝင်နေသေးတဲ့ ဓလေ့ထုံးစံတွေကို မေ့ပစ်လို့တော့ မရပါဘူးနော်။

ဒီအရာတွေကတော့ အိမ်ထဲမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီအရာတွေကြောင့်ချည်းပဲ ကံဆိုးနေတယ်လို့ မဆိုလိုပါဘူးနော်။ ဒီအရာတွေကြောင့် ပိုကံဆိုးသွားနိုင်ပါတယ်။

ကံကောင်းခြင်းတွေကို ပိတ်စေနိုင်တယ်လို့ပဲ ဆိုလိုပါတယ်။ သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ ဒီအရာတွေကို အိမ်ထဲမှာ၊ အခန်းထဲမှာ ထားမိလားဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ်နော်။

(၁) လှုပ်ကုလားထိုင်

ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါနော်။ လေတိုက်နေလို့ပါဆိုပြီးဘယ်လိုပဲ ဖြည့်တွေးသော်လည်း စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်တတ်ကြတာပါဘဲ။

ဒါကြောင့် ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့တာ ပါနော်။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါဘဲ လို့ ဆိုပါတယ်နော်။

(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီ

ပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီးသား ဖြစ်မှာပါနော်။ ထို့ပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီဟာ မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိပါတယ်နော်။

အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရမှာပါ။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှုလည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်နော်။

(၃) ကန္တာရစူးပင်

Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါနော်။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ  အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်နော်။ ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့

ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက်ဖြစ်စေတတ်ပါတယိနော်။

(၄) ဖွင့်ထားတဲ့ထီး

ရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင်လာခြင်းဟာ အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ် လို့ ဆိုပါတယ်။ အိမ်စောင့်နတ်တွေက အိမ်ကို စောင့်ရှောက်တာ

မလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်လို့ပါနော်။ အဲဒီအခါ အိမ်စောင့်နတ်က စိတ်တိုပြီးတော့ အိမ်ကိုမစောင့်ရှောက်တော့ရင် အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်တာ ဖြစ်ပါတယ်။

(၅) ခြောက်သွေ့သေဆုံးနေသောအပင်

အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင်တော့ အိမ်ထဲမှာ သေဆုံးနေတဲ့အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့နော်။ သေနေတဲ့ အရာတွေ အိမ်ထဲထားတာက မကောင်းတဲ့

စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူးနော်။

(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်

ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက်ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေတတ်ပါတယ်။  အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို

မှားယွင်းကျိုးပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြတာဘဲ ဖြစ်ပါတယ်။credit

Add a Comment

Your email address will not be published. Required fields are marked *