Unicode…ရန်ကုန်တွင် ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ လုပ်သားများကို တစ်ဦးလျှင် ကျပ်၃သောင်းစီ နိုင်ငံတော်က ထောက်ပံ့ရန်ရှိ
လူမှုဖူလုံရေးကြေးပေးသွင်းထားသည့် လုပ်သားများမှာမူ လုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ကြေးအနေဖြင့် ရရှိမည်ဖြစ်ကြေင်း သိရသည်။ Stay at Home ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများကို အမျိုးအစား ၂ခုခွဲပြီး နိုင်ငံတော်မှ ထောက်ပံ့သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့်
ကုန်သည်စက်မှုလုပ်ငန်းအသင်းချုပ် တာဝန်ရှိသူတို့ ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲမှသိရပါတယ်။ ပထမအမျိုးအစားကတော့ (Stay at Home) အစီအစဉ်တွင် ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ
လူမှုဖူလှုံရေး ထည့်ဝင်ကြေး ပေးသွင်း ထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများကို ၂၀၂၀ခုနှစ် (၆)လပိုင်းအထိ ပေးသွင်းထားပါကလုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီးတော့ ဒုတိယအမျိုးအစားမှာ လူမှုဖူလှုံရေးမပေးထားသည့်အလုပ်သမားများအတွက်
နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်မည်ဖြစ်သည်ဟု သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့်
ကုန်သည်စက်မှုလက်မှု အသင်းချုပ်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးစဉ် (Stay at Home) အစီအစဉ်မှာ ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ လူမှုဖူလှုံရေး ထည့်ဝင်ကြေး ပေးသွင်း ထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ
အလုပ်သမားများကို ၂၀၂၀ခုနှစ် (၆)လပိုင်းအထိ ပေးသွင်းထားပါကလုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီးတော့ လူမှုဖူလှုံရေးမပေးထားသည့်အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ရန်စီစဉ်နေသည်
ဖြစ်သည့်အတွက် လုပ်ခလစာများကို Online Payment ဖြင့်ပေးအပ်မည့်အစီအစဉ်၊ အလုပ်သမားစာရင်းများပြုစုနိုင်ရေး၊ Database တည်ဆောက်နိုင်ရေး၊အလုပ်သမားများ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့်
အချက်အလက်များတိကျမှန်ကန်မှုရရှိရန် စိစစ်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်စေရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရပါတယ်။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ဦးမျိုးအောင်က
“ကျွန်တော်တို့က လူမှုဖူလုံရေးပေးသွင်းထားတဲ့ အလုပ်သမားတွေကိစ္စကို တာဝန်ယူပါတယ်။လူမှု ဖူလုံရေးမပေးသွင်းထားတဲ့ အလုပ်သမားတွေကိုတော့ နိုင်ငံတော် အစီအစဉ် နဲ့ ထောက်ပံ့မှာလို့ သိရပါတယ်”ဟု ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းကို နေအိမ်တွင်နေထိုင်ရေး (Stay at home)သတ်မှတ်ထားပြီး မဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှ
လွဲ၍ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို အောက်တိုဘာလဆန်းပိုင်းအထိ သွားရောက်ခွင့်မပြု ထားကြောင်း သိရပါသည်။ source;Myanmar Harp
Add a Comment
Your email address will not be published. Required fields are marked *