ဘဏ္ဍာရေးအရ အသာစီးရစေဖို့ ကစားသမားအချို့ ရောင်းထုတ်သွားမယ့် ယူနိုက်တဒ်

မန်ယူနိုက်တဒ် ရဲ့ တတိယပတ်စာရင်းရှင်းတမ်းအရ ဆုံးရှုံးငွေက ပေါင်၂၈သန်း ရှိခဲ့ပြီး ကိုဗစ်ကာလတစ်ခုလုံးအတွင်း စုစုပေါင်းဆုံးရှုံးငွေက ပေါင် သန်း၁၀၀ ‌ကနေ ပေါင်၁၁၅သန်း ကြားမှာ ရှိလိမ့်မယ်လို့ အသင်းရဲ့ အကြီးတန်းစာရင်းအင်းအဖွဲ့က ခန့်မှန်းထားပါတယ်။ အသင်းအနေနဲ့ လာမယ့်ရာသီမှာလည်း ထိခိုက်နိုင်တဲ့‌အခြေနေတွေကို လေ့လာနေပြီး ပေါင်သန်း ၈၀ ဝန်းကျင် ဆုံးရှူံးနိုင်မယ်လို့ ခန့်မှန်းထားပါသေးတယ်။ ဒီဆုံးရှုံးမှု့တွေထဲမှာ ပရိတ်သတ်တွေ ကွင်းထဲဝင်ခွင့်မရတာ၊အမှတ်တရ ဆိုင်တွေ ပိတ်ရတာနဲ့ အခြားသော ကြေငြာလုပ်ငန်းတွေကနေရတဲ့ဝင်ငွေတွေ ထိခိုက်တာအထိ ပါဝင်ပါတယ်။

ယူနိုက်တဒ် ဟာ ယခုရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ရင် လည်း စာချုပ်တွေအရ ကစားသမားတိုင်းဟာ လက်ရှိလစာရဲ့ (၂၅%) ကို အပိုထပ်ဆောင်းရရှိမှာလည်းဖြစ်ပါတယ်။ ပုံမှန် တစ်ပတ် (၇၅၀၀၀) ပဲရရှိတဲ့ ကစားသမားအနေနဲ့ (၁၀၀၀၀၀) အထိ ရရှိမှာဖြစ်ပြီး ဒီအချက်ကလည်း အသင်းရဲ့ ငွေကြေးကုန်ကျမှု့စာရင်းမှာ အပေါင်းတိုးလာနိုင်ပါသေးတယ်။ ချန်ပီယံလိဂ်ကို မဝင်ခဲ့ရင် တော့ ဘောနပ်စ် ပေးစရာမလိုပေမယ့် နှစ်ရာသီဆက် မဝင်တာဖြစ်လို့ Adidas ရဲ့ (၂၅%) လျှော့ချမှု့နဲ့ ရင်ဆိုင်ရပါလိမ့်ဦးမယ်။ ယူနိုက်တဒ်အနေနဲ့ လာမယ့်ရာသီမှာ ရင်ဘတ်စပွန်ဆာ အပါဝင် အခြားသော စပွန်ဆာ တွေ နဲ့ ထပ်မံချုပ်ဆိုနိုင်ဖို့ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ကအရေးကြီးနေပြီး ဒီဝင်ခွင့်ကသာ အသင်းအတွက် ကစားသမားခေါ်ယူမှု့မှာရော၊စပွန်ဆာချုပ်ဆ်ုမှု့တွေမှာပါ ပိုမို အားကောင်းစေမှာဖြစ်ပါတယ်

Add a Comment

Your email address will not be published. Required fields are marked *