တစ္နိုင္ငံလုံးမွာ ကိုဗစ္ကူးစက္ခံရတဲ့ သံဃာေတာ္နဲ႔သီလရွင္ ၄၅၀ ေက်ာ္ရွိျပီ 

တစ္နိုင္ငံလုံးမွာ ကိုဗစ္ကူးစက္ခံရတဲ့ သံဃာေတာ္နဲ႔သီလရွင္ ၄၅၀ ေက်ာ္ရွိ

သံဃာေတာ္ေတြကိုသီးသန႔္ကုေပးနိုင္ေအာင္ ျပင္ဆင္ထားတာျဖစ္ပါတယ္လို့ သိရပါတယ္။ တစ္နိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့သံဃာေတာ္နဲ႔ သီလရွင္ စုစုေပါင္း (၄၅၂) ပါး ရွိတယ္လို့

သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာနကေနသိရတာပါေနာ္။ ျမန္မာနိုင္ငံအတြင္း ကိုဗစ္-၁၉ စတင္ျဖစ္ပြားခဲ့တဲ့ မတ္လကေန ေအာက္တိုဘာလ (၁) ရက္ေန႔အထိ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ရဟန္း၊သာမေဏ အပါး (၄၁၀) နဲ႔ သီလရွင္ (၄၂) ပါးရွိတယ္လို့

သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦးက ေျပာျကားခဲ့တာပါ။ “ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ရဟန္း၊သာမေဏနဲ႔ သီလရွင္ေတြအတြက္ ဆြမ္း၊ ကြမ္း ေဝယ်ာေဝစၥ လိုအပ္တာေတြ အားလုံးလုပ္ေပးေနပါတယ္။

ကူးစက္ခံရတာကေတာ့ ရန္ကုန္တိုင္းက အမ်ားဆုံးျဖစ္ပါတယ္။” လို့ေျပာပါတယ္။ ဒါ့အျပင္ေရာဂါကူးစက္ခံရတဲ့သံဃာေတာ္ေတြကို တစ္ေနရာတည္းမွာ ထားရွိကုသနိုင္ေအာင္ ရန္ကုန္ၿမိဳ့၊ ဗဟန္းၿမိဳ့နယ္ရွိ အဘိဓမၼ ရတနာဃရ (၅) ထပ္ ဓမၼာ႐ုံႀကီးကို ကုတင္ ၃၀၀ ဆံ့ ယာယီေဆး႐ုံအျဖစ္

ျပင္ဆင္ထားတယ္လို့သိရပါတယ္ေနာ္။ ကူးစက္ခံရတဲ့ သံဃာအေရအတြက္ မ်ားျပားလာတာျဖစ္တာေၾကာင့္ ဝိနည္းေတာ္နဲ႔ အညီ သီတင္းသုံးလို့ရနိုင္ေအာင္ ရည္ရြယ္ၿပီးေတာ့ ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းနဲ႔

ရန္ကုန္တိုင္းအစိုးရတို့ ဦးစီးၿပီး သံဃာေတာ္ေတြကိုပဲ သီးသန႔္ထားရွိကုသေပးနိုင္ေအာင္ ျပင္ဆင္ေပးတာျဖစ္တယ္လို့လည္း ဆိုပါတယ္ေနာ္။ ဓမၼာ႐ုံႀကီးကို (၃) ရက္နဲ႔ အၿပီး ျပင္ဆင္တယ္။

ေဆးကုသေပးမယ့္ က်န္းမာေရးအဖြဲ႕ေတြလည္း ရွိတယ္။ ဓမၼာ႐ုံက ငါးထပ္ဆိုေတာ့ ေအာက္ဆုံးထပ္မွာ ဆရာဝန္ေတြ ေစာင့္ၾကည့္မယ့္ေနရာ၊ သူနာျပဳေတြ ေနမယ့္ေနရာ၊ပရဟိတအဖြဲ႕ေတြ ေနမယ့္ေနရာ အားလုံးျပင္ဆင္ထားပါတယ္။

အခုလည္း သံဃာေတာ္ေတြ စထားေနပါၿပီ။ မေန႔က သံဃာ (၆) ပါးစေရာက္ပါတယ္။ ဒီေန႔ (၃) ပါးထပ္ေရာက္တယ္။ ေလာေလာဆယ္ေတာ့ ဆရာေတာ္၊ သံဃာေတာ္ေတြအတြက္ ဦးစားေပးျပင္ဆင္ထားတာပါ လို့

ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမွူးဦးေအးလင္းက ေျပာျကားခဲ့ပါတယ္။ အဆိုပါ ေဆး႐ုံမွာ ကုသေပးေနရာကေန မသက္သာတဲ့ သံဃာေတာ္ေတြကိုေတာ့

အေရးေပၚၾကပ္မတ္ကုသမွုေပးနိုင္ေအာင္ ကမၻာေအးရွိ သံဃာေဆး႐ုံမွာလည္း ICU/HDU အခန္းေတြ ျပင္ဆင္ထားတယ္လို့လည္း သိရပါတယ္ေနာ္။credit: popolay

Unicode…တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့ သံဃာတော်နဲ့သီလရှင် ၄၅၀ ကျော်ရှိ

သံဃာတော်တွေကိုသီးသန့်ကုပေးနိုင်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သံဃာတော်နဲ့ သီလရှင် စုစုပေါင်း (၄၅၂) ပါး ရှိတယ်လို့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေသိရတာပါနော်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကနေ အောက်တိုဘာလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရဟန်း၊သာမဏေ အပါး (၄၁၀) နဲ့ သီလရှင် (၄၂) ပါးရှိတယ်လို့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာပါ။ “ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ရဟန်း၊သာမဏေနဲ့ သီလရှင်တွေအတွက် ဆွမ်း၊ ကွမ်း ဝေယျာဝေစ္စ လိုအပ်တာတွေ အားလုံးလုပ်ပေးနေပါတယ်။

ကူးစက်ခံရတာကတော့ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။” လို့ပြောပါတယ်။ ဒါ့အပြင်ရောဂါကူးစက်ခံရတဲ့သံဃာတော်တွေကို တစ်နေရာတည်းမှာ ထားရှိကုသနိုင်အောင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အဘိဓမ္မ ရတနာဃရ (၅) ထပ် ဓမ္မာရုံကြီးကို ကုတင် ၃၀၀ ဆံ့ ယာယီဆေးရုံအဖြစ်

ပြင်ဆင်ထားတယ်လို့သိရပါတယ်နော်။ ကူးစက်ခံရတဲ့ သံဃာအရေအတွက် များပြားလာတာဖြစ်တာကြောင့် ဝိနည်းတော်နဲ့ အညီ သီတင်းသုံးလို့ရနိုင်အောင် ရည်ရွယ်ပြီးတော့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့

ရန်ကုန်တိုင်းအစိုးရတို့ ဦးစီးပြီး သံဃာတော်တွေကိုပဲ သီးသန့်ထားရှိကုသပေးနိုင်အောင် ပြင်ဆင်ပေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်နော်။ ဓမ္မာရုံကြီးကို (၃) ရက်နဲ့ အပြီး ပြင်ဆင်တယ်။

ဆေးကုသပေးမယ့် ကျန်းမာရေးအဖွဲ့တွေလည်း ရှိတယ်။ ဓမ္မာရုံက ငါးထပ်ဆိုတော့ အောက်ဆုံးထပ်မှာ ဆရာဝန်တွေ စောင့်ကြည့်မယ့်နေရာ၊ သူနာပြုတွေ နေမယ့်နေရာ၊ပရဟိတအဖွဲ့တွေ နေမယ့်နေရာ အားလုံးပြင်ဆင်ထားပါတယ်။

အခုလည်း သံဃာတော်တွေ စထားနေပါပြီ။ မနေ့က သံဃာ (၆) ပါးစရောက်ပါတယ်။ ဒီနေ့ (၃) ပါးထပ်ရောက်တယ်။ လောလောဆယ်တော့ ဆရာတော်၊ သံဃာတော်တွေအတွက် ဦးစားပေးပြင်ဆင်ထားတာပါ လို့

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးအေးလင်းက ပြောကြားခဲ့ပါတယ်။ အဆိုပါ ဆေးရုံမှာ ကုသပေးနေရာကနေ မသက်သာတဲ့ သံဃာတော်တွေကိုတော့

အရေးပေါ်ကြပ်မတ်ကုသမှုပေးနိုင်အောင် ကမ္ဘာအေးရှိ သံဃာဆေးရုံမှာလည်း ICU/HDU အခန်းတွေ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်နော်။credit: popolay

Add a Comment

Your email address will not be published. Required fields are marked *