အခုလိုကိုဗစ္ကာလျကီးမွာ လူစုလူေဝးနဲ႔ မဲဆြယ္အင္အားျပေနျကတာကုိ ကန႔္ကြက္လိုက္တဲ့ ဖိုးခ်စ္

အခုလိုကိုဗစ္ကာလျကီးမွာ လူစုလူေဝးနဲ႔ မဲဆြယ္အင္အားျပေနျကတာကုိ ကန႔္ကြက္လိုက္တဲ့ ဖိုးခ်စ္

ယခု လက္ရွိမွာ ကိုဗစ္ေရာဂါကူးစက္ပ်ံ႕ႏွံ့မွုကိုထိန္းခ်ဳပ္ဖို့အတြက္ အသြားအလာကန႔္သတ္ထားတဲ့ အခ်ိန္ကာလျဖစ္ေပမယ့္လည္း လာမယ့္(၂၀၂၀) ေရြးေကာက္ပြဲအတြက္ကုိ မဲဆြယ္ကာလလည္းျဖစ္တဲ့အတြက္

ပါတီဝင္ေတြအသင္းအဖြဲ႕အလိုက္ စည္း႐ုံးေရးဆင္းေနၾကတာ အားလံုး သိျပီးသား ျဖစ္မွာပါ။ခုလို မဲဆြယ္ေနတာကုိ ဖိုးခ်စ္ကေတာ့ မျဖစ္သင့္ေၾကာင္း

သူ႔ရဲ့လူမွုကြန္ရက္စာမ်က္ႏွာမွာ မၽွေဝလာတာဘဲ ျဖစ္ပါတယ္။ဒီလိုကာလမွာ အျပင္ထြက္ လူစုလူေဝးနဲ႔ မဲဆြယ္ သူေတြ အင္အားျပသူေတြ ဘယ္သူ႔ကိုမဆို ကန႔္ကြက္ပါတယ္။ ( မလုပ္သင့္ေသးေသာ အခ်ိန္မို့ပါ )အင္အားျပရင္း အင္အားေလ်ာ့သြားမယ့္ အေနအထားပါဗ်ာ။

ေနာက္တစ္ခုက ဘယ္သူပိုးေတြ႕လို့တဲ့။ ဘယ္အဖြဲ႕တဲ့ ဆိုၿပီးကိုယ္နဲ႔ အျမင္မတူသူ အယူအဆမတူသူ ကိုယ္အဆင္မေျပတဲ့သူ ပိုးေတြ႕ရင္ လူသားမဆန္စြာ ဝမ္းသာသလို ေရးတဲ့သူေတြ အားလုံး ကို လုံးဝ လုံးဝရွုတ္ခ်ပါတယ္။

လူသားဆန္ျခင္း ဆိုတာ အေရာင္ကာလာ မခြဲရဘူး။သူ႔ဒုကၡ ကိုယ့္ဒုကၡပါ သူ႔တဲ မီးေလာင္႐ုံနဲ႔ ကိုယ့္အိမ္က တိုက္ျဖစ္မလာဘူးဗ်။ ေမတၱာအစစ္ဆိုတာ အားလုံးအေပၚထားနိုင္ရမယ္။က႐ုဏာဆိုတာ အားလုံးအေပၚထားနိုင္ပါေစ။

မုဒိတာ ဆိုတာ အကုန္လုံးအေပၚ ပြားနိုင္ရမယ္။ ဥေပကၡာဆိုတာ ဆိုးျခင္းေကာင္းျခင္းႏွစ္ခုလုံးကို လ်စ္လ်ဴ႐ူ နိုင္ရမယ္ မဟုတ္ပါလားဗ်ာ ဆိုၿပီးေတာ့ သူ႔ရဲ့အျမင္ေလးကို ေရးသားလာတာ ျဖစ္ပါတယ္။

