ေဝဖန္မွုေတြကို တာဝန္အရ ခံယူသြားမယ္ လို့ လူရႊင္ေတာ္ ဦးဧရာ ေျပာျပီ

ေဝဖန္မွုေတြကို တာဝန္အရ ခံယူသြားမယ္ လို့ လူရႊင္ေတာ္ ဦးဧရာ

ယခု လူမွုကြန္ရက္မွာ ေဝဖန္မွုမ်ားစြာ ခံေနရတဲ့ ဖိနပ္ေၾကာ္ျငာတခုနဲ႔ ပတ္သက္ၿပီးေတာ့ ပရိသတ္မ်ားရဲ့ ေျပာဆို ေဝဖန္မွုေတြကိုလည္း တာဝန္အရ ခံယူသြားမယ္လို့ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ လူရႊင္ေတာ္ ဧရာက ေျပာျကားခဲ့ပါတယ္။

ဦးဧရာက ေျကကာ္ျငာ ရိုက္က ယုန္ေလးနဲ႔ ရိုက္ထားတာၿပီးၿပီ။ မရွိေတာ့ဘူး။ အဲဒါကိုလည္း ေျပာၾကဆိုၾက ေဝဖန္ၾကတယ္လို့ ၾကားပါတယ္။ က်ေနာ္တို့ကေတာ့ က်ေနာ္တို့အလုပ္ က်ေနာ္တို့ လုပ္လိုက္တာပါပဲ။

စင္ေပၚမွာလည္း ဒီလိုျပက္လုံးေတြ ျပက္ခဲ့ရတာပါပဲ။ မိန္းမကို ၾကည့္ၿပီး ငမ္းတာေပါ့။ ႐ုပ္ရွင္ေတြထဲလည္း ရိုက္ၾကရတာပါပဲ။ တာဝန္ မရွိဘူးလို့ မေျပာပါဘူး။ တာဝန္အရ ေျပာၾက ဆိုၾကပါေစ။ ခံမယ္။

ႀကိဳက္သေလာက္ ေဝဖန္ၾကပါ။ ခံပါမယ္၊ ဒါပါပဲ ဆုိျပီးေတာ့လူရႊင္ေတာ္ ဧရာက ေျပာခဲ့တာပါ။ဒီေၾကာ္ျငာမွာေတာ့ သူပါဝင္သ႐ုပ္ေဆာင္ရမယ့္ ေနရာတခုကိုသာ သိရွိခဲ့ၿပီး ရိုက္ကူးခဲ့တာေၾကာင့္ ဘာမွန္း မသိလိုက္ဘူးလို့လည္း ေျပာပါတယ္။

ဇာတ္ညႊန္းက ဘာမွန္းကို မသိပါဘူး။ မင္းသားလည္း မဟုတ္ေတာ့ ဒါေလး ဝင္လုပ္လိုက္ဆိုေတာ့ ဝင္လုပ္လိုက္တာပါ။ ဘာမွန္းကို မသိလိုက္ဘူး။ အဲ့ေန႔က မိုးေတြလည္း ရြာလို့ ၿပီးတာနဲ႔ ျပန္တာပဲ။

ဟိုးတုန္းကလည္း ေၾကာ္ျငာမွာ ဇာတ္ညႊန္း မရွိပါဘူး။ ဒီလိုပဲ ရိုက္ၾကတာပါပဲ လို့ ဆုိျပီးလူရႊင္ေတာ္ ဧရာက ေျပာပါတယ္။ဒီေၾကာ္ျငာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ ပတ္သက္ၿပီး အမွားပါသြားရင္လည္း ေတာင္းပန္တယ္လို့ ေျပာခဲ့ပါတယ္။

အမွားပါရင္ေတာ့ ခြင့္လႊတ္ပါေပါ့။ လုပ္ေနက်အတိုင္းပဲ လုပ္လိုက္တာပါပဲ။ ေထြေထြထူးထူးႀကီးေတာ့ ယုတ္မာလိုက္မယ္ဟဲ့ဆိုတဲ့ စိတ္မ်ိဳးနဲ႔ လုပ္တာ မဟုတ္ပါဘူး။ အမွားရွိသြားရင္ ခြင့္လႊတ္ပါ။

