ဖင်လန်နိုင်ငံ လေဆိပ်တွင် ကိုဗစ်ပိုး ရှိ/မရှိ ခရီးသည်များကို ခွေးနဲ့ အနံ့ခံစစ်ဆေး
Unicode…ဖင်လန်နိုင်ငံလေဆိပ်မှာ ကိုဗစ်ပိုး ရှိ/မရှိ ခရီးသည်တွေကို ခွေးနဲ့ အနံ့ခံစစ်ဆေး
ဖင်လန်နိုင်ငံလေဆိပ်မှာ ခွေးနဲ့ ကိုဗစ် ရှိ မရှိ ခရီးသည်တွေကို အနံ့ခံနည်းနဲ့ စတင်စမ်းသပ်စစ်ဆေးနေပါတတာ ဖြစ်ပါတယ်။ ထို ခွေးတွေဟာ University of Helsinki ကငှားထားတာဘဲ ဖြစ်ပါတယ်။
၁၀ ကောင်ကို လေ့ကျင့်ပေးနေပြီး ၄ ကောင်ကတော့ လေဆိပ်မှာ စတင်အလုပ်လုပ်နေတာဖြစ်ပါတယ်။ခရီးသည်တွေဟာ ခရီးဆောင်အိတ်တွေရွေးပြီးတာနဲ့ သူတို့ရဲ့အရေပြားကို အဝတ်စနဲ့ သုတ်ပြီးတော့ ပုံးထဲထည့်ကာ
တဖက်ကနေ အနံ့ခံခိုင်းတာဖြစ်ပါတယ်နော်။ အကယ်လို့ ခွေးက ကိုဗစ် positive အနံ့ရရင် ခွေးပေါ်မူတည်ပြီး စူးကနဲအူတာ၊ ခြေသည်းနဲ့ကုတ်ခြစ်တာ၊ လဲချတာတွေလုပ်ပြတာပါ။အခုလိုခွေးနဲ့စမ်းပြီးတော့
swab ယူပြီးတော့ PCR Test ပြန်စမ်းတဲ့အခါမှာတော့ ၁၀၀% နီးပါးမှန်ကန်တာကိုတွေ့ရပါတယ်တဲ့။ ထို့ကြောင့် ခွေးနဲ့စမ်းသပ်တာက အရမ်းမြန်ပြီးတော့ အခြား test kit တွေနဲ့စမ်းသပ်တာထက်ပိုတိကျတာမို့ မကြာခင်မှာ
တွင်ကျယ်စွာ သုံးလာနိုင်ပါတယ်။ ဒူဘိုင်းလေဆိပ်ကလည်း ပြီးခဲ့တဲ့လက အဲ့ဒီလိုပဲ ခွေးတွေနဲ့ ကိုဗစ် ရှိ မရှိ အစမ်းအနေနဲ့ စမ်းသပ်ကာ ကမ္ဘာ့ပထမဆုံး ကိုဗစ် အနံ့ခံခွေးနဲ့ စမ်းသပ်တဲ့လေဆိပ်ဖြစ်လာတာပါ။
ခွေးနဲ့ ကိုဗစ် စမ်းသပ်မှု သုသေသနစာတမ်းအရ ခွေးပေါ်မူတည်ပြီးတော့ ၉၄% ကနေ ၁၀၀% အထိတိကျမှုရှိတာကိုတွေ့ရပါတယ်တဲ့။ ခွေးကိုသင်ရင်လည်း သင်ယူတဲ့ခွေးပေါ်မူတည်ပြီး နာရီပိုင်းကနေ လပိုင်းအထိ
သင်ရတာ ကြာနိုင်ပါတယ်။အခုလေဆိပ်မှာသုံးနေတဲ့ Kossi ဆိုတဲ့ ၈ နှစ်အရွယ်ခွေးဟာ ဆိုရင် ကိုဗစ် positive အနံ့ကိုသင်ပေးတုန်းက ၇ မိနစ်နဲ့ သင်ယူတတ်မြောက်ခဲ့တာဘဲဖြစ်ပါတယ်။
ထိတွေ့မှု မရှိလို့ ခွေးကိုမကူးစက်နိုင်ပါ။အခုဟာက လက်တွေ့ကွင်းဆင်းစမ်းသပ်မှုပဲ ရှိပါသေးတာပါ။ စားရိတ်သက်သာ၊ မြန်ဆန်ပြီး test kit ထက်ပိုတိကျနိုင်တဲ့နည်းဖြစ်လာဖို့များနေပါတယ်။ အောင်မြင်ရင် ကျယ်ကျယ်ပြန့်ပြန့်သုံးပါမယ်တဲ့။source:Richard Myo Thant
Add a Comment
Your email address will not be published. Required fields are marked *