Unicode…ထိုင်းနိုင်ငံကပြန်လာပြီး ကချင်ပြည်ကို ပြန်ဖို့အခက်တွေ့နေတဲ့သူကို အိမ်ငှားခ ကူညီထောက်ပံ့ပေးလိုက်တဲ့ ဒိန်းဒေါင်
လူရွှင်တောင်အသင်းသားများရဲ့ ကိစ္စအ၀၀ကို တာဝန်ယူထားတဲ့ လူရွှင်တော်အသင်းဥက္ကဌဖြစ် သူ ဟာသသရုပ်ဆောင်ဒိန်းဒေါင်ကတော့ ကုသိုလ်ရေးလက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
လွန်ခဲ့တဲ့ ရက်ပိုင်းကဘဲ အမှိုက်ကောက်ပြီးရောင်းစားနေရတဲ့ဘဝလေးတွေအဆင်ပြေဖို့ အိမ်ထောင်စု (၆၅) စုအတွက် ဆန်နဲ့ ဆီများကို လှူဒါန်းခဲ့တာဖြစ်ပါတယ်နော်။ဒီတစ်ကြိမ်မှာလည်း ကချင်ပြည်နယ်ဘီလူးမြို့မှာနေထိုင်ပြီးတော့
ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်တာ အ ဆင်မပြေလို့မြန်မာပြည်ပြန်လာတဲ့သူတစ်ယောက်ဟာ ဒီရောက်တော့ Q 21ရက်ဝင်ပြီး ရောဂါ မတွေ့တော့ပြန်ရပေမယ့်နေရပ်ကိုပြန်ဖို့ အခက်ခဲဖြစ်နေတဲ့ သူကို ဒိန်းဒေါင်က အိမ်ငှားခ (၁)လစာ ကူညီပေးခဲ့တာဘဲ ဖြစ်ပါတယ်နော် ။
သူ့ရဲ့ ပရိသတ်တွေက တော့ ဒိန်းဒေါင်းကို စိတ်ကောင်းရှိတဲ့ ချွန်တွန်းကြီးဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးတွေကို ရေးသားခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။ဒိန်းဒေါင်က သူကိုင်တိုင်လှူဒါန်းကူညီခဲ့တဲ့အပြင် ပရိသတ်တွေလည်း
လှူဒါန်းနိုင်ဖို့အတွက် ဖုန်းနံပါတ် 09897803042 ကိုဆက်သွယ်ပြီး တက်နိုင်သလောက်ကူညီလိုက်ကြပါလို့လည်း တိုက်တွန်းရေးသားထားပါသေးတယ် ။ ဒိန်းဒေါင်လည်း ဒီထက်မက အလှူတန်းတွေ ပြုလုပ်နိုင်ပါစေနော်။credit
Add a Comment
Your email address will not be published. Required fields are marked *