Unicode…ကိုဗစ်တိုက်ထုတ်နေတဲ့ ကျန်းမားရေးဝန်ထမ်း တွေအတွက် ဟိုတယ်တစ်ခုလုံးကို အသုံးပြုခွင့်ပေးလိုက်တဲ့ သူဌေးကြီး
ကောင်းလိုက်တဲ့ အလှူပါနော်။သာဓု အကြိမ် ကြိမ်ခေါ်ပါတယ်ဗျာ။ခုလို မျိုးအဘက်ဘက် ကနေ ဝိုင်းဝန်း ပါဝင် လှူဒါန်းပေးကြတာဟာ တကယ်ကို ပီတီဖြစ်စရာပါနော်။
ထို အလှူလေးကတော့ သိဒ္ဓိဝင် ကုမ္ပဏီမှ အသစ်ဆောက်လုပ်ပြီးစီးတဲ့ အခန်း(75)ခန်းပါ ဟိုတယ် အဆောက်အဦးသစ်ကို (covid 19) ရောဂါ အလျင်အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးမှာ စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်နေကြတဲ့
ဆရာဝန်များ သူနာပြုဆရာ ဆရာမများနှင့် Volunteer များအတွက် ခေတ္တ နေထိုင် အနားယူ အသုံးပြုရေးအတွက် အခန်းတိုင်းမှာ Air con နှင့် ရေပူရေအေး ရရှိနိုင်သည်အထိ စီမံဆောင်ရွက်ပြီး လှူဒါန်းပေးထားတာဘဲ
ဖြစ်ပါတယ်နော်။ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နေ့လည်စာနှင့် ညစာများကို ကုမ္ပဏီမှ တာဝန်ယူ ပေးမှာပါ ဖြစ်ပါတယ် ။ယခုလိုမျိုး ကူးစက်မြန်ရောဂါ ကပ်ဆိုးကြီးကို
အဆုံးသတ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်း ဆောင်ရွက် နေချိန်တွင် သိဒ္ဓိဝင် ကုမ္ပဏီအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခွင့်ရသည့်အတွက် အထူးပင်အားရကျေနပ်မိပါကြောင်း နှင့်
မြန်မာနိုင်ငံသူ/သား အားလုံး ရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု ရေးသားထားတာဘဲ ဖြစ်ပါတယ်နော်။လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အထူးကုဆရာဝန်ကြီးတစ်ယောက်က
ဆေးရုံကနေ အိမ်ပြန်ချိန်မှာ မိသားစုဝင်တွေကို ရောဂါကူးမှာ စိုးရိမ်တဲ့အတွက် ခုလို သီးသန့်ခန်းလေးတွေကို လှူနိုင်ရင်လှူ ပေးကြဖို့နဲ့ မလှူနိုင်ရင်လည်း
သင့်လျော်တဲ့ဈေးနှုန်းနဲ့ ငှားပေးကြဖို့ အကူအညီတောင်းခဲ့တာဖြစ်ပါတယ်နော်။မြန်မာ နိုင်ငံလည်းအမြန်ဆုံး ပြန်လည် ကျန်းမာလာပါစေ။credit;လင်းလက်ကြယ်
Add a Comment
Your email address will not be published. Required fields are marked *