မြေမြှုပ်မိုင်းတွေ ရှာဖွေပေးခဲ့လို့ ရွှေတံဆိပ်ဆု ချီးမြှင့်ပေးအပ်ခံရတဲ့ ကြွက်လေး
Unicode…မြေမြှုပ်မိုင်းတွေ ရှာဖွေပေးခဲ့တဲ့ ကြွက်လေးကို ရွှေတံဆိပ်ဆုချီးမြှင့်ပေးခဲ့
ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲမှု မရှိသေးတဲ့တခြားလက်နက် ပစ္စည်းတွေကို ရှာဖွေပေးခဲ့တဲ့ ကြွက်ကို တိရစ္ဆာန်ဆိုင်ရာဆုပေးရေး အဖွဲ့(PDSA)က
ရွှေတံဆိပ်ဆု ချီးမြှင့် လိုက်တယ်လို့ သိရပါတယ်နော်။ အဆိုပါ ကြွက်လေးကို ပရဟိတ အဖွဲ့တစ်ခု ကနေပြီးတော့ သင်တန်းပေးခဲ့ပြီးကတည်းက မြေမြှုပ်မိုင်း ၃၉ ခုနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်း ၂၈ ခုကို
ရှာဖွေပေးခဲ့ တာဖြစ်ပါတယ်လို့ သိရပါတယ်။ ကြီးမားတဲ့ အာဖရိကကြွက်အမျိုးအစားဖြစ်တဲ့ အဲဒီကြွက်လေးကိုတော့ မာဂါဝါလို့ အမည်ပေးထားတာဖြစ်ပါတယ်နော်။
မြေမြှုပ်မိုင်း ဆန့်ကျင် တားဆီးရေးအဖွဲ့(APOPO)ဟာ ကြွက်ကို နှစ်နဲ့ချီ သင်တန်းပေးခဲ့ တာဖြစ်ပြီးတော့ ကမ္ဘောဒီးယား၊ အင်ဂိုလာ၊ မိုဇန်ဗစ်နဲ့ ဇင်ဘာဗွေနိုင်ငံတွေမှာလဲ အဆိုပါကြွက်က မြေမြှုပ်မိုင်းတွေ ရှာဖွေပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်နော်။ Source: AP
Add a Comment
Your email address will not be published. Required fields are marked *