ပရိသတ္ႀကီး ေတာင္းပန္တယ္ လို့ လူရႊင္ေတာ္ ဧရာက ေျပာပါတယ္ေနာ္။ဒီေၾကာ္ျငာဟာ နိုင္ငံေရး၊ ပုဂၢလိကေစာ္ကားမွု တခုမွ မပါခဲ့ေပမယ့္လည္း ယဥ္ေက်းမွုကို ထိခိုက္သြားတဲ့အတြက္ကုိ ေတာင္းပန္တယ္လို့ ဆိုပါတယ္။ေနာက္ဆင္ျခင္မွာေပါ့။ ယုန္ေလးကိုလည္း ေျပာရမွာေပါ့။

ပရိသတ္ မႀကိဳက္ဘူးဆိုရင္ မလုပ္ဘူးေပါ့။ ႀကိဳက္မလားလို့ ခ်ျပၾကည့္ၾကတာေလ။ မႀကိဳက္ဘူးဆိုေတာ့ ျပန္႐ုတ္သိမ္းေပါ့။ နိုင္ငံေရးလည္း မပါဘူး။ ပုဂၢလိက ေစာ္ကားမွုလည္း မပါဘူး။ ယဥ္ေက်းမွုကို ထိခိုက္သြားတာ ရွိမယ္။

မိန္းကေလးေတြရဲ့သိကၡာ အိေျႏၵကို ထိခိုက္သြားတာပဲ ရွိတယ္။ အဲ့အတြက္ ေတာင္းပန္တယ္ လို့ ဧရာက ေျပာပါတယ္ေနာ္။အဆိုပါ Mi Star ဖိနပ္ေၾကာ္ျငာကိုေတာ့ စက္တင္ဘာလ ၃၀ ရက္ေန႔က ယုန္ေလးရဲ့ Facebook Page မွာ တင္ထားခဲ့တာျဖစ္ၿပီးေတာ့

ဒီထဲမွာေတာ့ လူရႊင္ေတာ္ ဧရာ ၊ ယုန္ေလးနဲ႔ Facebook Cele မ်ားပါဝင္သ႐ုပ္ေဆာင္ထားတာပါေနာ္။ဒီေၾကာ္ျငာဗီဒီယိုနဲ႔ ပတ္သက္ၿပီးေတာ့ ေၾကာ္ျငာ တင္ဆက္မွုမ်ားဟာ လူအမ်ားရဲ့ေဝဖန္ ရွုတ္ခ်မွု ခံေနရတာဘဲ ျဖစ္ပါတယ္ေနာ္။credit

Unicode…ဝေဖန်မှုတွေကို တာဝန်အရ ခံယူသွားမယ် လို့ လူရွှင်တော် ဦးဧရာ

ယခု လူမှုကွန်ရက်မှာ ဝေဖန်မှုများစွာ ခံနေရတဲ့ ဖိနပ်ကြော်ငြာတခုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်များရဲ့ ပြောဆို ဝေဖန်မှုတွေကိုလည်း တာဝန်အရ ခံယူသွားမယ်လို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော် ဧရာက ပြောကြားခဲ့ပါတယ်။

ဦးဧရာက ကြေကာ်ငြာ ရိုက်က ယုန်လေးနဲ့ ရိုက်ထားတာပြီးပြီ။ မရှိတော့ဘူး။ အဲဒါကိုလည်း ပြောကြဆိုကြ ဝေဖန်ကြတယ်လို့ ကြားပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့အလုပ် ကျနော်တို့ လုပ်လိုက်တာပါပဲ။

စင်ပေါ်မှာလည်း ဒီလိုပြက်လုံးတွေ ပြက်ခဲ့ရတာပါပဲ။ မိန်းမကို ကြည့်ပြီး ငမ်းတာပေါ့။ ရုပ်ရှင်တွေထဲလည်း ရိုက်ကြရတာပါပဲ။ တာဝန် မရှိဘူးလို့ မပြောပါဘူး။ တာဝန်အရ ပြောကြ ဆိုကြပါစေ။ ခံမယ်။

ကြိုက်သလောက် ဝေဖန်ကြပါ။ ခံပါမယ်၊ ဒါပါပဲ ဆိုပြီးတော့လူရွှင်တော် ဧရာက ပြောခဲ့တာပါ။ဒီကြော်ငြာမှာတော့ သူပါဝင်သရုပ်ဆောင်ရမယ့် နေရာတခုကိုသာ သိရှိခဲ့ပြီး ရိုက်ကူးခဲ့တာကြောင့် ဘာမှန်း မသိလိုက်ဘူးလို့လည်း ပြောပါတယ်။

ဇာတ်ညွှန်းက ဘာမှန်းကို မသိပါဘူး။ မင်းသားလည်း မဟုတ်တော့ ဒါလေး ဝင်လုပ်လိုက်ဆိုတော့ ဝင်လုပ်လိုက်တာပါ။ ဘာမှန်းကို မသိလိုက်ဘူး။ အဲ့နေ့က မိုးတွေလည်း ရွာလို့ ပြီးတာနဲ့ ပြန်တာပဲ။

ဟိုးတုန်းကလည်း ကြော်ငြာမှာ ဇာတ်ညွှန်း မရှိပါဘူး။ ဒီလိုပဲ ရိုက်ကြတာပါပဲ လို့ ဆိုပြီးလူရွှင်တော် ဧရာက ပြောပါတယ်။ဒီကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အမှားပါသွားရင်လည်း တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။

အမှားပါရင်တော့ ခွင့်လွှတ်ပါပေါ့။ လုပ်နေကျအတိုင်းပဲ လုပ်လိုက်တာပါပဲ။ ထွေထွေထူးထူးကြီးတော့ ယုတ်မာလိုက်မယ်ဟဲ့ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်တာ မဟုတ်ပါဘူး။ အမှားရှိသွားရင် ခွင့်လွှတ်ပါ။

ပရိသတ်ကြီး တောင်းပန်တယ် လို့ လူရွှင်တော် ဧရာက ပြောပါတယ်နော်။ဒီကြော်ငြာဟာ နိုင်ငံရေး၊ ပုဂ္ဂလိကစော်ကားမှု တခုမှ မပါခဲ့ပေမယ့်လည်း ယဉ်ကျေးမှုကို ထိခိုက်သွားတဲ့အတွက်ကို တောင်းပန်တယ်လို့ ဆိုပါတယ်။နောက်ဆင်ခြင်မှာပေါ့။ ယုန်လေးကိုလည်း ပြောရမှာပေါ့။

ပရိသတ် မကြိုက်ဘူးဆိုရင် မလုပ်ဘူးပေါ့။ ကြိုက်မလားလို့ ချပြကြည့်ကြတာလေ။ မကြိုက်ဘူးဆိုတော့ ပြန်ရုတ်သိမ်းပေါ့။ နိုင်ငံရေးလည်း မပါဘူး။ ပုဂ္ဂလိက စော်ကားမှုလည်း မပါဘူး။ ယဉ်ကျေးမှုကို ထိခိုက်သွားတာ ရှိမယ်။

မိန်းကလေးတွေရဲ့သိက္ခာ အိနြေ္ဒကို ထိခိုက်သွားတာပဲ ရှိတယ်။ အဲ့အတွက် တောင်းပန်တယ် လို့ ဧရာက ပြောပါတယ်နော်။အဆိုပါ Mi Star ဖိနပ်ကြော်ငြာကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့က ယုန်လေးရဲ့ Facebook Page မှာ တင်ထားခဲ့တာဖြစ်ပြီးတော့

ဒီထဲမှာတော့ လူရွှင်တော် ဧရာ ၊ ယုန်လေးနဲ့ Facebook Cele များပါဝင်သရုပ်ဆောင်ထားတာပါနော်။ဒီကြော်ငြာဗီဒီယိုနဲ့ ပတ်သက်ပြီးတော့ ကြော်ငြာ တင်ဆက်မှုများဟာ လူအများရဲ့ဝေဖန် ရှုတ်ချမှု ခံနေရတာဘဲ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *