ကုိဗစ္ေရာဂါ ေရာဂါျပင္းထန္သူ ၄၂ ဦးကို ေသြးရည္ၾကည္ျဖင့္ ကုသရာ ၃၁ ဦး သက္သာလာသည္ဟု သိရ

ကုိဗစ္ေရာဂါ ေရာဂါျပင္းထန္သူ ၄၂ ဦးကို ေသြးရည္ၾကည္ျဖင့္ ကုသရာ ၃၁ ဦး သက္သာလာသည္ဟု သိရ

ေသြးရည္ၾကည္လိုေန၍ COVID-19 ေရာဂါေပ်ာက္သြားသူမ်ား လာေရာက္လွူဒါန္းရန္ ေမတၱာရပ္ခံထားတာ ျဖစ္ပါတယ္။ COVID-19 ေရာဂါ ျပင္းထန္သူ ၄၂ ဦးကို ေသြးရည္ ၾကည္ျဖင့္ ကုသမွုမွ ၃၁ ဦး သက္သာလာၿပီျဖစ္ေၾကာင္း

ေသြးရည္ ၾကည္ကုထုံး ေကာ္မတီဥကၠ႒၊ ေသြးေရာဂါ အထူးကုဆရာဝန္ ႀကီး ပါေမာကၡေဒါက္တာရဲျမက ေျပာျကားခဲ့ပါတယ္။စက္တင္ဘာ ၃၀ ရက္မွာ နိုင္ငံပိုင္မီဒီယာမွ ထုတ္လႊင့္သည့္COVID-19 ေရာဂါအေၾကာင္း

သိေကာင္းစရာ အေမး၊ အေျဖ အစီအစဥ္မွာ ျပည္သူမ်ားမွ ေမးျမန္းတဲ့ ေသဆုံးႏွုန္းေလၽွာ့ခ်နိုင္ ေရး မည္သို့လုပ္ေဆာင္ေနသည့္ ေမးခြန္းအေပၚ ၎က အထက္ပါ အတိုင္း ျပန္လည္ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

အခု ေသဆုံးမွုေတြက အခ်ိန္မီေရာက္မလာၾကတာျဖစ္ ေတာ့ ကၽြန္ေတာ္တို့ ေသြးရည္ၾကည္နဲ႔ ကုခ်င္ေတာင္ အခ်ိန္မီေပးလို့ မရတာရွိေနတယ္။ ဒါ ေၾကာင့္ျဖစ္တာ။ အိမ္မွာ သုံး၊ ေလး၊ ငါးရက္ေလာက္ေနၿပီး မကုပါနဲ႔။

သိသိခ်င္း သက္ဆိုင္ရာ ေဆး႐ုံေတြဆီ သြားပါ ဟု ပါေမာကၡ ေဒါက္တာ ရဲျမက ေျပာခဲ့ပါတယ္။ေသြးရည္ၾကည္ျဖင့္ ကုသမွု မွ ျပန္လည္သက္သာမွုႏွုန္းသည္ ၁၀ ဦးတြင္ ခုနစ္ဦးမွ ရွစ္ဦးအထိ ကယ္တင္နိုင္ေနတယ္ ေျပာပါတယ္။

အဓိက အခက္အခဲျဖစ္ေနသည္မွာ ေသြးရည္ၾကည္ရွာေဖြရန္ ခက္ခဲေန သည္ဟု ဆိုပါတယ္။ကုသမွုတြင္ အသုံးျပဳသည့္ ေသြးရည္ၾကည္ ဆိုသည္မွာ ေရာဂါျဖစ္ၿပီး ျပန္ေကာင္းသြားသူ မ်ားထံမွ ရယူျခင္းျဖစ္ကာ ၎တို့၏ ခႏၶာကိုယ္ထဲ၌ ပဋိပစၥည္း ေရာဂါ တိုက္ဖ်က္ေသာ

