ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ ဘယ်လိုနေရာတွေမှာ တွေ့ရှိနိုင်တာလဲ ဆိုတော့

ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ ဘယ်လိုနေရာတွေမှာ တွေ့ရှိနိုင်တာလဲ ဆိုတော့

ရွှေဆိုတာဟာ လူတိုင်းနဲ့ ရင်းနှိးပြီးသား တွင်းထွက် ပစ္စည်း တစ်ခုပါနော်။ ရွှေဟာဆိုရင် တောက်ပလွန်းတဲ့ ရွှေဝါရောင်အရည်အသွေးနဲ့ ပြည့်စုံနေတာကြောင့် လူကြိုက်များရခြင်းပဲဖြစ်ပါတယ်နော်။

ရွှေရဲ့ ဓာတုဗေဒသင်္ကေတဖြစ်တဲ့ Au ကတော့ လက်တင်ဘာသာစကား aurum ကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ နေတောက်ပချိန် လို့ အဓိပ္ပါယ်ရတာ ဖြစ်ပါတယ်။ Gold ဆိုတဲ့ ရွှေရဲ့ အင်္ဂလိပ်ဝေါဟာရကတော့

ဂျာမန်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့သိရပြီး အဝါရောင် လို့ ညွှန်းဆိုထားကြောင်း သိရပါတယ်နော်။ ရွှေဆိုတာဟာ ဓာတုသဘာဝအတိုင်း ဖြစ်လာတဲ့ ဒြပ်စင်တစ်ခုပင်ဖြစ်ပြီးတော့ အဝါရောင်တောက်ပတဲ့ သတ္ထုဖြစ်တဲ့အတွက် အလွယ်တကူပင် သိနိုင်မှာပဲဖြစ်ပါတယ်နော်။

ရွှေဟာ သူ့ရဲ့ ရှားပါးမှု၊ တိုက်စားမှုကို ခံနိုင်ရည်ရှိမှု၊ လျှပ်ကူးနိုင်မှု၊ အလွယ်တကူ ပုံသွင်းနိုင်မှုတို့အပြင် သူရဲ့ လှပတဲ့ ရွှေရောင်ရှိမှုတို့ကြောင့် အလွန်ပင် အဖိုးတန်တဲ့ သတ္ထုပဲဖြစ်ပါတယ်နော်။ ရွှေကိုတော့ ဘယ်လိုနေရာတွေမှာ

ရနိုင်ပါသလဲဆိုရင်တော့ မိုင်းတွင်းတွေကနေ ဒါမှမဟုတ် စမ်းချောင်းတွေကနေ ရွှေကျင်ခြင်းကနေ ရရှိနိုင်တာပဲဖြစ်ပါတယ်နော်။ ဒါပေမယ့်လည်း တကယ်စင်စစ် ရွှေထွက်ရှိတဲ့ မူလအရင်းအမြစ်ကတော့ ကမ္ဘာမြေကြီးပဲဖြစ်တယ်ဆိုတာတော့ မလွဲဧကန်ပါ။

ကမ္ဘာပေါ်က ရွှေတွေဟာ ကောင်းကင်ပေါ်က ကြယ်တွေကြွေလာတဲ့အခါ ဖြစ်ပေါ်လာတဲ့အစိုင်အခဲတွေကနေ ထွက်ပေါ်လာတယ်ဆိုတာကို ယုံကြပါသလား။ ကမ္ဘာကြီးဖြစ်ပေါ်လာပြီးနောက်မှာ လေးလံတဲ့သတ္ထုတွေဖြစ်ကြတဲ့

သံ (Iron) နဲ့ ရွှေ(Gold) တို့ဟာ ကမ္ဘာမြေကြီးရဲ့ အတွင်းဗဟိုဒေသကို စိမ့်ဝင်သွားတာပါ။ တကယ်လို့ ဒီအဖြစ်အပျက်မျိုး မရှိခဲ့ဘူးဆိုရင်တော့ ရွှေဆိုတာ ကမ္ဘာပေါ်က အစိုင်အခဲတွေထဲမှာ ထွက်ပေါ်လာခြင်း ရှိလာမှာ မဟုတ်ပါဘူးနော်။ လွန်ခဲ့သော နှစ်သန်းပေါင်းလေးထောင်လောက်က

ကမ္ဘာကြီးဟာ asteroid (အဲ့စ်တရွိုက်ဒ် = အင်္ဂါဂြိုလ်နှင့် ဂျူပီတာကြားလမ်းကြောင်းမှ နေကိုပတ်သော ဂြိုလ်ငယ်တစ်ခု)ရဲ့ သက်ရောက်မှုတွေနဲ့ ထိုးနှက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ထိုသက်ရောက်မှုတွေဟာ ကမ္ဘာမြေကြီးရဲ့

