ရန္ကုန္အမ်ိဳးသား ဓာတ္ခြဲခန္းေရွ့မွာ ေရာဂါပိုးစစ္ေဆးရန္ ေစာင့္ဆိုင္းေနသူမ်ားေၾကာင့္ လူစုလူေဝးျဖစ္ေပၚခဲ့ဟု သိရ

ရန္ကုန္အမ်ိဳးသားဓာတ္ခြဲခန္းေရွမွာ ေရာဂါပိုးစစ္ေဆးရန္ေစာင့္ဆိုင္းေနသူမ်ားေၾကာင့္ လူစုလူေဝးျဖစ္ေပၚခဲ့

ရန္ကုန္အမ်ိဳးသားဓာတ္ခြဲခန္းေရွ႕မွာ ယေန႔ စက္တင္ဘာလ ၂၆ ရက္မွာ ကိုဗစ္ေရာဂါပိုးကုိ စစ္ေဆးရန္ေစာင့္ ဆိုင္းေနသူမ်ားေၾကာင့္ လူစုလူေဝးျဖစ္ေပၚေနေၾကာင္းကုိ

ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ဆီ က ေျပာျပခဲ့တယ္လို့ သိရပါတယ္။ ျပည္ပသို႔ သြားေရာက္မည့္သူ အမ်ားစုႏွင့္ ျပည္ပမွ ေဆးစစ္ရန္လာေရာက္သူမ်ား အေနျဖင့္ Social Distancing မျပဳလုပ္ေသာေၾကာင့္

လူဦးေရ တစ္ရာခန္႔ လူစုလူေဝးျဖစ္ေပၚေနေၾကာင္း သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဟာ အကူအညီေတာင္းခံလာသည့္အတြက္ေျကာင့္ သြားေရာက္ၾကည့္ရွဳျမင္ေတြ႔ခဲ့ရျခင္း ျဖစ္ေၾကာင္း ယင္းက ေျပာျကားခဲ့ပါတယ္။

အန္ကယ့္ကိုဘုရားႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးက သတင္းေပးလို႔ သြားၾကည့္ရတာ ျဖစ္တယ္။လုံးဝကို စိတ္ခ်မ္း သာမႈမရွိဘူး၊အန္ကယ့္ရဲ့ ဒဂုံၿမိဳ႕နယ္ မဲဆႏၵနယ္ေျမမွာ တည္ရွိတဲ့ဗဟိုအမ်ိဳးသားဓာတ္ခြဲခန္းႀကီး ေရွ႕မွာ

ျပည္ပကို ျပန္ၾကမယ့္ ႏိုင္ငံသားေတြက ကိုဗစ္ပိုး ရွိ/မရွိလက္မွတ္ရရွိေရးအတြက္ ျမန္မာေငြ က်ပ္ ႏွစ္သိန္း ေပးၿပီးလူအုပ္စုႀကီး ျဖင့္ ႀကိတ္ႀကိတ္ တိုးကာ လာစစ္ ေနၾကတာပါ၊ အန္ကယ္ေမးၾကည့္ေတာ့အဲဒီလူေတြအတြက္ကို

(၇)ေယာက္စီခြဲၿပီး အဆိုင္း(၃)ဆိုင္းခြဲၿပီး လုပ္ေဆာင္ေပးတာေတာင္ မထိန္းႏိုင္ေတာ့တာတဲ့၊ ၀န္နဲ႔ အားမမွ် ျဖစ္ေန တယ္၊လူေတြ က လည္း မျပန္ ၾကဘူး ထိုင္ေစာင့္ေနၾကတယ္။

အမ်ားဆုံးကေတာ့ ျပည္ပ ျပန္မယ့္သူေတြ။ တရုတ္ ေတြ မ်ားတယ္။ ဓာတ္ခြဲခန္းမွာကလည္း ကြၽမ္းက်င္ ဝန္ ထမ္း ကနည္းပါးေနတာေၾကာင့္ ျပည္တြင္းေရာ၊ျပည္ပ အတြက္ ပါ အခ်ိန္မီ စစ္ေဆးေပးႏိုင္ဖို႔ အခက္ ေတြ႕ေန တယ္၊

သန႔္ရွင္းေရးဝန္ထမ္းေတြလည္း အင္အားက နည္း တာေၾကာင့္ ႐ုံးဝန္း က်င္မွာ စြန္႔ပစ္ အမႈိက္ေတြ ကလည္း တကယ့္ ကိုအႏၲရာယ္ ပါပဲ၊ အတတ္ႏိုင္ဆုံးေတာ့ ကူညီေပးဖို႔ တာဝန္ရွိသူ ေတြကို ညႇိဳႏႈိင္းမွာၾကား ခဲ့ပါတယ္ လို ေျပာခဲ့ပါတယ္။

လာေရာက္ စစ္ေဆးသူမ်ားအနက္ PPE မ်ား၀တ္လာသူလည္း ရွိၿပီး စစ္ေဆးၿပီးပါက အဆိုပါ အနီးတြင္ ခြၽတ္၍ လႊင့္ပစ္ခဲ့ၾကေၾကာင္းလည္း၊ယင္းေၾကာင့္ က်န္းမာေရး လံုၿခံဳမွဳ မရွိ ျဖစ္ေနေၾကာင္းလည္း သိရပါတယ္ေနာ္။source; pyi myanmar

Unicode…ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေမှာ ရောဂါပိုးစစ်ဆေးရန်စောင့်ဆိုင်းနေသူများကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့

ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းရှေ့မှာ ယနေ့ စက်တင်ဘာလ ၂၆ ရက်မှာ ကိုဗစ်ရောဂါပိုးကို စစ်ဆေးရန်စောင့် ဆိုင်းနေသူများကြောင့် လူစုလူဝေးဖြစ်ပေါ်နေကြောင်းကို

ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျဆီ က ပြောပြခဲ့တယ်လို့ သိရပါတယ်။ ပြည်ပသို့ သွားရောက်မည့်သူ အများစုနှင့် ပြည်ပမှ ဆေးစစ်ရန်လာရောက်သူများ အနေဖြင့် Social Distancing မပြုလုပ်သောကြောင့်

လူဦးရေ တစ်ရာခန့် လူစုလူဝေးဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အကူအညီတောင်းခံလာသည့်အတွက်ကြောင့် သွားရောက်ကြည့်ရှုမြင်တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ပါတယ်။

အန်ကယ့်ကိုဘုရားကြီးရပ်ကွက်အုပ်ချုပ်ရေးက သတင်းပေးလို့ သွားကြည့်ရတာ ဖြစ်တယ်။လုံးဝကို စိတ်ချမ်း သာမှုမရှိဘူး၊အန်ကယ့်ရဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်မြေမှာ တည်ရှိတဲ့ဗဟိုအမျိုးသားဓာတ်ခွဲခန်းကြီး ရှေ့မှာ

ပြည်ပကို ပြန်ကြမယ့် နိုင်ငံသားတွေက ကိုဗစ်ပိုး ရှိ/မရှိလက်မှတ်ရရှိရေးအတွက် မြန်မာငွေ ကျပ် နှစ်သိန်း ပေးပြီးလူအုပ်စုကြီး ဖြင့် ကြိတ်ကြိတ် တိုးကာ လာစစ် နေကြတာပါ၊ အန်ကယ်မေးကြည့်တော့အဲဒီလူတွေအတွက်ကို

(၇)ယောက်စီခွဲပြီး အဆိုင်း(၃)ဆိုင်းခွဲပြီး လုပ်ဆောင်ပေးတာတောင် မထိန်းနိုင်တော့တာတဲ့၊ ဝန်နဲ့ အားမမျှ ဖြစ်နေ တယ်၊လူတွေ က လည်း မပြန် ကြဘူး ထိုင်စောင့်နေကြတယ်။

အများဆုံးကတော့ ပြည်ပ ပြန်မယ့်သူတွေ။ တရုတ် တွေ များတယ်။ ဓာတ်ခွဲခန်းမှာကလည်း ကျွမ်းကျင် ဝန် ထမ်း ကနည်းပါးနေတာကြောင့် ပြည်တွင်းရော၊ပြည်ပ အတွက် ပါ အချိန်မီ စစ်ဆေးပေးနိုင်ဖို့ အခက် တွေ့နေ တယ်၊

သန့်ရှင်းရေးဝန်ထမ်းတွေလည်း အင်အားက နည်း တာကြောင့် ရုံးဝန်း ကျင်မှာ စွန့်ပစ် အမှိုက်တွေ ကလည်း တကယ့် ကိုအန္တရာယ် ပါပဲ၊ အတတ်နိုင်ဆုံးတော့ ကူညီပေးဖို့ တာဝန်ရှိသူ တွေကို ညှိုနှိုင်းမှာကြား ခဲ့ပါတယ် လို ပြောခဲ့ပါတယ်။

လာရောက် စစ်ဆေးသူများအနက် PPE များဝတ်လာသူလည်း ရှိပြီး စစ်ဆေးပြီးပါက အဆိုပါ အနီးတွင် ချွတ်၍ လွှင့်ပစ်ခဲ့ကြကြောင်းလည်း၊ယင်းကြောင့် ကျန်းမာရေး လုံခြုံမှု မရှိ ဖြစ်နေကြောင်းလည်း သိရပါတယ်နော်။source; pyi myanmar

Add a Comment

Your email address will not be published. Required fields are marked *