Anti body ကို ျပန္လည္ရယူျခင္းျဖစ္ေၾကာင္း ေသြးရည္ၾကည္ကုထုံး ေကာ္မတီဥကၠ႒က ရွင္းျပပါတယ္။ထို့ေၾကာင့္ ယခု ေရာဂါျဖစ္ ပြားသူမ်ားထံမွ ေသြးရည္ၾကည္ ရယူနိုင္မွုမွာ လာမည့္ တစ္လမွႏွစ္လမွသာ

အသုံးျပဳနိုင္မည္ျဖစ္ သည့္အတြက္ ရွာေဖြရန္ ခက္ခဲေနကာ ဧၿပီႏွင့္ ေမလအတြင္း COVID -19 ျဖစ္ပြားခဲ့ၿပီးေနာက္ ေပ်ာက္ကင္း သြားသူမ်ားကိုလည္း လွူဒါန္းရန္ ေမတၱာရပ္ခံေနေၾကာင္း အသိ ေပးထားတာ ျဖစ္ပါတယ္။

အထူးသျဖင့္ ေသြးအုပ္စု A, AB က ေတာ္ေတာ္ရွားလို့ ေတာ္ေတာ္ခက္ခက္ခဲခဲ ရွာေနရ တယ္။ ေသြးရည္ၾကည္ကို ျပန္ေကာင္းသြားတဲ့သူေတြထဲက လွူၾကပါ။ ကၽြန္ေတာ္တို့ အသက္ ကယ္နိုင္မွာ ျဖစ္တယ္ ဟု ေဒါက္ တာ ရဲျမက တိုက္တြန္းခဲ့တာပါ။

COVID-19 ေရာဂါ ေပ်ာက္ကင္းသြားသူမ်ား၏ ေသြးရည္ ၾကည္ကို အသုံးျပဳထည့္သြင္း၍ COVID-19 ပိုးေတြ႕လူနာမ်ား အား ကုသေပးနိုင္ရန္ ျပန္လည္ ေကာင္းမြန္သြားေသာ COVID-19 လူနာ၏ ေသြးရည္ၾကည္ျဖင့္

COVID-19 လူနာမ်ားအား စမ္း သပ္ကုသနိုင္ေရး Adhoc အႀကံ ေပးအဖြဲ႕ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဧၿပီ ၁၆ ရက္တြင္ ဖြဲ႕စည္းခဲ့တာပါ။ထိုအဖြဲ႕က ၾသဂုတ္ ၁၆ ရက္ မတိုင္မီက ေရာဂါျပင္းထန္ေသာ

လူနာရွစ္ဦးကို COVID-19 ေရာဂါ ေပ်ာက္ကင္းသြားသူမ်ား၏ ေသြးရည္ၾကည္အသုံးျပဳျပီး သက္သာေပ်ာက္ကင္းေအာင္ ကုသေပးနိုင္ ခဲ့သည္ဟု ဝန္ႀကီးဌာနက ထုတ္ ျပန္ထားတာ ျဖစ္ပါတယ္။credit;7days

Unicode…ကိုဗစ်ရောဂါ ရောဂါပြင်းထန်သူ ၄၂ ဦးကို သွေးရည်ကြည်ဖြင့် ကုသရာ ၃၁ ဦး သက်သာလာသည်ဟု သိရ

သွေးရည်ကြည်လိုနေ၍ COVID-19 ရောဂါပျောက်သွားသူများ လာရောက်လှူဒါန်းရန် မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ COVID-19 ရောဂါ ပြင်းထန်သူ ၄၂ ဦးကို သွေးရည် ကြည်ဖြင့် ကုသမှုမှ ၃၁ ဦး သက်သာလာပြီဖြစ်ကြောင်း

သွေးရည် ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌ၊ သွေးရောဂါ အထူးကုဆရာဝန် ကြီး ပါမောက္ခဒေါက်တာရဲမြက ပြောကြားခဲ့ပါတယ်။စက်တင်ဘာ ၃၀ ရက်မှာ နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်သည့်COVID-19 ရောဂါအကြောင်း

