မြန်မာဝတ်စုံလေးတွေရောင်းပြီး ရတဲ့အမြတ်ငွေလေးတွေနဲ့ လူနာတင်ယာဉ်တစ်စီး လှူသွားမယ်ဆိုတဲ့ ဆောင်းယွန်းစံ
Unicode…မြန်မာဝတ်စုံလေးတွေရောင်းပြီးတော့ ရတဲ့အမြတ်ငွေလေးတွေနဲ့ လူနာတင်ယာဉ်တစ်စီး လှူသွားမယ်ဆိုတဲ့ ဆောင်းယွန်းစံ
မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီးတော့
အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်နော်။ယခုမှာဆိုရင်လည်း ဆောင်းယွန်းစံက လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာ
ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ပရဟီတ အသင်းတွေရဲ့ လူနာတင်ယာဉ်မလုံလောက်မှုကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့အတွက် သူမရဲ့ မြန်မာဝတ်စုံလေးတွေကို ရောင်ပြီး ရတဲ့အမြတ်ငွေလေးတွေနဲ
့ လူနာတင်ယာဉ်ဝယ်လှူဖို့ အစီအစဉ် လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဘဲ ဖြစ်ပါတယ်နော်။ဆောင်းယွန်းစံ က” Hello Everyone လူနာတင်ယာဉ်ဝယ်ဖို့အတွက် ဆောင်းက ရန်ပုံငွေရှာပါမယ်။
ဆောင်းရဲ့ မြန်မာဝတ်စုံလေးတွေကို ၁၀၀၀၀/၁၅၀၀၀ လောက်နဲ့ ရောင်းပေးပါမယ်။(ဒီဇိုင်နာတွေ ချုပ်ထားတဲ့လက်ရာလေးတွေပါ)တချို့အကျႌလေးတွေကိုလည်း ၃၀၀၀/၅၀၀၀ လောက်နဲ့ရောင်းပေးပါမယ် ။
ရတဲ့အမြတ်ငွေတွေကို လူနာတင်ယာဉ်အတွက် အကုန်လှူမှာပါ။ ဆောင်းကို လက်ဆောင်ပေးထားတဲ့ ဒီဇိုင်နာ မမတို့လည်း ကျေနပ်မယ်ထင်ပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လူနာတင်ယာဉ် တစ်စီးရအောင်ဆောင်း ကြိုးစားပါ့မယ်။
ဆောင်းနဲ့တူတူ လှူဒါန်းချင်တယ်ဆိုရင် ငွေတစ်ထောင်က စပြီး လှူဒါန်းနိုင်ပါတယ်။ငွေတစ်ထောင်နဲ့ လူနာတင်ကားလေးကို အားလုံးစုပေါင်းအားနဲ့ လှူရအောင်နော် ဆိုပြီးတော့ ရေးသားထားတာပါနော်။
မွန်မြတ်တဲ့စိတ်ထားလေးကြောင့် လူနာတင်ယာဉ်အမြန်ဆုံးရပါစေလို့ ဆောင်းယွန်းစံ လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။Source – Saung Yoon San fb account
Add a Comment
Your email address will not be published. Required fields are marked *