တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆးကုိ ေရွ႕ႏွစ္အေစာပိုင္းတြင္ ရနိုင္မည္ ဟုသိရ

တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆးကုိ ေရွ႕ႏွစ္အေစာပိုင္းတြင္ ရနိုင္မည္ ဟုသိရ

COVID-19 ကာကြယ္ေဆး ထုတ္လုပ္ေနတဲ့ တ႐ုတ္ေဆးဝါးကုမၸဏီတခုဟာ သူတို့ရဲ့ေဆးေတြကုိ ေရွ႕ႏွစ္အေစာပိုင္းေလာက္မွာ အေမရိကန္အပါဝင္ တကမၻာလုံးဆီ ျဖန႔္ခ်ီဖို့အတြက္ အဆင္သင့္ ျဖစ္လာနိုင္တယ္လို့

ၾကာသပေတးေန႔မွာ ေျပာျကားခဲ့တာဘဲျဖစ္ပါတယ္။ တ႐ုတ္ေဆးဝါးကုမၸဏီျဖစ္ေသာ the SinoVac Biotech Ltd ရဲ့ အမွုေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ Yin Weidong ဟာ အဲဒီလိုေျပာလိုက္တာျဖစ္ၿပီးေနာက္ တတိယအဆင့္နဲ႔ ေနာက္ဆုံးအဆင့္ လူေတြကိုစမ္းသပ္မွုၿပီးတာ

အေမရိကန္ျပည္ေထာင္စုဆီ ေရာင္းခ်နိုင္ဖို့အတြက္ အေမရိကန္ အစားအစာနဲ႔ေဆးဝါးဌာနဆီ တင္ျပထားၿပီးျဖစ္တယ္လို့ေျပာျကားခဲ့ပါတယ္။ ဒီအစီစဥ္ဟာ စလုပ္စဥ္တုန္းမွာ တ႐ုတ္နဲ႔ ဝူဟန္ေဒသကို အဓိကစဥ္းစားခဲ့တာလို့ ဆုိပါတယ္။ ဇြန္ ဇူလိုင္ေရာက္ေတာ့

ဒီေရာဂါဟာ တကမၻာလုံးနဲ႔ဆိုင္လာတဲ့အတြက္ က်ေနာ္တို့ရဲ့ ဗ်ဳဟာဟာလည္း တ႐ုတ္ကိုဘဲ ဦးတည္တာမဟုတ္ေတာ့ဘဲ ကမၻာ့ ေဒသအသီးသီးဆီဦးတည္လာပါတယ္ လို့ သူက ေျပာျကားခဲ့တာပါ။

ယခု ေဆးကို နိုင္ငံအသီးသီးရဲ့ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ မွတ္ပုံတင္သြားဖို့ သူတို့ကုပဏီက ရည္ရြယ္ ထားၿပီးေတာ့ အဲဒီလိုလုပ္နိုင္မွသာ တကမၻာလုံးရင္ဆိုင္ေနရတဲ့ ေရာဂါဆိုးကို တိုက္ဖ်က္နိုင္မွာျဖစ္တယ္လို့ Yin Weidong က ေျပာျကားခဲ့ပါတယ္။

SinoVac ကုမၸဏီဟာ ထိပ္တန္းတ႐ုတ္ေဆးဝါးကုပဏီ ၄ ခုထဲက တခုျဖစ္ၿပီးေတာ့ အစိုးရပိုင္ SinoPharm နဲ႔ စစ္တပ္ပိုင္ CanSino ကုမၸဏီေတြဟာလည္း ထင္ရွားပါတယ္။

ယခု ေဆးအတည္ျပဳနိုင္ေရးကုိ လူေပါင္း 24,000 ေက်ာ္ကို ဘရာဇီး၊ တူရီကီ၊ အင္ဒိုနီးရွားတို့မွာ စမ္းသပ္ေနၿပီးေတာ့ ေနာက္ထပ္မွာလည္း ဘဂၤလားေဒ့ရွ္နဲ႔ ခ်ီလီတို့မွာ ဆက္လက္ စမ္းသပ္သြားဖို့ရွိတယ္လို့ သူက ေျပာျကားပါတယ္။

အစဥ္အလာအားျဖင့္ဆိုရင္ေတာ့ အေမရိကန္၊ ဥေရာပ၊ ဂ်ပန္နဲ႔ ၾသစေတလ်တို့ဟာ တ႐ုတ္ရဲ့ ေဆးဝါးေတြ သူတို့နယ္ေျမထဲ တင္သြင္းခြင့္ကို တင္းက်ပ္ ပိတ္ပင္ထားေလ့ရွိပါတယ္။ ဒါေပမယ့္ အခုလိုမ်ဳိး ကိုဗစ္ျဖစ္ေနခ်ိန္မွာေတာ့ အရင္ကသေဘာထားေတြ ေျပာင္းသြားလိမ့္မယ္လို့ သူ ေမၽွာ္လင့္တယ္ ဆိုၿပီး တ႐ုတ္ေဆးဝါးကုပဏီအရာရွိကေျပာျကားခဲ့တာပါ။

ယခု ေဆးနဲ႔ပတ္သက္ၿပီးေတာ့ နိုင္ငံေပါင္း ၁၀၀ ေက်ာ္မွာ မွတ္ပုံတင္ရေအာင္လုပ္ေရးဟာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ၾကာေကာင္းၾကာနိုင္ပါတယ္။ ဒီအခက္အခဲဟာ SinoVac ကုပဏီအတြက္တင္မဟုတ္ဘူး။