သိကောင်းစရာ အမေး၊ အဖြေ အစီအစဉ်မှာ ပြည်သူများမှ မေးမြန်းတဲ့ သေဆုံးနှုန်းလျှော့ချနိုင် ရေး မည်သို့လုပ်ဆောင်နေသည့် မေးခွန်းအပေါ် ၎င်းက အထက်ပါ အတိုင်း ပြန်လည်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အခု သေဆုံးမှုတွေက အချိန်မီရောက်မလာကြတာဖြစ် တော့ ကျွန်တော်တို့ သွေးရည်ကြည်နဲ့ ကုချင်တောင် အချိန်မီပေးလို့ မရတာရှိနေတယ်။ ဒါ ကြောင့်ဖြစ်တာ။ အိမ်မှာ သုံး၊ လေး၊ ငါးရက်လောက်နေပြီး မကုပါနဲ့။

သိသိချင်း သက်ဆိုင်ရာ ဆေးရုံတွေဆီ သွားပါ ဟု ပါမောက္ခ ဒေါက်တာ ရဲမြက ပြောခဲ့ပါတယ်။သွေးရည်ကြည်ဖြင့် ကုသမှု မှ ပြန်လည်သက်သာမှုနှုန်းသည် ၁၀ ဦးတွင် ခုနစ်ဦးမှ ရှစ်ဦးအထိ ကယ်တင်နိုင်နေတယ် ပြောပါတယ်။

အဓိက အခက်အခဲဖြစ်နေသည်မှာ သွေးရည်ကြည်ရှာဖွေရန် ခက်ခဲနေ သည်ဟု ဆိုပါတယ်။ကုသမှုတွင် အသုံးပြုသည့် သွေးရည်ကြည် ဆိုသည်မှာ ရောဂါဖြစ်ပြီး ပြန်ကောင်းသွားသူ များထံမှ ရယူခြင်းဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ထဲ၌ ပဋိပစ္စည်း ရောဂါ တိုက်ဖျက်သော

Anti body ကို ပြန်လည်ရယူခြင်းဖြစ်ကြောင်း သွေးရည်ကြည်ကုထုံး ကော်မတီဥက္ကဋ္ဌက ရှင်းပြပါတယ်။ထို့ကြောင့် ယခု ရောဂါဖြစ် ပွားသူများထံမှ သွေးရည်ကြည် ရယူနိုင်မှုမှာ လာမည့် တစ်လမှနှစ်လမှသာ

အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ရှာဖွေရန် ခက်ခဲနေကာ ဧပြီနှင့် မေလအတွင်း COVID -19 ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ကင်း သွားသူများကိုလည်း လှူဒါန်းရန် မေတ္တာရပ်ခံနေကြောင်း အသိ ပေးထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် သွေးအုပ်စု A, AB က တော်တော်ရှားလို့ တော်တော်ခက်ခက်ခဲခဲ ရှာနေရ တယ်။ သွေးရည်ကြည်ကို ပြန်ကောင်းသွားတဲ့သူတွေထဲက လှူကြပါ။ ကျွန်တော်တို့ အသက် ကယ်နိုင်မှာ ဖြစ်တယ် ဟု ဒေါက် တာ ရဲမြက တိုက်တွန်းခဲ့တာပါ။

COVID-19 ရောဂါ ပျောက်ကင်းသွားသူများ၏ သွေးရည် ကြည်ကို အသုံးပြုထည့်သွင်း၍ COVID-19 ပိုးတွေ့လူနာများ အား ကုသပေးနိုင်ရန် ပြန်လည် ကောင်းမွန်သွားသော COVID-19 လူနာ၏ သွေးရည်ကြည်ဖြင့်

COVID-19 လူနာများအား စမ်း သပ်ကုသနိုင်ရေး Adhoc အကြံ ပေးအဖွဲ့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့တာပါ။ထိုအဖွဲ့က သြဂုတ် ၁၆ ရက် မတိုင်မီက ရောဂါပြင်းထန်သော

လူနာရှစ်ဦးကို COVID-19 ရောဂါ ပျောက်ကင်းသွားသူများ၏ သွေးရည်ကြည်အသုံးပြုပြီး သက်သာပျောက်ကင်းအောင် ကုသပေးနိုင် ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ် ပြန်ထားတာ ဖြစ်ပါတယ်။credit;7days

Add a Comment

Your email address will not be published. Required fields are marked *