နက်ရှိုင်းတဲ့အလွှာတွေကို လှုံ့ဆော်ပေးခဲ့တာကြောင့် ရွှေအချို့ကို ကမ္ဘာမြေကြီးရဲ့ အပေါ်ဆုံးအလွှာနဲ့ အလယ်ဗဟိုကြားနေရာရှိ အလွှာတွေဆီ ရောက်ရှိစေခဲ့တာဖြစ်ပါတယ်နော်။ အချို့သောရွှေများကိုတော့ ကျောက်ရိုင်း၊ သတ္ထုရိုင်းများနှင့်အတူပင်တွေ့ရှိရတာပဲဖြစ်ပါတယ်နော်။

ဒါကြောင့်မို့ ရွှေကို စင်ကြယ်သောဇာတိရှိတဲ့ ဒြပ်စင်အဖြစ် တွေ့ရှိရတာဖြစ်ပါတယ်။ ရွှေဟာတိုက်စားမှုကို ခံနိုင်ရည် ရှိတဲ့ တစ်ခုတည်းသော သတ္ထုပါ။ ဒါ့အပြင် ရွှေဟာ အလေး ချိန်များတာကြောင့် သူ့ကိုဆိုရင်

စမ်းချောင်းတွေရဲ့ အောက်ခြေတွေမှာ သာမက ပင်လယ်တွေနဲ့ နုံးမြေဖြစ်ပေါ်ရာ နေရာတွေမှာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ ငလျှင်လှုပ်ခြင်းဟာလည်း ရွှေများကို ထွက်ပေါ်လာစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငလျှင်လှုပ်ခြင်းဟာ

ဓာတ်သတ္ထုကြွယ်ဝတဲ့ ရေကို ဖိနှိပ်ထားရာကနေ လျှင်မြန်စွာလွှတ်လိုက်ရတာကြောင့် ရေဟာ အငွေ့ပျံသွားတဲ့အခါ ရွှေပါဝင်တဲ့အလွှာများဟာ ကျောက်မျက်နှာပြင်များပေါ် ရောက်ရှိလာတာဖြစ်ပါတယ်။

မီးတောင်များအတွင်း၌လည်း အလားတူဖြစ်စဉ်ကို တွေ့ရှိရတာဖြစ်ပါတယ်နော်။ ရွှေဟာဆိုရင် သတ္ထုအားလုံးထဲမှာ သိပ်သည်းမှုအများဆုံး ဂုဏ်သတ္တိရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင်ရွှေဟာ အပူနဲ့ လျှပ်ကူးမှုတွေကို တုံ့ပြန်နိုင်စွမ်းရှိတာလည်းဖြစ်ပါတယ်။

အဖိုးတန်ရွှေဟာ ပျော့ပျောင်းမှုရှိတာကြောင့် တခြားသတ္ထုများထက် ကွေးနိုင်ဆန့်နိုင်စွမ်းအား ပိုမိုကာ အများကြီး သာလွန်နေတာဖြစ်ပါတယ်။ ရွှေတစ်အောင်စ (၂၈ ဂရမ်) ဟာ ၁၈၇ စတုရန်းပေရှိတဲ့ ရွှေပြားဖြစ်အောင် ဖန်တီးယူ၍ရတာ ဖြစ်ပါတယ်နော်။

ရွှေဆိုတာဟာ မြင်သူတကာကို ဆွဲဆောင်နိုင်စွမ်းအားရှိပြီးတော့ သူ့ကို အသုံပြုပြီး ပုံဖော်ရတာလည်း လွယ်ကူတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ရွှေတွေဟာ အရောင်တောက်ပမှု လျော့ပါးသွားခြင်းမရှိသလို တိုက်စားခြင်းဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်နော်။

ဒါ့အပြင် ရွှေရဲ့ သူမတူထူးခြားတဲ့ အရည်အသွေးတွေကြောင့်ပင် ရွှေဟာ ကမ္ဘာလုံးဆိုင် ရာ ကုန်ပစ္စည်းရောင်းဝယ်ခြင်းတွေအပြင် ငွေကြေးရောင်းဝယ်မှုတွေမှာလည်း သုံးစွဲနေကြတာဖြစ်ပါတယ်။ ရွှေကို ဒင်္ဂါးပြားအဖြစ်ထုတ်လုပ်ပြီးတော့လည်း ငွေကြေးအစား အသုံးပြုကြတာတွေလည်း

ရှိတာဖြစ်ပါတယ်။ ၁၉ ရာစုလောက်မှာ ရွှေတွေဟာ ငွေစက္ကူအစား အသုံးပြုခြင်းတွေ စတင်လာတာဖြစ်ပါတယ်။ ၁၈၇၀ ခုနှစ် ပထမကမ္ဘာစစ်မတိုင်ခင်ကလည်း ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအဖြစ်နဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်နော်။ ၁၉၇၀ ခုနှစ်ရောက်တဲ့အခါမှာတော့