အခုလိုအခ်ိန္မွာ လူသားဆန္စြာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္မခြဲျခားဘဲ ေရာဂါဆိုးႀကီးကို တြန္းလွန္ၾကဖို့က နိုင္ငံသားတိုင္းရဲ့အဓိကတာဝန္အျဖစ္သတ္မွတ္ထားတဲ့ ဖိုးခ်စ္ရဲ့အေတြးေလးကိုေဖာ္ျပေပးလိုက္ပါတယ္။source:cele gabar

Unicode…အခုလိုကိုဗစ်ကာလကြီးမှာ လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြနေကြတာကို ကန့်ကွက်လိုက်တဲ့ ဖိုးချစ်

ယခု လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် အသွားအလာကန့်သတ်ထားတဲ့ အချိန်ကာလဖြစ်ပေမယ့်လည်း လာမယ့်(၂၀၂၀) ရွေးကောက်ပွဲအတွက်ကို မဲဆွယ်ကာလလည်းဖြစ်တဲ့အတွက်

ပါတီဝင်တွေအသင်းအဖွဲ့အလိုက် စည်းရုံးရေးဆင်းနေကြတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ခုလို မဲဆွယ်နေတာကို ဖိုးချစ်ကတော့ မဖြစ်သင့်ကြောင်း

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာတာဘဲ ဖြစ်ပါတယ်။ဒီလိုကာလမှာ အပြင်ထွက် လူစုလူဝေးနဲ့ မဲဆွယ် သူတွေ အင်အားပြသူတွေ ဘယ်သူ့ကိုမဆို ကန့်ကွက်ပါတယ်။ ( မလုပ်သင့်သေးသော အချိန်မို့ပါ )အင်အားပြရင်း အင်အားလျော့သွားမယ့် အနေအထားပါဗျာ။

နောက်တစ်ခုက ဘယ်သူပိုးတွေ့လို့တဲ့။ ဘယ်အဖွဲ့တဲ့ ဆိုပြီးကိုယ်နဲ့ အမြင်မတူသူ အယူအဆမတူသူ ကိုယ်အဆင်မပြေတဲ့သူ ပိုးတွေ့ရင် လူသားမဆန်စွာ ဝမ်းသာသလို ရေးတဲ့သူတွေ အားလုံး ကို လုံးဝ လုံးဝရှုတ်ချပါတယ်။

လူသားဆန်ခြင်း ဆိုတာ အရောင်ကာလာ မခွဲရဘူး။သူ့ဒုက္ခ ကိုယ့်ဒုက္ခပါ သူ့တဲ မီးလောင်ရုံနဲ့ ကိုယ့်အိမ်က တိုက်ဖြစ်မလာဘူးဗျ။ မေတ္တာအစစ်ဆိုတာ အားလုံးအပေါ်ထားနိုင်ရမယ်။ကရုဏာဆိုတာ အားလုံးအပေါ်ထားနိုင်ပါစေ။

မုဒိတာ ဆိုတာ အကုန်လုံးအပေါ် ပွားနိုင်ရမယ်။ ဥပေက္ခာဆိုတာ ဆိုးခြင်းကောင်းခြင်းနှစ်ခုလုံးကို လျစ်လျူရူ နိုင်ရမယ် မဟုတ်ပါလားဗျာ ဆိုပြီးတော့ သူ့ရဲ့အမြင်လေးကို ရေးသားလာတာ ဖြစ်ပါတယ်။

အခုလိုအချိန်မှာ လူသားဆန်စွာနဲ့ တစ်ယောက်နဲ့တစ်ယောက်မခွဲခြားဘဲ ရောဂါဆိုးကြီးကို တွန်းလှန်ကြဖို့က နိုင်ငံသားတိုင်းရဲ့အဓိကတာဝန်အဖြစ်သတ်မှတ်ထားတဲ့ ဖိုးချစ်ရဲ့အတွေးလေးကိုဖော်ပြပေးလိုက်ပါတယ်။source:cele gabar

Add a Comment

Your email address will not be published. Required fields are marked *