လူနာတင်ကားများ တစ်နေ့လျှင် စက်သုံးဆီ(၂၅)လီတာ အခမဲ့ထုတ်ယူနိုင်မည်ဟု သိရ
Unicode…လူနာတင်ယာဉ်များအား တစ်နေ့လျှင် စက်သုံးဆီ(၂၅)လီတာ အခမဲ့ထုတ်ယူနိုင်ကြောင်း
လူနာတင်ယာဉ်များကို ယနေ့ စက်တင်ဘာလ(၂၉)ရက်မှ အောက်တိုဘာ လကုန်ထိ တစ်နေ့လျှင် စက်သုံးဆီ(၂၅)လီတာ အခမဲ့ကူညီပေးသွားမယ်လို့
Denko ၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ က ထုတ်ပြန်လိုက်တာဘဲ ဖြစ်ပါတယ်။ စက်သုံးဆီကို အခမဲ့ထုတ်ယူလိုသော လူနာတင်ယာဉ်များအနေဖြင့်
အဖွဲ့အစည်းအမည်၊ လူနာ တင်ယာဉ်အမှတ်၊ တာဝန်ခံယာဉ်မောင်းအမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ မော်တော်ယာဉ်၏ ဓာတ်ပုံများနှင့် အတူ Ayeyarwady Center Facebook Messenger၊ Viber ဖုန်းနံပါတ် 09 88 760 7500 နှင့် https://bit.ly/2EFYku1 တို့တွင်
စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရပါတယ်နော်။ ထိုသို့ လျှောက်ထားပြီးပါက (၂၄)နာရီအတွင်း စက်သုံးဆီ အခမဲ့ထုတ်ယူခွင့်ကတ် များကို ထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့်
ဧရာဝတီစင်တာ စီမံခန့်ခွဲမှုရုံး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂိတ်(၂)တွင် ယင်းကတ်များကို ထုတ်ယူနိုင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းက ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်နော်။ source:pyi myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *