အိမ်အပြင်ကို ထွက်လည်လွန်းတတ်တဲ့ ကြောင်လေးကို ပညာသားပါပါထိန်းချုပ်ခဲ့တဲ့ သခင်
Unicode…အပြင်ထွက်လည်လွန်းတတ်တဲ့ ကြောင်လေးကို ပညာသားပါပါထိန်းချုပ်ခဲ့တဲ့ သခင်
ဒီလို ကိုဗစ်ရောဂါတေ ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလမှာ မလိုအပ်ရင်အိမ်ပြင်မထွက်ဘဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ နေအိမ် မှာဘဲ နေကြတာတာပါ။
မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်း mask ကိုတပ်ပြီး ၊ hand gel ဘူးသေးလေးတွေကိုပါ ဆောင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း မိမိကသာ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်နေပြီးတော့
အိမ်မွေးကြောင်လေးတွေကို အပြင်ပေးထွက်နေမယ်ဆိုရင်လည်း မထူးပါဘူးနော်။ ကြောင်လေးတွေအတော်များများဟာ အတော်လေးကို လျှောက်လည်တတ်ကြပြီး ၊ လူသူမရောက်တဲ့ ချောင်ကျိုချောင်ကြားနေရာတွေတောင်
သူတို့တွေကရောက်တတ်ကြပါတယ်နော်။ သူတို့ဟာ လျှောက်လည်ပြီးရင် နေအိမ်ပြန်ရောက်တာနဲ့ သခင်တွေရဲ့ အိပ်ယာတွေပေါ်မှာ ခွေခွေလေးအိပ်ပြီးအနားယူတတ်ကြပါတယ် ။ဒါကြောင့်မို့ ယခုလို stay home ကာလမှာ
အိမ်မွေးကြောင်လေးတွေအပြင်မထွက်အောင် သခင်ဖြစ်သူတွေက ယခုလိုနည်းလမ်းမျိုးအသုံးပြုသင့်ကြောင်း facebook စာမျက်နှာ တစ်ခုက မျှဝေထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံထဲက ကြောင်လေးမှာလည်း
နေအိမ်အပြင်ထွက်ချင်ပေမဲ့လည်း ထွက်လည်လို့မရဘဲ အိမ်အပြင်ဖက်ကိုသာ ငေးမောနေရတဲ့ပုံစံလေးက အတော်လေးကို အသည်းယားဖွယ်ရာကောင်းလွန်းလှပါတယ် ။
ဒါကြောင့် ယခုလိုနည်းလမ်းနဲ့ ကြောင်လေးတွေအပြင်မထွက်လည်အောင် ကာကွယ်ကြဖို့ သတိပေးလိုက်ရပါတယ်နော် ။Jasmine (Mckzone Daily) Source: 小回忆 Little Memories
Add a Comment
Your email address will not be published. Required fields are marked *