ကိုဗစ္လူနာနဲ႔ထိေတြ႕ခဲ့ေျကာင္း မေျပာဘဲ ေဆးလာကုၿပီး ေသဆုံးမွ သိရလို့ ဆရာဝန္နွင့္ က်န္းမာေရးဝန္ထမ္း(၅)ဦး Quarantine ဝင္ရတဲ့ အျဖစ္

ကိုဗစ္လူနာနဲ႔ထိေတြ႕ခဲ့ေျကာင္း မေျပာဘဲ ေဆးလာကုၿပီး ေသဆုံးမွ သိရလို့ ဆရာဝန္နွင့္ က်န္းမာေရးဝန္ထမ္း(၅)ဦး Quarantine ဝင္ရတဲ့ အျဖစ္

(၁-၁၀-၂၀၂၀) MoHSထုတ္ျပန္ေၾကျငာခ်က္အရ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ့နယ္မွ ပိုးေတြ႕လူနာ ၂-ဉီးႏွင့္ ထိေတြ႕မွုရွိခဲ့တဲ့ ေဝါၿမိဳ့နယ္၊ ခ်မ္းျမသာစည္ကြက္သစ္၊ ဆရာစံ ၂-လမ္းေန အသက္ ၂၉-ႏွစ္ အရြယ္ အမ်ိဳးသားဟာ

ေမာ, ရင္ၾကပ္, အသက္ရွုမဝ ျဖစ္ျပီးေတာ့ ေဝါၿမိဳ့နယ္ေဆး႐ုံသို့ (၂-၁၀-၂၀၂၀)ရက္ေန႔၊ နံနက္(၀၃:၃၀)နာရီအခ်ိန္မွာ လာေရာက္ကုသရာ ေသြးေပါင္ခ်ိန္ စမ္းသပ္မရဘဲ ေသြးလန႔္ေသာ လကၡဏာမ်ားရွိေနသျဖင့္

တာဝန္က်ဆရာဝန္/သူနာျပဳ/ဝန္ထမ္းမ်ားမွ အသက္ကယ္ဆယ္နိုင္ေရး ႀကိဳးစားကုသေပးခဲ့ေသာ္လည္း နံနက္(၀၄:၀၀)နာရီအခ်ိန္ခန႔္တြင္ ေသဆုံးသြားခဲ့ပါတယ္ေနာ္။ေသဆုံးၿပီးမွ လူနာမွာ ပိုးေတြ႕သူ ၂-ဉီးႏွင့္ တစ္ရက္ခန႔္ထိေတြ႕မွုရွိခဲ့ေၾကာင္းကုိ

သိရွိရပါ သျဖင့္ ဆရာဝန္ တစ္ဉီး၊ အထက္တန္းသူနာျပဳ တစ္ဦး, သူနာျပဳ တစ္ဦး, ဝန္ထမ္း ႏွစ္ဦး စုစုေပါင္း ၅-ဦး တို့အား Hospital Quarantine ထားရွိျပီး လိုအပ္ေသာ စမ္းသပ္စစ္ေဆးမွုမ်ား ဆက္လက္ေဆာင္ရြက္ သြားမည္ျဖစ္တယ္လို့သိရပါတယ္ေနာ္။

ေသဆုံးသြားသူနဲ့ အနီးကပ္ ထိေတြ႕ခဲ့သူမ်ားအားလည္း Swab ယူ ျပီး စစ္ေဆးသြားရန္ စီစဥ္လ်က္ရွိတယ္ လို့ သိရပါတယ္။ေဒသခံျပည္သူမ်ားအေနနဲ့ ေဆး႐ုံ/ေဆးခန္းမ်ားတြင္ မိမိတို့၏ ခရီးသြားရာဇဝင္၊

ပိုးေတြ႕လူနာ/သံသယလူနာ တို့ႏွင့္ ထိေတြ႕မွုရွီခဲ့သည့္ ရာဇဝင္တို့အား အမွန္အတိုင္း ေျပာၾကားၾကပါရန္ ပဲခူးတိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနကတိုက္တြန္းထားပါတယ္ေနာ္။source;ခ်မ္းဦးလြင္

Unicode…ကိုဗစ်လူနာနဲ့ထိတွေ့ခဲ့ကြောင်း မပြောဘဲ ဆေးလာကုပြီး သေဆုံးမှ သိရလို့ ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း(၅)ဦး Quarantine ဝင်ရတဲ့ အဖြစ်

(၁-၁၀-၂၀၂၀) MoHSထုတ်ပြန်ကြေငြာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ ပိုးတွေ့လူနာ ၂-ဉီးနှင့် ထိတွေ့မှုရှိခဲ့တဲ့ ဝေါမြို့နယ်၊ ချမ်းမြသာစည်ကွက်သစ်၊ ဆရာစံ ၂-လမ်းနေ အသက် ၂၉-နှစ် အရွယ် အမျိုးသားဟာ

မော, ရင်ကြပ်, အသက်ရှုမဝ ဖြစ်ပြီးတော့ ဝေါမြို့နယ်ဆေးရုံသို့ (၂-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၀၃:၃၀)နာရီအချိန်မှာ လာရောက်ကုသရာ သွေးပေါင်ချိန် စမ်းသပ်မရဘဲ သွေးလန့်သော လက္ခဏာများရှိနေသဖြင့်

တာဝန်ကျဆရာဝန်/သူနာပြု/ဝန်ထမ်းများမှ အသက်ကယ်ဆယ်နိုင်ရေး ကြိုးစားကုသပေးခဲ့သော်လည်း နံနက်(၀၄:၀၀)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ပါတယ်နော်။သေဆုံးပြီးမှ လူနာမှာ ပိုးတွေ့သူ ၂-ဉီးနှင့် တစ်ရက်ခန့်ထိတွေ့မှုရှိခဲ့ကြောင်းကို

သိရှိရပါ သဖြင့် ဆရာဝန် တစ်ဉီး၊ အထက်တန်းသူနာပြု တစ်ဦး, သူနာပြု တစ်ဦး, ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၅-ဦး တို့အား Hospital Quarantine ထားရှိပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်တယ်လို့သိရပါတယ်နော်။

သေဆုံးသွားသူနဲ့ အနီးကပ် ထိတွေ့ခဲ့သူများအားလည်း Swab ယူ ပြီး စစ်ဆေးသွားရန် စီစဉ်လျက်ရှိတယ် လို့ သိရပါတယ်။ဒေသခံပြည်သူများအနေနဲ့ ဆေးရုံ/ဆေးခန်းများတွင် မိမိတို့၏ ခရီးသွားရာဇဝင်၊

ပိုးတွေ့လူနာ/သံသယလူနာ တို့နှင့် ထိတွေ့မှုရှီခဲ့သည့် ရာဇဝင်တို့အား အမှန်အတိုင်း ပြောကြားကြပါရန် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနကတိုက်တွန်းထားပါတယ်နော်။source;ချမ်းဦးလွင်

Tags:

Add a Comment

Your email address will not be published. Required fields are marked *