နိုင္ငံအသီးသီးဖက္မွာလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ကိုဗစ္ကာကြယ္ေဆး နိုင္ငံအားလုံးဆီ ျမန္ျမန္ ေရာက္နိုင္ေအာင္ နိုင္ငံအသီးသီးနဲ႔ က်ေနာ္တို့ၾကားမွ

ာ သေဘာထားႀကီးစြာ ပူးေပါင္းေဆာင္ရြက္မွု လုပ္ေဆာင္ဖို့လိုေနပါတယ္လို့ Yin Weidong က တိုက္တြန္းေျပာျကားခဲ့တယ္လို့ သိရပါတယ္။Source: AP

Unicode…တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးကို ရှေ့နှစ်အစောပိုင်းတွင် ရနိုင်မည် ဟုသိရ

COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ တရုတ်ဆေးဝါးကုမ္ပဏီတခုဟာ သူတို့ရဲ့ဆေးတွေကို ရှေ့နှစ်အစောပိုင်းလောက်မှာ အမေရိကန်အပါဝင် တကမ္ဘာလုံးဆီ ဖြန့်ချီဖို့အတွက် အဆင်သင့် ဖြစ်လာနိုင်တယ်လို့

ကြာသပတေးနေ့မှာ ပြောကြားခဲ့တာဘဲဖြစ်ပါတယ်။ တရုတ်ဆေးဝါးကုမ္ပဏီဖြစ်သော the SinoVac Biotech Ltd ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Yin Weidong ဟာ အဲဒီလိုပြောလိုက်တာဖြစ်ပြီးနောက် တတိယအဆင့်နဲ့ နောက်ဆုံးအဆင့် လူတွေကိုစမ်းသပ်မှုပြီးတာ

အမေရိကန်ပြည်ထောင်စုဆီ ရောင်းချနိုင်ဖို့အတွက် အမေရိကန် အစားအစာနဲ့ဆေးဝါးဌာနဆီ တင်ပြထားပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီအစီစဉ်ဟာ စလုပ်စဉ်တုန်းမှာ တရုတ်နဲ့ ဝူဟန်ဒေသကို အဓိကစဉ်းစားခဲ့တာလို့ ဆိုပါတယ်။ ဇွန် ဇူလိုင်ရောက်တော့

ဒီရောဂါဟာ တကမ္ဘာလုံးနဲ့ဆိုင်လာတဲ့အတွက် ကျနော်တို့ရဲ့ ဗျုဟာဟာလည်း တရုတ်ကိုဘဲ ဦးတည်တာမဟုတ်တော့ဘဲ ကမ္ဘာ့ ဒေသအသီးသီးဆီဦးတည်လာပါတယ် လို့ သူက ပြောကြားခဲ့တာပါ။

ယခု ဆေးကို နိုင်ငံအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မှတ်ပုံတင်သွားဖို့ သူတို့ကုပဏီက ရည်ရွယ် ထားပြီးတော့ အဲဒီလိုလုပ်နိုင်မှသာ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ရောဂါဆိုးကို တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ Yin Weidong က ပြောကြားခဲ့ပါတယ်။

SinoVac ကုမ္ပဏီဟာ ထိပ်တန်းတရုတ်ဆေးဝါးကုပဏီ ၄ ခုထဲက တခုဖြစ်ပြီးတော့ အစိုးရပိုင် SinoPharm နဲ့ စစ်တပ်ပိုင် CanSino ကုမ္ပဏီတွေဟာလည်း ထင်ရှားပါတယ်။

ယခု ဆေးအတည်ပြုနိုင်ရေးကို လူပေါင်း 24,000 ကျော်ကို ဘရာဇီး၊ တူရီကီ၊ အင်ဒိုနီးရှားတို့မှာ စမ်းသပ်နေပြီးတော့ နောက်ထပ်မှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ချီလီတို့မှာ ဆက်လက် စမ်းသပ်သွားဖို့ရှိတယ်လို့ သူက ပြောကြားပါတယ်။

အစဉ်အလာအားဖြင့်ဆိုရင်တော့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ သြစတေလျတို့ဟာ တရုတ်ရဲ့ ဆေးဝါးတွေ သူတို့နယ်မြေထဲ တင်သွင်းခွင့်ကို တင်းကျပ် ပိတ်ပင်ထားလေ့ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကိုဗစ်ဖြစ်နေချိန်မှာတော့ အရင်ကသဘောထားတွေ ပြောင်းသွားလိမ့်မယ်လို့ သူ မျှော်လင့်တယ် ဆိုပြီး တရုတ်ဆေးဝါးကုပဏီအရာရှိကပြောကြားခဲ့တာပါ။

ယခု ဆေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ မှတ်ပုံတင်ရအောင်လုပ်ရေးဟာ ဆယ်စုနှစ်နဲ့ချီပြီး ကြာကောင်းကြာနိုင်ပါတယ်။ ဒီအခက်အခဲဟာ SinoVac ကုပဏီအတွက်တင်မဟုတ်ဘူး။

နိုင်ငံအသီးသီးဖက်မှာလည်း ရှိနေပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး နိုင်ငံအားလုံးဆီ မြန်မြန် ရောက်နိုင်အောင် နိုင်ငံအသီးသီးနဲ့ ကျနော်တို့ကြားမှ

ာ သဘောထားကြီးစွာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့လိုနေပါတယ်လို့ Yin Weidong က တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: AP

Add a Comment

Your email address will not be published. Required fields are marked *