Unicode…ဧရာဝတီစင်တာတွင်ကုသမှုခံယူနေသူ (၁၂၀)ကျော် ကိုဗစ်ရောဂါ သက်သာပျောက်ကင်းပြီး အိမ်ပြန်ခွင့်ရသွားပြီ
ဧရာဝတီစင်တာတွင် ကုသမှု ခံယူနေသူ (၁၂၀)ကျော် သက်သာပျောက်ကင်း၍ အိမ်ပြန်ခွင့် ရခဲ့ကြောင်း သိရပါတယ်နော်။ စက်တင်ဘာ၃၀ရက်နေ့ ဧရာဝတီစင်တာရဲ့ ထုတ်ပြန်ချက်အရ ယနေ့မနက်ပိုင်းတွင်
လူ၁၂၀ကျော် နေအိမ်ပြန်ခွင့် ရဟုသိရှိရပါတယ်။ ဒီကနေ့ နံနက် (၇)နာရီမှာတော့ ဧရာဝတီစင်တာမှာ ကုသမှုခံယူနေသူ (၁၂၀)ကျော် အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ အားလုံး ကျန်းမာစွာနဲ့ အိမ်ပြန်နိုင်ကြပြီမို့
ဝမ်းသာပီတိဖြစ်ရသလို လွတ်သွားတဲ့ အခန်းတွေမှာ နောက်လာမယ့် သူတွေ အဆင်သင့် နေထိုင်နိုင်စေဖို့ ကျန်နေခဲ့သူတွေကလည်း စေတနာ စိတ်ဓာတ်မြင့်မားစွာ စေတနာ့ ဝန်ထမ်းများနဲ့အတူ လက်တွဲပြီး
ဝိုင်းဝန်း သန့်ရှင်းရေး လုပ်ပေးကြတဲ့အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင်ရှိပါတယ် ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်နော်။
စက်တင်ဘာ၂၉ရက်ည၈နာရီအထိမြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁၂၄၂၅ဦး၊သေဆုံး၂၈၄ဦး၊ဆေးရုံဆင်းရသူ ၃၃၉၁ဦးရှိပြီဖြစ်ပါတယ်နော်။ credit ;Myanmar Harp
Add a Comment
Your email address will not be published. Required fields are marked *