ရွှေကို နိုင်ငံတကာငွေကြေးအရ အသုံးပြုခြင်းတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ရွှေတွေရဲ့ ၄၅% ဟာ အစိုးရနဲ့ ဗဟိုဘဏ်တွေကနေပြီးတော့ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရွှေကို အခုချိန်ထိလည်း နိုင်ငံကာ ငွေကြေးတွေပေးချေရာမှာ ကြားခံအဖြစ်လည်း အသုံးပြုနေကြသေးတာပဲဖြစ်ပါတယ်။

မီးသင့်ကျောက်တွေရဲ့ အများစုဟာ ရွှေလိုမျိုးအဖိုးတန်သတ္ထုတွေ ဖြစ်ပေါ်လာနိုင်ခြင်း ရှိနေနိုင်တာဖြစ်ပါတယ်။ ကြေးနီနဲ့ ခဲ သတ္ထုတွေရဲ့ စုစည်းမှုကနေလည်း ရွှေဟာ အနည်းအကျဉ်းဖြစ်ပေါ်လာနိုင်ပါတယ်။

စမ်းချောင်းတွေရဲ့ အောက်ခြေကနေပြီးတော့လည်း ရွှေကို ရှာဖွေတွေ့ရှိနိုင်ခဲ့တာဟာ အီဂျစ်နဲ့ မိုဆိုပိုတေးမီးယား ခေတ်တွေကတည်းက ဖြစ်ပါတယ်။ တချို့သော ရွှေအပိုင်းအစတွေကိုလည်း တူရကီ၊ အီရန်၊ အိန္ဒိယ၊ တရုတ်နဲ့ အခြားကုန်းမြေပြင်တွေမှာလည်း တွေ့ရှိနိုင်ပါတယ်။

ခေတ်ကာလ အလယ်ပိုင်းလောက်ကတော့ ရွှေရဲ့အဓိကအရင်း အမြစ်ဟာ ဥရောပမှာရှိတဲ့ သြစတျေးလျနဲ့ ဂျာမနီကမိုင်းတွင်းတွေကနေ ရရှိတာဖြစ်ပါတယ်။ ရွှေထုတ်လုပ်ခြင်းရဲ့အစဟာ စပိန်လူမျိုးတွေ အမေရိကကို ၁၉၄၀ ဝန်းကျင်ခန့်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းကနေပြီးမှ တဖြည်းဖြည်းကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

ခရစ်တိုဖာ အိုလန်ပက် (Christopher Olymbas) ဟာ အမေရိကကို ၁၄၉၂ မှာ စတင်တွေ့ရှိခဲ့ရာ ၂၂၅,၀၀၀ ဂရမ် (၈သန်းအောင်စ) ရှိတဲ့ ရွှေတွေဟာ တောင်အမေရိက ကနေ ထွက်ရှိလာတာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ရွှေတွေရဲ့ အတိုင်း အတာ ၃၅% လောက်ကို

ထုတ်လုပ်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁၈ ရာစုလောက်တုန်းကတော့ ကိုလမ်ဘီယာ မှာရှိတဲ့ မိုင်းတွင်းတွေကနေ ၄၈ သန်း အောင်စ (၁၃၅,၀၀၀ ဂရမ်) လောက်ရှိတဲ့ရွှေတွေ ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ရွှေတွေရဲ့ ၈၅% လောက်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်နော်။

၁၈၂၃ မှာတော့ ရုရှားနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ရွှေထုတ်လုပ်မှုတွေမှာ ဦးဆောင်နိုင်ခဲ့တာပါ။ ၂၀ ရာစုရောက်တဲ့အခါမှာတော့ ရုရှား၊ တောင်အာဖရိက၊ အမေရိကန်နဲ့ သြစတြေးလျတို့ဟာ ကမ္ဘာ့ရွှေရဲ့ သုံးပုံ နှစ်ပုံလောက်ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၁ ရာစုအစောပိုင်းမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရွှေလောကကို ဦးဆောင်နိုင်ခဲ့ပြန်တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာလည်း ယခင်လေးနိုင်ငံစလုံးကလည်း ရွှေထုတ်လုပ်မှုတွေ များစွရှိနေသေးတာဖြစ်ပါတယ်နော်။

ရွှေချည်းပဲဆိုပါက ပျော့ပျောင်းနိုင်စွမ်းမျာတာကြောင့် တခြားတွင်းထွက်ပစ္စည်းတွေနဲ့ သတ္ထုစပ်ယှက်မှုတွေ ပြုလုပ်ခြင်းအားဖြင့် ပိုမိုမာကျောလာစေအောင်

ပြုပြင်လေ့ရှိတာဖြစ်ပါတယ်နော်။ ရွှေကတော့ လက်ဝတ်ရတနာလောကမှာလည်း မပါမပြီးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နိုင်စွမ်းလည်းရှိတာလည်း ဖြစ်ပါတယ်နော်။ Source: KyaykSein

Add a Comment

Your email address will not be published. Required fields are marked *